Friday, December 10, 2010

မြန်မာနိုင်ငံတွင် အမျိုးသမီးများ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှု ပုံမှန်မြင့်တက်နေ




6109
    မြန်မာနိုင်ငံတွင် အမျိုးသမီးများ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှုမှာ ပုံမှန်မြင့်တက်နေကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
   ပုံမှန်မြင့်တက်နေသည်ဟု ဆိုရာ၌ ၁၉၉၄ ခုနှစ်တွင် အိတ်ခ်ျအိုင်ဗွီ ပိုးကူးစက်ခံရသည့် အမျိုးသားရှစ်ဦးတွင် အမျိုးသမီးတစ်ဦး အချိုးနှုန်း ရှိခဲ့ရာမှ ၂၀၀၈ ခုနှစ်တွင် အမျိုးသား ၂ဒသမ ၄ဦးတွင် အမျိုးသမီး တစ်ဦး အချိုးနှုန်းရှိလာခြင်းကြောင့် အမျိုးသမီးများ၌ အိတ်ခ်ျအိုင်ဗွီပိုးကူးစက် ခံရမှု ပုံမှန်မြင့်တက်လာခြင်းကို ဖော်ပြနေခြင်းဖြစ်သည်။
    မြန်မာနိုင်ငံတွင် ကောက်ခံထားသော စာရင်းများအရ အိတ်ခ်ျ အိုင်ဗွီပိုးကူးစက်ခံရသူမှာ ကျေးလက်ထက်မြို့ပြတွင် ပိုမိုတွေ့ရှိရကြောင်း၊ ကူးစက်ခံရမှုအများစုမှာ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်းတွင် ဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းသူများ၌ အိတ်ခ်ျအိုင်ဗွီပိုးကူးစက်ခံရမှု ပိုမိုတွေ့ရှိရကြောင်း သိရသည်။
   ထို့ပြင် ၂၀၀၉ ခုနှစ် အတွင်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ ၂၃၈၀၀၀ ခန့်ရှိသည်ဟု ယူဆရ ကြောင်း၊ ယင်းအနက် ၇၄၀၀၀ ဦး မှာ အိတ်ခ်ျအိုင်ဗွီပိုးပြန့်ပွားမှုကို ဟန့်တားစေသည့် ART ဆေးကုထုံး လိုအပ်သူများဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ် တွင် အေအိုင်ဒီအက်စ် ရောဂါနှင့် ဆက်စပ်နာမကျန်းမှုကြောင့် သေ ဆုံးသူမှာ ၁၇၀၀၀ ခန့်ရှိနိုင်ကြောင်း၊ နှစ်စဉ် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူသစ်မှာ ၁၀၀၀၀ အထက်တွင်ရှိနေ ကြောင်း၊ ယင်းအတွက်ကြောင့် ကူး စက်နိုင်ခြေ အလားအလာ အများဆုံး အခြေအနေတွင် ရှိနေသည့်သူများအား ထိရောက်သည့် ကာကွယ်ရေး လုပ်ဆောင်မှုများကို ဆက်လက် ဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။
   မြန်မာနိုင်ငံတွင် ပထမဆုံး အေအိုင်ဒီအက်စ်ရောဂါ ဖြစ်ပွားသူမှာ မူးယစ်ဆေး သွေးကြောထဲ ထိုးသွင်းသူဖြစ်ကာ ၁၉၉၁ ခုနှစ်တွင် တွေ့ရှိခဲ့သည်။  
.

0 comments: