အိမ်မွေး တိရစ္ဆာန် ဟမ်းစတား မှ တစ်ဆင့် ပလိပ်ရောဂါ ကူးစက်နိုင်

ကြွက်မှ လူကို ကူးစက်တတ် သော ပလိပ် ရောဂါသည် ကြွက်မျိုး နွယ်ဝင် ဟမ်းစတား အကောင် များ တွင်လည်း ဖြစ်ပွား နိုင်သဖြင့် ဟမ်း စတား များကို အိမ်မွေး တိရစ္ဆာန် အ ဖြစ် မွေးမြူ ကြသော သူများအနေဖြင့် အထူး သတိထား သင့်ကြောင်း သိရ သည်။
“ပလိပ် ရောဂါက ကြွက်ကနေ ကူးစက် နိုင်သလို အိမ်မှာ အလှမွေး ထားတဲ့ ဟမ်းစတား တွေကနေလည်း ကူးစက် နိုင်ပါတယ်။ သူတို့လေး တွေ ကို သန့်သန့်ရှင်းရှင်း ထားဖို့လည်း လိုအပ် ပါတယ်” ဟု အလုံမြို့နယ်မှ တိရစ္ဆာန် ဆေးကု ဆရာဝန် တစ်ဦးက ပြောကြားသည်။