ဖတ်သင့်တဲ့ ပို့စ်လေးမို့ အားလုံးကို ပြန်မျှဝေပေးလိုက်ပါတယ် ။
ရေးသူ - အောင်ကျော်မိုး
(၁) ကျွန်ုပ်သက်ဝင်ယုံကြည်သောဗုဒ္ဓ၀ါဒသည် လူသားတစ်ဦးချင်းစီ ၏ ပကတိထူးခြားမှု ကို အသိအမှတ်ပြုလေးစားသည်။ သစ္စာအလင်းရောင် သည် ဓမ္မစာပေကျမ်းဂန်းများ ဘာသာရေးဂိုဏ်းဂဏ အစုအမက် များ ၏ ပြင်ပ၌ တည်ရှိ သည်ဟု လက်ခံသည်။ တစ်ပြိုင်တည်းမှာ ဓမ္မစာပေကျမ်းဂန်းများ ဘာသာရေးဂိုဏ်းဂဏ အစုအမက် များ ၏ အသုံးချ တန်ဖိုး ရှိမှု ကို လည်း လက်ခံသည်။သို့သော်လည်း သစ္စာအလင်းရောင်သည် လူသားတစ်ဦးချင်းစီ၏ ဟဒယနှလုံးအိမ် အတွင်း ၌သာ ထွန်းလင်း တောက်ပနိုင်သည် ဟု မြင်ပါသည်။
(၂) ကျွန်ုပ်သက်ဝင်ယုံကြည်သောဗုဒ္ဓ၀ါဒသည် နှစ်ပေါင်း ၂၆၀၀ သမိုင်းကာလ အတွင်း ပထ၀ီဒေသအသီးသီး၌ ပေါ်ထွန်း ခဲ့သော ကောင်းမြတ်သော ဗုဒ္ဓဓမ္မ၏ ဖြစ်ထွန်းတိုးတက်မှု မှန်သမျှ ကို အလေးအနက် အသိအမှတ်ပြုပါသည်။ ပန်းပေါင်း ဝေဆာ ပွင့်ဖူးနေသော ဗုဒ္ဓဓမ္မဥယျာဉ်တော်ကြီး အတွင်းမှ ထေရ၀ါဒ မဟာယာန ၀ဇိရာယာန န၀ယာန စသည့် ပိဋကတ် ဋီကာ အဋ္ဌကထာ သျှတ္တရ များနှင့် အနက်ဖွင့်မှုပေါင်းစုံ တို့၏ အသုံးချတန်ဖိုး ရှိမှု ကို လည်း လက်ခံသည်။ လူသား တစ်ဦးချင်းစီ ၏ ပကတိထူးခြားမှု ကို အသိအမှတ်ပြုလေးစား သောကြောင့် လူသားတိုင်း မိမိဘ၀နေဟန် နှင့် လျှော်ညီ သော ဓမ္မကို ရွေးချယ်ကျင့်သုံးနိုင်မှု ကိုလည်း အခိုင်အမာယုံကြည် ပါသည်။
(၃) ကျွန်ုပ်သက်ဝင်ယုံကြည်သောဗုဒ္ဓ၀ါဒသည် အဓိသီလ အဓိစိတ္တ အဓိပညာ တည်းဟူသော သိက္ခာ (၃) ပါး အားဖြင့် လူသား၏ လွတ်မြောက်မှု နှင့် အဇ္ဈတ္တငြိမ်းအေးမှု ကို မျက်မှောက်ပြုနိုင်သည်ဟု ယုံကြည်သည်။ အဆိုပါ သိက္ခာ (၃)ပါး ဆောက်တည်မှု ကို အခြေခံ သော အခြားသော ဂမ္ဘီရဓမ္မလမ်းစဉ်များ တည်ရှိမှု ကို လည်း အသိအမှတ်ပြုသလို အခြား သော ဂမ္ဘီရဓမ္မလမ်းစဉ်များ နှင့် နိုင်းယှဉ်လေ့လာမှု ၏ အကျိုးတရားကို လည်း ယုံကြည်သည်။ အခြားသော ဂမ္ဘီရဓမ္မ လမ်းစဉ်များ မှ သစ္စာအလင်းဆောင်ပုဂ္ဂိုလ်များ ကို လည်း အလေးအမြတ်ပြု ပါသည်။
(၄) ကျွန်ုပ်သက်ဝင်ယုံကြည်သောဗုဒ္ဓ၀ါဒသည် အတိတ်အဓွန့်ကာလ နှင့် အနာဂတ်ကာလ တို့ ကို မပယ်သော်လည်း ပစ္စုပ္ပန် လူသားဘ၀၏ အရေးပါမှု ကို စူးစိုက်သည်။ လူသားဘ၀၀န်းကျင် နှင့် လူ့ဘောင်အဖွဲ့အစည်း၏ အကျိုးစီးပွား ကို အလေးထားရှုမြင်သည်။ပစ္စုပ္ပန် လူသားဘ၀ ၏ သန့်စင်ကောင်းမြတ်မှု ကို ဂရုပြုဦးတည်ချက်ထားသည်။ လူသား၏ ဆင်ခြင်တုံတရား ယုတ္တိဗေဒပညာ ဒဿနပညာ များ၏ အတိုင်းအတာ ကို လွန်၍ အတိတ် နှင့် အနာဂတ်တို့ ကို အလွန်အကျွံ မှီခိုနေလွန်းခြင်း ကိုမူ အားမပေးပါ။
(၅) ကျွန်ုပ်သက်ဝင်ယုံကြည်သောဗုဒ္ဓ၀ါဒသည် တရားသေ၀ါဒ မျက်ကန်းယုံဝါဒ တစ်ဖက်စွန်းဝါဒ ဟူသမျှကို ဆန့်ကျင် သည်။ လူသား ၏ ပကတိ ဆင်ခြင်တုံတရား ယုတ္တိဗေဒပညာ ဒဿနပညာ များ နှင့် လက်တွေ့ ကျင့်ကြံအားထုတ်မှု ဘာဝနာ လုပ်ငန်း တို့ ကို ဟန်ချက်ညီညီ တည်ဆောက်ရန် ကို အားပေးသည်။ ပိုင်းခြားစိတ်ဖြာဝေဖန်သုံးသပ်မှု နှင့် ထိုးထွင်းသိမြင်မှု တို့၏ ပေါင်းစည်းနိုင်မှု ကို ယုံကြည်သည်။ ထို့ကြောင့် အတွေးသညာဟူသမျှ ပစ်ပယ်သည့် တုဏှိဘောဓမ္မ ကို လက်မခံပါ။ ဆင်ခြင်တုံတရား ယုတ္တိဗေဒပညာ ဒဿနပညာ များ၏ အသုံးဝင်မှုတန်ဖိုး ကို အသိအမှတ် ပြုသော်လည်း အမြင့်ဆုံး ဓမ္မသစ္စာဥာဏ်ပညာ သည် ဆင်ခြင်တုံတရား ယုတ္တိဗေဒပညာ ဒဿနပညာများ၏ အကန့် အသတ် ကို ကျော်လွန်နေသည်ဟုလည်း ရှုမြင်ပါသည်။
(၆) ကျွန်ုပ်သက်ဝင်ယုံကြည်သောဗုဒ္ဓ၀ါဒသည် သမ္မုတိသစ္စာ (အစုအပေါင်းလောက) နှင့် ပရမတ္ထသစ္စာ (အစိတ်အပိုင်း လောက) နှစ်ရပ်စလုံး ၏ နိုင်းရ အရှိတရား ကို လက်ခံသည်။ ယင်းလောက သစ္စာတရား နှစ်ရပ်စလုံး၏ တူညီသော တန်ဖိုးကို အလေးအနက် လက်ခံသည်။ ထို လောက-သစ္စာ နှစ်ရပ်စလုံး ၏ လူသားအတွက် အသုံးဝင်မှု နှင့် ၎င်းတို့ အပေါ် မစွဲလမ်းမတွယ်တာမှု=အရိယသစ္စာ ကိုလည်း လက်ခံသည်။
(၇) ကျွန်ုပ်သက်ဝင်ယုံကြည်သောဗုဒ္ဓ၀ါဒသည် မျက်မှောက်ခေတ် သိပ္ပံပညာ (အထူးသဖြင့် ရူပဗေဒ နှင့် စိတ္တဗေဒ) ၏ ဖြစ်ထွန်းတိုးတက်မှု များနှင့် နှိုင်းယှဉ်လေ့လာမှု ကို အားပေးသည်။ သို့သော်လည်း ဘာသာရေး နှင့် သိပ္ပံပညာ တို့ ၏ လေ့လာပုံနည်းစံနစ် နှင့် ဦးတည်ချက် များ လုံးဝကွာခြားနေမှု ကိုလည်း အသိရောက်သည်။ ဘာသာရေးကို သိပ္ပံပညာ ဖြင့် မတိုင်းတာ မဆုံးဖြတ်သင့်သလို သိပ္ပံပညာ ကို လည်း ဘာသာရေးအမြင်ဖြင့် ကောက်ချက်မချသင့် တန်ဖိုးမဖြတ် သင့် ကြောင်း ယုံကြည်ပါသည်။
