Wednesday, September 22, 2010

မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲဓါတ်ပုံနှင့် ရုပ်သံမှတ်တမ်း







ရုပ်သံမှတ်တမ်းများအပြည့်အစုံကြည့်ရှူ့လိုပါကဤနေရာကိုနှိပ်ပါ

မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲကို ယနေ့ ၂၀၁၀ခုနှစ်၊စက်တင်ဘာ၂၁ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ နအဖစစ်အခွန်ရုံးရှေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ပူးပေါင်း ကျင်းပပြုလုပ် ခဲ့ရာ စုစုပေါင်း ၇၀ ကျော်ခန့် ပူးပေါင်းဆန္ဒပြခဲ့ကြပါသည်။ယနေ့ကျင်းပသည့် ဆန္ဒပြအခမ်းအနားတွင် ဂျပန်ရောက် မြန်မာနိုင်ငံသား တစ်ဦးချင်းစီအလိုက် တရားမျှတမှုမရှိသည့် အတုအရောင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် မိမိတို့ဆန္ဒသဘောထားများကို ထုတ်ဖေါ် တောင်းဆိုခဲ့ကြပါသည်။

ဓါတ်ပုံနှင့်ရုပ်သံမှတ်တမ်း။။လှမျိုး(၂)၊၀င်းကျော်ထွေး

0 comments: