နိုဝင်ဘာ ၂၉၊ ရန်ကုန်မြို့။
နိုဝင်ဘာလ ၂၄ရက်နေ့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပထမဆုံးအကြိမ် (MSM)လိင်တူ ဆက်ဆံသူများ အဖွဲ့အစည်းမှ miss စာနာမှုစေတနာပြိုင်ပွဲအား မော်လမြိုင် Strand Hotelတွင် စာနာမှု စေတနာအဖွဲ့မှ ပြုလုပ်ကျင်းပ ခဲ့ကြောင်း သိရှိရသည်။
``စာနာမှုစေတနာပြိုင်ပွဲက မော်လမြိုင်မှာ ပထမဆုံးကျင်းပတာပါ၊ အရင်ကဆိုရင် ကျွန်မတို့ တစ်တွေကို တော်တော်လေးအနိမ်ခံခဲ့ရတယ်၊ အခုလို အင်ဂျီအိုတွေရဲ့အကူအညီကြောင့် ပေါ်ပေါ်တင်တင် လူလုံးပြ ရဲလာတယ်´´ ဟု မော်လမြိုင်မြို့မှ အလှဖန်တီးရှင်တဦးက ပြောသည်။
၎င်းပြိုင်ပွဲအား HIV/AIDS Alliance, Care Myanamr , အစရှိသည့်ကျမ်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာလူမှုရေးအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ ကူညီပံ့ပိုးပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲအား မော်လမြိုင်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များနှင့် ထားဝယ်၊ဘားအံ့မြို့ကိုယ်စားပြု အလှမယ်(၃၄)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
အလှမယ်ရွေးချယ်ပွဲနှင့်အတူ ဖျော်ဖြေမှုအစီများအနေဖြင့် တေးဂီတအစီစဉ်များ၊ တစ်ခန်းရပ်ပြဇတ်များ၊ အကအလှဖျော်ဖြေမှုများနှင့်အတူ ဖက်ရှင်ရှိုးပွဲများကိုလည်း ထည့်သွင်းကျင်းခဲ့သည်။
အဆိုပါပွဲသို့တက်ရောက်သူဦးရေ -၅၀၀ ၀န်းကျင်ရှိပြီး၊ စာနာမှုစေတနာ ပြိုင်ပွဲတွင် miss စာနာမှုစေတနာ ဆုအား မော်လမြိုင်မြို့ကိုယ်စားပြုအလှမယ်မှ ရရှိခဲ့ပြီး၊ ထားဝယ်အလှမယ်မှ ဒုတိယဆုနှင့် ဘားအံ့အလှမယ်မှ တတိယဆုများ အသီးသီးဆွတ်ခူးသွားကြောင်း သိရှိရသည်။ု
``အရင်တုန်းက အပုန်းပါ၊ အခု အန်ဂျီအိုတွေရဲ့ အကူအညီနဲ့ပေါ်တင်ပွင့်လာနိုင်တယ်၊ သူတို့ရဲ့ ပံ့ပိုးကူညီမှု တွေကြောင့် HIVနဲ့ဆိုင်တှဲ့ဗဟုသုတတိုးလာတယ်၊ အသိတရားတွေလည်းရလာတယ်´´ဟု မြို့ခံ မိတ်ကပ် ဖန်တီးရှင်တစ်ဦး ကဆိုသည်။
အဆိုပါပြိုင်ပွဲသို့ ကုလသမဂ္ဂအဖွဲ့အစည်းမှ ပြည်နယ်ဝန်ကြီးများဖြစ်သည့် လူမှုရေးဝန်ကြီး၊ဘဏ္ဍာရေးဝန်ကြီးနှင့် ကျမ်းမာရေးဝန်ကြီးဋ္ဌာနတို့မှ တာဝန်ရှိသူများနှင့် ပြည်တွင်းပြည်ပလူမှုရေးအဖွဲ့အစည်းများ စီးပွားရေးလုပ်ငန်းရှင်များ ရပ်ရွာအခြေပြု လှုမှူရေးအဖွဲ့များ(CBO) နှင့် ၀ါသနာရှင်များ စုံစုံညီညီ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

0 comments:
Post a Comment