Sunday, September 26, 2010

(၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော်ဂျပန်တွင် စည်ကားသိုက်မြိုက်စွာကျင်းပ

(၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ကြီးမှူး၍ ဒီကနေ့ စက်တင်ဘာ ၂၆ရက်၊၂၀၁၀ နေ့တွင် ဂျပန်နိုင်ငံ ဘုရင့်နန်းတော်အနီး HIBIYAပန်းခြံတွင်မနက်၁၁း၀၀တွင် ကျင်းပခဲ့ရာ မြန်မာရိုးရာစားစရာရောင်းချသော ဆိုင်ခန်းများ၊ ခေတ်ပေါ်စင်တင်တေးဂီတ တီးဝိုင်းများ စုံလင်စွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။ပထမဦးစွာသီတင်းကျွတ်ပွဲတော်မကျင်းပမှီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း(၂၂နှစ်ပြည့်)အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ ဥက္ကဌ ဦးသန့်ဇင်ဦးမှ မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကျင်းပတဲ့ ရည်ရွယ်ချက်ရှင်းလင်း၍ သီတင်းကျွတ်ပွဲတော်အား ဖွင့်လှစ်ပေးခဲ့ပါတယ်။ထို့နောက် တိုင်းရင်းသားရိုးရာ အဆိုအကများ၊ဂျပန်လူမျိုးများမှ ဂျပန်တေးဂီတဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊မင်္ဂလာဒိုး အနုပညာအင်အားစု၊ Izzita တေးဂီတအဖွဲ့၊ Black Rose တေးဂီတအဖွဲ့တို့ဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ၀၀၃၃ NTT(over sea Phone Company) မှ ကံစမ်းမဲ ဖောက်ပေးပြီးနောက် ပွဲတော်ကျင်းပရေးကော်မတီတာဝန်ခံ အတွင်းရေးမှူးဦးသောင်းမြင့်ဦး မှ ကျေးဇူးတင်စကားပြောကြားပြီး သီတင်းကျွတ်ပွဲတော်အား ညနေ ၅း၀၀ရီတွင် အောင်မြင်စွာဖြင့် ရုတ်သိမ်းခဲ့ပါတယ်။ ယနေ့ မြန်မာ၊ ဂျပန် ပရိတ်သတ် ၁၀၀၀ကျော် သီတင်းကျွတ် အလွမ်းပြေ လာရောက်အားပေးခဲ့ကြပါသည်။ ရုပ်သံမှတ်တမ်း။။ကိုပွား ဓါတ်ပုံမှတ်တမ်း။။ကိုပွား သတင်း။။အာလူးလေး

0 comments: