ဖေဖေါ်ဝါရီ
၎ရက် မနက်ပိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (မန္တလေး) ရန်ပုံငွေ
ပွင့်သစ်လွင်ပြင် ပန်းချီပြပွဲ ဖွင့်ပွဲအား ဒေါ်အောင်ဆန်းစုကြည်
မဖွင့်လှစ် ပေးနိုင်ခဲ့သော်လည်း ဟံသာဝတီ ဦးဝင်းတင် နှင့် မဟာအောင်မြေတွင်
ဝင်ရောက် ယှဉ်ပြိုင်မည့် ဦးအုန်း ကြိုင်တို့က ဖွင့်လှစ် ပေးခဲ့သည်။ MAF
မြန်မာ ပန်းချီ မျက်ဝန်း(မန္တလေး) အနုပညာရှင် တစ်ရာကျော် တို့ ၏
ပန်းချီကားများနှင့်  ပန်းပုတို့  ပြသခဲ့ရာ ပြပွဲဖွင့်လှစ်ပြီး နာရီပိုင်း
အတွင်း ဒေါ်အောင်ဆန်းစုကြည် ပန်းချီကားကို ကျပ်သိန်း ၂၀ ၊ ၁၀သိန်း တို
့ဖြင့်ဝယ်ယူသွားကြ ပြီး တရုတ်နိုင်ငံ သားတစ်ဦး က ဒေါ်အောင်ဆန်း စုကြည် ပုံ
ပန်းချီကား နှင့် ပုဂံဘုရားများပုံ ပန်းချီကား ၂ချပ် ကို ကန်ဒေါ်လာ ၃၀၀
စီဖြင့် ၀ယ်ယူ အားပေးခဲ့ကြောင်းသိရသည်။


0 comments:
Post a Comment