
၁၉၃၈ ခုနှစ် အမျိုးသားအောင်ပွဲ ကျင်းပနေပုံ
အစိုးရ အဆက်ဆက်က လူငယ်ကျောင်းသားထု၏ စိတ်ဓာတ်ခွန်အားနှင့်ယုံကြည်ချက်ပြင်းပြမှုကို ပြန်လည်အသက်သွင်းလိုခြင်းမရှိသဖြင့် ထိုနေ့၏အစဉ်အလာကို မှေးမှိန်သေးသိမ်အောင် လစ်လျူ ရှု ခဲ့ကြသည်။အမျိုးသားနေ့ကို သာမန် ရုံးပိတ်ရက်၊ကျောင်းပိတ်ရက်တစ်ရက်အဖြစ်သာ ရှိစေခဲ့ပြီး အမျိုးဂုဏ်၊ဇာတိဂုဏ်မြှင့်တင်ပေးသည့် ဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများနှင့် အခြားလှုပ်ရှားမှုများကို ပိတ်ပင်တားမြစ်ထား သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ဤနေ့ထူးနေ့မြတ်ကို အရေးတယူ အထိမ်းအမှတ်ပွဲများ ကျင်းပခြင်းမပြုဘဲ မျက်ကွယ်ပြုနေခြင်းမှာ အမျိုးသားနေ့ စိတ်ဓာတ်များ ယနေ့ခေတ် ကျောင်းသား လူငယ်များထံ စီးဝင်ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်လိုသည့်စိတ်ဓာတ်များ အရှိန်မြင့် လာမည်ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ပါသည်။
အမျိုးသားနေ့ အစဉ်အလာသည် လူငယ်ထုအကြားတွင် ပိုမိုစွဲမြဲစွာ ကိန်းဝပ်ရန်လိုအပ်သဖြင့် အလားတူ လှုပ်ရှားမှုများကို အားပေးနိုင်စေရန်ရည်ရွယ်၍ ယခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ (ဒီဇင်ဘာလ ၁ ရက်) တွင်ကျရောက်မည့် ၉၀ ကြိမ်မြောက် အမျိုးသားနေ့ကို Burmese Women's Union -Japan Branch ၊NLD-LA ( Japan Branch)၊ABSFU -Foreign affairs committe နှင့် အခြားအဖွဲ့စည်းအသီးသီးတို့နှင့် ပူးပေါင်း၍ ကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။
ကျင်းပမည့်နေ့ရက်။။ ။။ ၂၈ရက် နိုဝင်ဘာလ ၂၀၁၀
ကျင်းပမည့်နေရာ။။ ။။ Minami Ootsuka Hall(
ကျင်းပမည့်အချိန်။။ ။။ ညနေ ၆နာရီမှ ည ၉နာရီအထိ
သတင်း။။အာလူးလေး

0 comments:
Post a Comment