Wednesday, June 02, 2010

ဝေဖန်သူ ရဲ့ အဓိပ္ပါယ်


“ လောကမှာ လူတွေက ဒီလို ရှိတယ်ကွ။ မင်း ဘောလုံးပွဲ ကြည့်ဖူးလား။ ”

“ ဟုတ်ကဲ့။ ကြည့်ဖူးပါတယ်။ ”

“ ဘောလုံးသမားတွေ ဘယ်လောက် အင်တိုက် အားတိုက် ကြိုးစားကစားကြလဲ တွေ့တယ် မဟုတ်လား။ ”

“ ဟုတ်ကဲ့။ ”

“ သူတို့ ဘယ်လို ကစားပါ့မယ်။ ဘယ်လို ကစားပါတယ် ဆိုပြီး သူတို့ သူများကို ပြောဖူးလား။ ”

“ မပြောကြပါဘူး။ ကြိုးစား ကစားမယ်ပဲ ပြောကြပါတယ်။ ”

“ အေး. . ဟုတ်တယ်။ သူတို့ ပွဲအခြေအနေပေါ်မူတည်ပြီး အင်အားကို ညှစ်ထုတ်ပြီး ကစားကြတယ်လေ။ ”

“ ဟုတ်ပါတယ်။ ဒီလိုပါပဲ။ ”

“ မင်း. . ဘောလုံးပွဲ ဝေဖန်သူ တွေ ဘောလုံးပွဲ မကစားခင် ၊ ဘောလုံးပွဲကစားပြီးမှာ ဝေဖန်တာတွေကိုရော နားထောင်ဖူးလား။ ”

“ ဟုတ်ကဲ့ . .နားထောင်ဖူးပါတယ်။ ”

“ ဘယ်လိုနေလဲ။ ”

“ ဘယ်လိုနေလဲ ဆိုတော့ သူတို့က လက်ရှိ အသင်းရဲ့ လူစာရင်းတွေ အဖြစ်အပျက်တွေကို ခြုံပြီး လေ့လာသုံးသပ် ဝေဖန်တာပါ။ ”

“ ဟုတ်ပြီ။ သူတို့ ပြောသလို အပြင်မှာ တကယ် ဖြစ်လာခဲ့ရဲ့လား။ ”

“ ဒါကတော့ ပြောရခက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဘောပွဲဆိုတာ ဘာမှ အတိအကျပြောလို့ရတာမှ မဟုတ်တာ။ ကိုယ်က ဒီလို ထင်ထားပေမဲ့ တကယ်ကန်တဲ့ အခါမှာ ဖြစ်ချင်မှ ဖြစ်လာတာလေ။ ”

“ ကောင်းတယ် မှန်တယ်။ ဘောပွဲအပြီးမှာရော သူတို့ ထပ်ပြီး ဘောလုံးပွဲကို ဝေဖန်ကြတယ်လေ။ သူတို့ ဝေဖန်တာတွေ မှန်နိုင်လား။ ”

“ ဒါကတော့ သူတို့ အမြင်တွေပါပဲ။ ဥပမာ ဘောလုံးလွဲသွားတယ် ဆိုပေမဲ့ ဘယ်ဘောသမားကမှ ဒီဘောလုံးကြီးကို လွဲစေချင်မှာ မှ မဟုတ်တာ။ အခြေအနေအရသာ လွဲချော်သွားတာ။ ”

“ ဒါပေမဲ့. . ဒီလို ဝေဖန်နေတဲ့ သတင်းကဏ္ဍက ပုဂ္ဂိုလ်တွေက အရင်က ဘောလုံးနဲ့ ပတ်သတ်ပြီး တကယ်ကို ကျွမ်းကျင်ခဲ့သူများပဲ မဟုတ်လား။ ”

“ ဟုတ်ပါတယ်။ သူတို့ဟာ အရင်က ဘောလုံးသမားတွေလည်း ဖြစ်ခဲ့ကြတယ်။ ဘောလုံးနည်းပြ ဆိုသူတွေလည်း ပါတယ်။ ”

“ မှန်တယ်ကွာ။ ငါ အခု မေးလိုက်ပေမဲ့ . . မင်း ပြန်ဖြေတဲ့ အထဲမှာ မင်းဖာသာ အဖြေပြန်ပါသွားပြီပဲ။ တကယ်တော့ ဝေဖန်တယ် ဆိုတဲ့ “ ဝေဖန်သူ ” တွေက သူတို့ မလုပ်နိုင်တော့တဲ့ အရာကိုမှ ပြောနေကြတာပါပဲ။ ဘောလုံးသမားတွေကို ကြည့်လေ အရင်က သူ ကန်နိုင်နေတုန်းမှာ သူက ဘာကို ဝေဖန်နေလို့လဲ သူ့ဖာသာပဲ တစ်နေ့ထက် တစ်နေ့ တိုးတတ်အောင် ကြိုးစားတယ်။ နောက်တော့ သူလည်း မကန်နိုင်တော့ရော သူများ ကန်တာကို ဝေဖန်တော့တာပဲ။

လောကကြီးမှာလည်း ဒီလိုပဲ ကိုယ်လုပ်နိုင်တဲ့ အလုပ်ကို လုပ်နေရရင် သူများကို ဝေဖန်ဖို့ အချိန်မရှိဘူး။ ကိုယ့်မှာ သူများတွေလို မလုပ်နိုင်တော့ဘူး(အသုံးမကျတော့ဘူး)ဆိုရင်တော့ သူများတွေ လုပ်နေတာကို ဝေဖန်တော့တာပါပဲ။

ဒါလေးကို မင်းသဘောပေါက်ထားရင် ဝေဖန်တယ်ဆိုပြီး ခေါင်းစဉ်တပ် ပုတ်ခတ်ပြောဆို လာသူတွေကို ပြုံးပြီး မင်းက ဘာမှ မလုပ်နိုင်တော့ဘူးနော် ဆိုတဲ့ အသိနဲ့ ခံစားကြည့်နိုင်လာလိမ့်မယ်။ ငါပြောချင်တာက ဒါပါပဲ။ ”

ကိုယ့်ယုံကြည်ရာ ကိုယ်လုပ်သင့်လုပ်ထိုက်တာကိုဆက်လုပ်ပါ။ အချိန်တန်ရင် ဒီလူတွေမောသွားမယ်
ကိုဇော်ကိုကျေးဇူးတင်ပါတယ်

0 comments: