Sunday, May 30, 2010

နအဖ စစ်အုပ်စု၏ မတရားသည့် ရွေးကောက်ပွဲ ဥပဒေများ ကန့် ကွက်ဆန္ဒပြခြင်းနှင့် မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၇)နှစ် ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား

၃၀-၀၅-၂၀၁၀ နအဖ စစ်အုပ်စု၏ မတရားသည့် ရွေးကောက်ပွဲ ဥပဒေများ ကန့် ကွက်ဆန္ဒပြခြင်းနှင့် မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၇)နှစ် ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ ကျင်းပခဲ့ပါသည်။ဒီပဲယင်းလုပ်ကြံမှုတွင် နအဖလက်ကိုင်ပါးစေများ၏ရိုက်နှက်သက်ဖြတ်မှု့ ကြောင့်သေဆုံးသွားသူများအတွက် သက်ဆိုင်ရာဘာသာအလိုက် ဘာသာပေါင်းစုံဆုတောင်း မေတ္တာပို့သပြီးနောက် အဖွဲ့စည်းအသီးသီးမှ လွမ်းသူပန်ခွေချခဲ့ပါတယ်။ဒီကနေ့အခမ်းနားသို့ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှ ညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၄၀၀ကျော်ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။
ဓါတ်ပုံ-ဗွီဒီယို မှတ်တမ်း။ ။ကေသီသိန်း,ကိုပွား,ကိုလှမျိုး(၂)၊ ကိုမျိုးဆော သတင်း။ ။(NLD(LA)JB လူငယ်နှင့်ကျောင်းသားရေးရာဌာန)

0 comments: