အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်က နာမည်ကျော် လူရွှင်တော် ဇာဂနာအား NLD ပါတီဝင်ရန် ဖိတ်ခေါ်လိုက်သည်။
NLD တွင် ပညာတတ်လူငယ်ကင်းမဲ့နေကြောင်း
မကြာသေးခင်က ပေါ်ပေါက်လာသည့် ဇာဂနာ၏ အငြင်းပွားဖွယ် ပြောဆိုချက်နှင့်
ပတ်သက်ပြီး ဧရာဝတီက အင်္ဂါနေ့က ဆက်သွယ် မေးမြန်းစဉ် ဦးဝင်းတင်က ထိုသို့
တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။
“ကိုဇာဂနာကို ဖိတ်ချင်တယ်။ လာပါ ကိုဇာဂနာ။ ကိုဇာဂနာတို့ ၀င်လုပ်ကြပါ။
NLD မှာ ၀င်လုပ်ပါ။ ဒီပွဲကြီးဟာ ကျနော်တို့ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ပွဲ
ဖြစ်ပါတယ်” ဟု ဦးဝင်းတင်က ဆိုသည်။
“နည်းတယ်၊ များတယ်ဆိုတာက အထင်အမြင်ကို ပြောတာပေါ့ဗျာ၊ ကျနော်က
နည်းတယ်တို့၊ များတယ်တို့၊ အတိုင်းအတာတွေကို မပြောချင်ဘူး။ နည်းတယ်
ပြောနေသူတွေ များများ ၀င်ပြီးဆောင်ရွက်ဖို့ လိုတယ်” ဟု ဦးဝင်းတင်က
ဆက်ပြောသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့က ဘန်ကောက်မြို့ သတင်းစာ ရှင်းလင်းပွဲတွင် လူရွှင်တော်
ဇာဂနာက မြန်မာလူငယ်များ အတွက် အလုပ် လုပ်မည်ဖြစ်ကြောင်း၊ မြန်မာ
လူငယ်အများစုမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတ မရှိကြောင်း၊
NLD တွင်လည်း အသက် ၄၀ အောက် ပညာရှင်၊ ပညာတတ်များ မရှိကြောင်း
ပြောဆိုခဲ့သည်။
ဇာဂနာ ထိုင်းနိုင်ငံသို့ ခေတ္တရောက်ရှိစဉ် ထိုသို့
မှတ်ချက်ချလိုက်ခြင်းကို အင်တာနက် လူမှု ကွန်ရက် စာမျက်နှာများ၊
မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူများကြားတွင် ငြင်းခုန် ဆွေးနွေးနေကြသည်။
NLD ခေါင်းဆောင် ဦးဝင်းတင်ကမူ ပါတီတွင် ပညာတတ်၊ ပညာရှိများ သာမက အလွှာ အသီးသီး ပါဝင်နေသည်ဟု ဆိုသည်။
“ဘွဲ့ ၂ ထပ်ကွမ်း၊ ၃ ထပ်ကွမ်း၊ ပါရဂူဘွဲ့ ရတဲ့လူတွေလည်း လိုတယ်။
အရေးကြီးတာက ဘွဲ့ရခြင်း၊ မရခြင်း၊ အင်္ဂလိပ်လို တတ်ခြင်း၊ မတတ်ခြင်း၊ ဒါကို
ပြောတာ မဟုတ်ဘူး။ လိုတာက ပညာတတ်တွေ လိုတာ။ ပညာတတ်တယ် ဆိုတာက
လူထုအကျိုးကိုပြုနိုင်တဲ့၊ ပညာတွေ အမျိုးစုံ တတ်တဲ့သူတွေ လိုတာ။
ဒါပေမယ့်လို့ အဲဒီ ပညာတတ်တွေနဲ့ချည်း လုပ်လို့ မပြီးပါဘူး”ဟု သူက ဆိုသည်။
နိုင်ငံခြားတွင် ပညာ သွားရောက် သင်ယူပြီး ပြန်မလာသူများရှိကြောင်း၊
ပညာတတ်များ ပါတီ ၀င်ရုံသာမက အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်ကြောင်း
ဦးဝင်းတင်က ပြောသည်။
NLD သည် သောကြာနေ့က ရွေးကောက်ပွဲ ကော်မရှင်တွင် ပါတီအဖြစ်
မှတ်ပုံတင်ခဲ့ပြီး ပါတီ ၀င်လိုသူများကို ဖိတ်ခေါ်လျက်ရှိသည်။ NLD တွင်
နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သူများလည်း ပါတီဝင်ဖြစ်ရေးအတွက် ပြန်လည်
လျှောက်လွှာတင်ရမည်ဟု NLD က ဆိုသည်။
အနာဂတ် NLD တွင် လူကြီးပိုင်းက နာယက နေရာများတွင်သာ တာဝန် ယူသွားမည်ဖြစ်သည်ဟု ဦးဝင်းတင်က ပြောသည်။
“လူငယ်ပိုင်းတွေကို တိုးတိုးပြီး နေရာပေးသွားဖို့ ကျနော်တို့
သဘောထားရှိတယ်။ လူငယ်ပိုင်းတွေ ၀င်ဦးဆောင်ကြတဲ့ အခါ လူကြီးပိုင်းတွေကလည်း
ဖယ်ပေးသွားကြမှာဖြစ်တယ်” ဟု သူက ဆိုသည်။
