A child soldier wearing a Burmese army uniform (Photo: Yuzo/The Irrawaddy)
တပ်မတော်နှင့် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် တပ်မတော်အတွင်းသို့ ရောက်ရှိ သွားသော အသက် (၁၈)နှစ်အောက် ကလေးသူငယ်များအား အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံနိုင်မှု တစ်နှစ်အတွင်း ဦးရေ ၁၀၀ ရှိခဲ့ကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ရုံးမှ သတင်းရရှိသည်။ “အယောက် ၁၀၀ မြောက် ဖြစ်တဲ့ ကလေး တစ်ဦးကို မေလ ၂၆ ရက်နေ့က အုပ်ထိန်းသူထံ ပြန်လည်အပ်နှံနိုင်ခဲ့ပါတယ် ” ဟု ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးမှ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ စတိ(ဖ်)မာရှယ်က မေလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ (မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ(လိမ်စဉ်ဥပဒေ)၊ အမိန့် ညွှန်ကြားချက်များအရ အသက်(၁၈)နှစ်အောက် ကလေးသူငယ်များ တပ်မတော်အတွင်းသို့ စုဆောင်းမှုကို တားမြစ်ထားကြောင်း သိရသည်။) မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ်ရေး အသိပေးပညာပေး သင်တန်းများကို ပို့ချလျက် ရှိကြောင်းနှင့် သင်တန်းပြုလုပ်ရခြင်းမှာ တပ်သားသစ်များ စုဆောင်းရာတွင် လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်ကျစွာ ဆောင်ရွက်နိုင်ရန်နှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ်ရန် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၄ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
UN မှ ၂၀၀၈ခုနှစ်အထိ စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ၁၈နှစ်အောက်ကလေးစစ်သား ၇၀၀၀၀ကျော်ရှိ ကြောင်း၊ ယခုပြန်လည်အပ် နှံသည့် အရေအတွက်နှင့်ဆိုမပြောလောက်တဲ့အရေအတွက်ဖြစ်ပါတယ် ။။

0 comments:
Post a Comment