(၈) ကျွန်ုပ်သက်ဝင်ယုံကြည်သောဗုဒ္ဓ၀ါဒသည် အာဏာရှင်နိုင်ငံရေးဟူသမျှကို ဆန့်ကျင်ရပ်တည်သည်။ နိုင်ငံရေးအာဏာ နှင့် ဘာသာရေး အဖွဲ့အစည်းများ ထွေးရောယှက်တင် ဖြစ်ခြင်း ကို ရှုတ်ချသည်။ လူသားတို့၏ အခြေခံ ဘာသာရေး လွတ်လပ်ခွင့် (လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်) ကို လေးနက်စွာ ထောက်ခံသည်။ နိုင်ငံရေးအာဏာ အမာ ကို အသုံးပြု၍ အခြေခံ ဘာသာရေး လွတ်လပ်ခွင့် အပေါ် ဖိနှိပ်မှု မှန်သမျှ ကို ရှုတ်ချပါသည်။ ဘာသာရေးအလံ လွှင့်ထူ၍ လူသား အချင်းချင်း တိုက်ခိုက်သတ်ဖြတ်မှု နှင့် မတရား ကျင့်သုံးမှု မှန်သမျှ ကို ရှုတ်ချပါသည်။
(၉) ကျွန်ုပ်သက်ဝင်ယုံကြည်သောဗုဒ္ဓ၀ါဒသည် လောက၏ တရားမျှတမှု ညီညွတ်မှု ချစ်ကြည်မှု လွတ်လပ်မှု စသော လောက ပါလတရားများ ဖြစ်ထွန်းပေါ်ပေါက် ရေးအတွက် ဖြောင့်မတ်သောလူသားတို့၏ အကြမ်းမဖက် ငြိမ်းချမ်းသော ရုန်းကန်မှုများ ကို တန်ဖိုးထား လေးစား သည်။ မိမိ တို့၏ ကာယကံ ၀စီကံ မနောကံ အားဖြင့် ပါဝင်မှု ကို အားပေး ချီးမြောက်သည်။ တရားမျှတမှု ညီညွတ်မှု ချစ်ကြည်မှု လွတ်လပ်မှု စသော လောကပါလတရားများ ဖြစ်ထွန်းပေါ်ပေါက် ရေးအတွက် အတိတ်ကံ အကြောင်းတရား နှင့် သဘာဝလွန်အကြောင်းတရားများအပေါ် ပုံချခြင်း ကို ဆန့်ကျင်ပါသည်။
(၁၀) ကျွန်ုပ်သက်ဝင်ယုံကြည်သောဗုဒ္ဓ၀ါဒသည် သဘာဝတ္ထ သြကာသလောက ၏ ကြီးမြတ်မှု ကို အလေးအမြတ်ပြုသည်။ လူသား၏ ၀ိသမလောဘ အားဖြင့် သဘာဝပတ်ဝန်းကျင် ၏ စွမ်းအင်အရင်းအမြစ်များ ကို အဆင်ခြင်မဲ့ ထုတ်ယူသုံးစွဲမှု ကို ဆန့်ကျင်ပါသည်။ လူသား သည် ဇီဝလောကကြီး တစ်ခု လုံး၏ အစိတ်အပိုင်း တစ်ရပ်ဟူ၍သာ ရှုမြင်ပြီး ဇီဝ လောက ကြီး ၏ ဟန်ချက်ညီမှု ကို မိမိ ပယောဂ ကြောင့် မပျက်စီးစေရန် လူသားတွင် တာဝန်ရှိသည်ဟု ယုံကြည်သည်။
