သတင်း - မဇ္ဈိမသတင်းဌာန
ရေးသားသူ - ကျော်ခ
7 Day News ဂျာနယ် သတင်းထောက် မအေးသူစံနှင့် သရုပ်ဆောင် ထက်ထက်မိုးဦးတို့ အမှုရုံးချိန်း ယနေ့တွင် ၆ ကြိမ်မြောက် ရှိသွားသော်လည်း မင်းသမီးက တရားရုံးသို့ တကြိမ်မျှ မလာကြောင်း ယင်းဂျာနယ် အယ်ဒီတာတဦးထံမှ သိရသည်။
အမှုအား ရန်ကင်းမြို့နယ် တရားရုံးက ယခင်လ ၂၄ ရက်နေ့က စတင်ကြားနာစစ်ဆေးခဲ့ပြီး ယခုလ ၃ ရက်နေ့မှ နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅ဝ၆ တို့ဖြင့် မအေးသူစံက စွဲဆိုခွင့်ရခဲ့ပြီး တလအတွင်း ရုံးခြိမ်း ၆ ကြိမ်ပြည့်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံကျော်ရုပ်ရှင်မင်းသမီးမှာ တရားရုံးသို့ တကြိမ်မျှ ရောက်မလာခဲ့ဟုဆိုသည်။
“တရားရုံးက ဒီဘက်ကို စစ်တာ ၃ ကြိမ်မြောက် ကတည်းက ပြီးသွားပြီပေါ့နော်။ ဒါပေမယ့် ထက်ထက်မိုးဦးဘက် အပိုင်းကို ခုထက်ထိ ဘာမှကို မလုပ်နိုင်သေးဘူး။ တရားရုံးက ခုထိ သူဆီကို သမ္မာန်စာ ရောက်အောင် မပို့နိုင်သေး ဘူး” ဟု 7 Day News အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။
ယခင်လ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်၌ ပြုလုပ်ခဲ့သော ကုန်စည်ပြပွဲ တခုတွင် ထက်ထက်မိုးဦးက သူ့အား လာရောက် အင်တာဗျူးသည့် သတင်းထောက် မအေးသူစံ၏ မေးခွန်းများကို မနှစ်သက်ဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် သတင်းထောက်က တရားရုံးသို့ ဦးတိုက်လျောက်ထားခဲ့ခြင်း ဖြစ်သည်။
ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကလည်း သူ့ထံသို့ တရားရုံးမှ မည်သည့် အကြောင်းကြားစာမျှ မရောက်ခဲ့သဖြင့် အမှုနှင့်ပတ်သက်၍ ဘာမျှမပြောနိုင်ဟု ဆိုသည်။
“အဲဒီအမှုနဲ့ပတ်သက်လို့ ထက်ထက်ဘာမှ မသိသေးပါဘူး။ ထက်ထက်ကို တရားရုံးက ဘာအကြောင်းကြားစာမှလဲ မပို့ပါဘူး။ ဖုန်းလဲမဆက်ဘူး။ ဖုန်းဆို ၂၄ နာရီ ဖွင့်ထားတာပဲဟာ။ ရုံးချိန်းကကိုယ့်ကို မခေါ်ပဲနဲ့ ကိုယ်ကဘာမှမသိပဲနဲ့ ဘယ်ရုံးကိုသွားပြီး ဘာသွားလုပ်ရမှာလဲနော့” ဟု သူက မဇ္ဈိမကို ပြောသည်။
ရန်ကုန်အခြေစိုက် သတင်းစာဆရာ တဦးကမူ ထက်ထက်မိုးဦး၏ သတင်းထောက်တဦးအပေါ် ပြုမှုပုံသည် သတင်းနှင့် စာနယ်ဇင်းသမားများကိုသာမက ဥပဒေကိုပါ မထီမဲ့မြင်ပြုရာရောက်ပြီး တရားရုံးအနေဖြင့်လည်း ယခုကဲ့သို့ လွှတ်ထားပေးခြင်းသည် စားနယ်ဇင်းသမားများအနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်မဲ့နေသည်ကို ပြသရာရောက်နေသည်ဟု ဆိုသည်။
“ဒီပုံစံက လူသာမန်အချင်းချင်းပဲဖြစ်ပါစေ။ မီဒီယာသမားကိုဖြစ်စေ လည်းပင်းညှစ်လို့ရတယ်။ ရိုက်လို့ ရတယ်။ ဆံပင်ဆွဲလို့ရတယ်။ ပြီးရင် တရားရုံးကဆင့်ခေါ်ရင်လည်း လာစရာမလိုဘူး။ ခပ်အေးအေးနေလို့ရတယ် ဆိုတာဟာ မီဒီယာသမားနဲ့ သတင်းစာဆရာတွေအပေါ်မှာ အလားတူ ဒီလိုတိုက်ခိုက်မှုမျိုးဖြစ်အောင် လွှတ်ပေးထားတဲ့ သဘော မျိုးဖြစ်နေတာပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။
သတင်းထောက် မအေးသူစံက ထက်ထက်မိုးဦးအား ကျေးအေးပြီး တရားစွဲဆိုမှုကို ရုတ်သိမ်းပေးစေရန် စာပေနှင့် စာနယ်ဇင်းအဖွဲ့ အနေဖြင့် ကြားဝင်စေ့စပ်ပေးစေ လိုကြောင်း ဖော်ပြထားသည့် စာတစောင်အား ရုပ်ရှင်အစည်းအရုံးက ရန်ကုန်မြို့တွင် ယနေ့ ပြုလုပ်သည့် စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုကော်မတီ အစည်းအဝေးသို့ ပေးပို့ခဲ့သည်ဟု အစည်းအဝေး တက်ရောက်သူ ကော်မတီအဖွဲ့ဝင်တဦးထံမှ သိရသည်။
ယင်းစာနှင့် ပတ်သက်၍မူ အစည်းအဝေး၌ တစုံတရာဆွေးနွေးခြင်းမရှိဟုလည်း သူကဆိုသည်။
“ကျနော်တို့ကို ပြန်ညှိခိုင်းတဲ့စာ ရောက်နေတာပေါ့နော်။ ကာယကံရှင်ကတော့ မတောင်းပန်ဘူးပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။
ရန်ကုန်မြို့ခံ ဝါရင့်ရှေ့နေကြီးတဦးကမူ ရုံးချိန်းကို ၆ ကြိမ်လောက်ထိ ရှောင်နေသူ ယခင်က မတွေ့ဘူးသေးကြောင်း၊ ဥပဒေအရ အထောက်အထား ခိုင်လုံပါက ကာယကံရှင် နေထိုင်ရာ အိမ်သို့ တရားရုံးမှ တိုက်ရိုက်ဖြစ်စေ၊ ရပ်ကွက် ကော်မတီဥက္ကဌဖြင့်တွဲ၍ဖြစ်စေအကြောင်းကြားခြင်း၊ ရဲကို တာဝန်ပေး ဖမ်းခိုင်းခြင်းတို့ ဆောင်ရွက်နိုင်သည်ဟုဆိုသည်။
“အမှုလက်ခံပြီးတော့ ရုံးချိန်းသတ်မှတ်ပြီး သမ္မာန်စာဆင့်ခေါ်လို့ မလာဘူးဆိုရင် တရားရုံးရှေ့ကို ရောက်လာဖို့ ဝရမ်း ထုတ်ပြီးတော့ ရဲကိုတာဝန်ပေးပြီး ဆင့်ခေါ် ဖမ်းခွင့် ရှိတာပဲ။ အဲဒီလို တရားရုံးက လုပ်ပိုင်ခွင့်ရှိရဲ့သားနဲ့ ဘာဖြစ်လို့ မလုပ်သေးသလဲဆိုတာကတော့ စဉ်းစားစရာဘဲ” ဟု သူက မဇ္ဈိမကို ပြောသည်။
Type the rest of your post here.
skip to main |
skip to sidebar
Tuesday, June 29, 2010
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။

ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
T Myanmar Sexy Dancer, Khay Mi Ko Show Off Her Pantyhose Myanmar Hot and Sexy Dancer, Khay Mi Ko showed off her sexy pa...
-
လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော နာဂစ်မုန်တိုင်းကြီးသည် မြန်မာနိုင်ငံသားများစွာတို့၏ အသက်အိုးအိမ်၊ စည်းစိမ်တ...
-
DVB သတင်းဌာနအနေနဲ့ ဘင်္ဂလားရိုဟင်ဂျာတွေဖက်က လုံးဝရပ်တည်မှာဖြစ်တယ်ဆိုတာကို ဗမာတွေမဖတ်တဲ့ ဒီလိုသတင်းမှာ ဖော်ပြလိုက်ပါတယ်။ (၁) ဘင်္ဂလားဒေ့ရှ်နိုင...
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
၉၀ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီက စစ်အစိုးရ၏ ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ကြေညာချိန်တွင် ပါတီဗဟိုအမှုဆောင်ဟေ...
-
စစ်သားပဲကွာ စစ်တိုက်ရင်းသေတာ ဘာဆန်းလဲ.. အသက်နဲ့ ခန္ဓာ လှူထားပြီးပြီမို့လား.. သေတော့ ဒါနမြောက်သွားတာပေါ့.. ဘာရေးကြီး ခွင်ကျယ်လုပ်နေရမှာလဲ.. သေ...
-
ဒီဇင်ဘာ ၂။ ကျားလေး ဂျပန်နိုင်ငံမှာတော့ ၈၇ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ နှင့် နှစ်(၆၀)မြောက်လွတ်လပ်ရေးနေ့  စိန်ရတုသဘင်အကြို ပွဲ ကို ဒီဇင်...
-
Written by သဇင်ဥ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် စပ်လျဉ်း၍ လုံခြုံရေးအတွက် ရဲစခန်း ၃၀ အား ထပ်မံဖွင့်လှစ်သွားရန...
-
ငရဲ သား ပွင့်လင်းလွတ်လပ်သော ဒီမိုကရေစီခေတ်တွင် နိုင်ငံတိုးတက်ရန် ၀န်ဂျီးများ ပရိတ်တရားနာယူကြသည် ...။ ပွင့်လင်း လွတ်လပ်သော ဒီမိုကရေစီခေတ်တွင်...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
0 comments:
Post a Comment