ထိုသဘောထားသည် ပြီးခဲ့သည့်နှစ်ကုန်ပိုင်း ဒေါ်အောင်ဆန်းစုကြည်
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်စဉ် ပထမဆုံး ပြုလုပ်သည့် NLD ထိပ်တန်း
ခေါင်းဆောင်များ အစည်းအဝေးတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
ဤအတောအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် အစိုးရတို့၏
ဆက်ဆံရေး ကောင်းမွန်လာပြီး ပါတီအား ကော်မရှင်တွင် မှတ်ပုံတင်လိုက်သဖြင့်
အလွှာအသီးသီးမှ လူထုက ကြောက်ရွံ့မှု မရှိကြတော့ဘဲ လာရောက် ထိတွေ့
ဆက်ဆံနေကြကြောင်း၊ NLD ပိုမို အားကောင်းစေရန် မည်သူ့ကို မဆို
တံခါးဖွင့်ထားကြောင်း ဦးဝင်းတင်က ဆက်ရှင်းပြသည်။
ဝန်းရံလာသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်
ဓာတ်ပုံတွဲရိုက်လိုသူများ၊ ကိုယ်ကျိုးရှာသူများ၊ အမတ်ဖြစ်လိုသူများလည်း
ပါလာနိုင်ကြောင်း သူက ဆိုသည်။
“ကျနော်တို့ပါတီကို အပြင်လူတွေ ၀င်လာနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က
အလွန် အင်မတန်အားကောင်းတဲ့၊ ဆွဲဆောင်အား ရှိတော့ လူတွေလည်း ပိုပြီး
ဝန်းရံလာကြတဲ့ အခါကျတော့ ဒီလို ၀န်းရံလာတဲ့သူတွေကို တွန်းဖယ်တာတို့
ကျောခိုင်းတာတို့ ကျနော်တို့ မလုပ်ချင်ဘူး” ဟု သူက ဆိုသည်။
NLD ပါတီကို ၀န်းရံသူ များလာခြင်းသည် နိုင်ငံအတွက်လည်း အကျိုးရှိစေသည်ဟု သူက ပြောသည်။
Credit/Irrawaddy
.
.
skip to main |
skip to sidebar
Thursday, December 29, 2011
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
လက်ရှိအစိုးရရဲ့ အကြီးဆုံးအတိုက်အခံ NLD ရဲ့ ရွေးကောက်ပွဲဝင်မှု ရလာဒ်တွေကို ပြန်ငဲ့ကြည့်ရင် ၁၉၉၀ ခုနှစ်မှာ ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းနဲ့ အမတ် ၈၀ ရာခ...
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
T ယနေ့(၈-၆-၂၀၁၂) ညနေ (၃)နာရီခန့်အချိန် စစ်တွေမြို့မှ မှန်စီသုသာန်သို့ အသုဘချပြီး ပြန်လာသော ယာဉ်တန်းများကို ကားလမ်းေ...
-
Date 24 July 2007 It was a fine and sunny morning in a town in North West Essex, some 50 miles from London, called Saffron Walden. The Mayor...
-
Election Guide Type your summary here. Type the rest of your post here.
-
နိုင်ငံအကြီးအကဲများ နေ့ စားအလုပ်သမားတို့ ၏ ဘ၀ကိုနားမလည် ကျောသားရင်သားမခွဲခြားနဲ့  ၂၅-၂-၂၀၁၂ အခု မြန်မာနိုင်ငံမှာ ဥပဒြေ...
-
မြန်မာစစ်တပ်၏ လူအခွင့်အရေး ချိုးဖောက်မှုများအပေါ် အခြေခံ၍ ရိုက်ကူးထားသော ရမ်ဘို အပိုင်း၎ ( Rambo Iv: Pearl of the Cobra) တွင် မြန်မာစစ်ဗိုလ်အ...
-
ဝင့်သင်ဇာကျော် (မြစ်မခ) ဇွန် ၁၀ ၊ ရန်ကုန်မြို့။ ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်တွင် ရခိုင်တိုင်းရင်းသားများအနေဖြင့် ဘင်္ဂလ...
-
ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား မင်းသုဝဏ် [၁၉၀၉ - ၂၀၀၄] ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့တွင် အဖ ကုန်သည် ဦးလွ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
0 comments:
Post a Comment