
ကြို့ပင်ကောက်မြို့
တကယ်လိုအပ်ရင် ပြည်သူ လူထုကြီးက သတ္တိရော၊ စည်းကမ်း ရှိမှုဆိုတဲ့ ဒီမိုကရေစီ အမူအကျင့် တွေရောရှိတယ်ဆိုတာကို ပြနိုင် မှာပါ။ အခုဆိုရင် ဘာအနှောင့်အ ယှက်၊ ဘာအတားအဆီးမှ မရှိ တော့ပါဘူး။ ဘာလို့လဲဆိုတော့ အမေ့အိမ်ပြန်လာတဲ့ သားတစ်ယောက်ကို ဘယ်သူမှ တားခွင့်မရှိဘူး။ ကျွန်တော်တို့ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီ အချိန်အထိ အလုပ်လုပ်နိုင်သေး တယ်ဆိုတာကလည်း ပြည်သူ လူထုရဲ့ ထောက်ခံမှု ရှိနေတဲ့လူဟာ ပြည်သူ လူထုရဲ့ အသည်းနှလုံးပါ။
ပြည်သူလူ ထုက ဘယ် လိုလူတွေ ဘက်မှာ ရှိလဲဆိုတာ ရိုးရိုးလေးပဲ စဉ်းစားကြည့်တယ်။ ပြည်သူနဲ့အတူ အသက်ရှူမယ်။ နေစရာရှိရင် အတူတူနေမယ်။ ရယ်စရာရှိရင် အတူတူရယ်မယ်။ ဒုက္ခ သုခတွေကို အတူခံစားမယ် ဆိုတဲ့သူတွေကို ပြည်သူတွေက မယုံကြည်ကြဘူးလား။
လက်ပံတန်းမြို့
အခုလို ပန်းစည်း တွေပေးတဲ့ အခါ အနှစ် (၂ဝ) ထောင် ထဲမှာနေလာတဲ့ သူတစ်ယောက် အတွက် ဒီလို မေတ္တာ စစ်စစ်နဲ့ပေးတဲ့ ပန်းစည်း ဟာ ငွေကြေးတန်ဖိုး
မရှိပေမယ့် မေတ္တာ၊ ကရုဏာ တွေ လွှမ်းခြုံနေတဲ့ ပန်းစည်းဖြစ်နေ တယ်။
သာယာဝတီမြို့
မီဒီယာသမားတွေ ကိုယ်တိုင် လွတ်လပ်ချင်မှာပါ။ ဘက်နှစ်ဖက်က အမြဲရှိတယ်၊ နှစ်ဖက်လုံးကို ဖော်ပြသင့်တယ်။ ဘယ်အကြောင်း အရာ မဆိုပါ။ ပြည်သူနဲ့ တိုက်ရိုက် ဆက် ဆံတဲ့အခါ အတွေးအမြင်က နှစ် ဖက်ရှိတယ်။
တိုက်ကြီးမြို့
ပြည်သူလူထု ယုံကြည်တာက သူတို့ကို အမှန်တကယ် လုပ် ပေးမယ့် သူတွေကိုပါ။ တော်တော် လေးလည်း လက်တွေ့ကျတယ်။ နိုင်ငံရေးဆိုတာက အများအတွက် လုပ်တာပါ။ တစ်ပိုင်တစ်နိုင် ပရ ဟိတ လုပ်ငန်းတွေက စလို့ရပါ တယ်။ နယ်ပယ်တစ်ခုမှာ လုပ်နိုင်ရင် ပြည်သူရဲ့ ယုံ ကြည်မှုကို ရနိုင်ပါပြီ။ ဥပမာ၊ သွေးလှူတာမျိုးဆို ပြည်သူက သွေးလိုအပ်လာရင် သည်အဖွဲ့ကို အားကိုးလာမယ်။
မှော်ဘီမြို့
သာမန်ပြည်သူက အင်မတန် ရိုးရှင်းတယ်။ အခွင့်ထူးခံတာကို မကြိုက်နှစ်ကြဘူး။ ခွန်အားရှိသမျှ စိုက်ထုတ်သမျှ အသီးအပွင့်ကို တော့လိုချင်ကြပါတယ်။ ဒီမိုကရေစီ အကျင့်တွေကို ကြိုးစားလေ့ကျင့် ခဲ့ပြီးပါပြီ။ ပြုပြင်ပြောင်းလဲရေး လုပ် ချင်တဲ့သူတွေကို လက်တွဲဖို့ ဝန် မလေးပါနဲ့။ ရင့်ကျက်ဖို့လည်း လိုပါပြီ။
မြောက်ဥက္ကလာပ
ပထမတစ်ခေါက် ၁၆ နှစ်၊ ဒုတိယတစ်ခေါက် ၅ နှစ်လောက် နေပြီးပါပြီ။ အဲဒီလူတစ်ယောက်က တကယ်ဆို လဲသွားဖို့ ရှိတယ်။ ပြည်သူ လူထုသာလျှင် အရာရာရဲ့ အခရာ ဖြစ်တယ်။
အမေ့အိမ်ရှေ့ (တောင်ဥက္ကလာ)
မိဘအရင်းတွေနဲ့ ထပ်တူထပ်မျှ ဖြစ်တဲ့ ပြည်သူလူထုကြီး ရှိတယ်ဆိုတာ ယုံကြည်လို့ ဒီနေ့ထိ နေနိုင်ခဲ့တာပါ၊ ပြည်သူက ဒုတိယ မိဘပဲ ဖြစ်ပါတယ်၊ အရင် အချိန်တွေ တုန်းက တိတ်တဆိတ် အိမ် ကို ပြန်ခဲ့ရတယ်။ အခုတော့ ခေတ် ပြောင်းသွားပါပြီ။
.
0 comments:
Post a Comment