(၁၁) ကျွန်ုပ်သက်ဝင်ယုံကြည်သောဗုဒ္ဓ၀ါဒသည် လူမျိုး အသားအရောင် ဘာသာရေးယုံကြည်မှု ကို အခြေခံသည် ခွဲခြား ဆက်ဆံ မှု မှန်သမျှ ကို ဆန့်ကျင်သည်။ ဘာသာရေးကို အမျိုးသားရေးဝါဒ အိုင်ဒီယိုလိုဂျီ တစ်ခုခု ၏ အောက်၌ နိုင်ငံရေး ဇာတ်အသွင်းခံ ရမှု ကို စက်ဆုပ်ဖွယ်ကိစ္စ အဖြစ် ရှုမြင်သည်။ လူ့ဘောင်လောကတစ်ခု လုံး၏ တစ်စိတ်တစ်ဝမ်းတစ်ကမ္ဘာ အဖြစ် ကို သမိုင်း၏ ဖြစ်သင့်သော ပန်းတိုင် အဖြစ် လက်ခံ သလို သီခြား ယဉ်ကျေးမှုများ ၏ ဗဟုသဘော ဆောင်၍ ငြိမ်းချမ်းစွာ အပြိုင်ရပ်တည်နေမှု ကို လည်း ထောက်ခံသည်။လူသားဝါဒတန်ဖိုးများ ကို အခြေခံသော ပရဟိတစိတ် နှင့် ပရဟိတလုပ်ငန်းများ၏ မွန်မြတ်မှု ကို အလေးအမြတ်ပြုသည်။
(၁၂) ကျွန်ုပ်သက်ဝင်ယုံကြည်သောဗုဒ္ဓ၀ါဒသည် နိဗ္ဗာန် နှင့် သံသရာ=လောကီ နှင့် လောကုတ္တရာ တို့၏ နှစ်ခုမပြား တစ်သားတည်း ဖြစ်မှု ကို ယုံကြည်သည်။ လောကီ နှင့် လောကုတ္တရာ တို့၏ တစ်ဆက်တည်း တစ်ဖြတ်တည်း တစ်စပ်တည်းသော သဘော ကို ယုံကြည်သော ကြောင့် ပကတိအနှစ်သာရအားဖြင့် မကောင်းသော ဆိုးညစ်သော အရာဟူ၍ မရှိဟု အလေးအနက် ခံယူသည်။ လောကီတရားများ ဖြစ်သော လူမှုဘ၀ ကို ဖန်တီးချယ်လှယ်နေသော အလင်းအမှောင် စိတ်စေတသိက်များ နှင့် အနုပညာ ဖန်တီးမှုများ ကို ပကတိအနှစ်သာရအားဖြင့် မကောင်းသော ဆိုးညစ်သောအရာများဟု မယူဆပဲ လူသား၏ အမြင့်ဆုံးသော ပန်းတိုင်ဖြစ်သည့် လွတ်မြောက်ခြင်း ငြိမ်းချမ်းခြင်း နှင့် မေတ္တာတရား တို့နှင့် အလျှော်ဖြစ်စေ နိုင်ရမည်ဟု လက်ခံပါသည်။။ ။
skip to main |
skip to sidebar
--
ဝိမုတ္တိသုခ
www.vimuttisukha.com
www.dhammaflavour.net
www.vimuttirasa.org
www.saddhammaramsi.blogspot.com
www.kathitwinemyanmar.blogspot.com.
သတင်း။။မြတ်လေးငုံ.
Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts
Tuesday, January 15, 2013
Tuesday, December 18, 2012
ဗုဒ္ဓဘာသာကို ကျောင်းသင်ခန်းစာအဖြစ်ပြဌာန်းသင်ကြားဖို့သင့်
ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့
ဗုဒ္ဓဘာသာကို ကျောင်းသင်ခန်းစာအဖြစ်ပြဌာန်းသင်ကြားဖို့သင့်တယ်ဆိုပြီး
ဆွေးနွေးထားတဲ့ပို့စ်မှာ ကိုကြည်စိုး ရေးသွားတဲ့ commentကို သဘောကျလို့ပြန်
လည်မျှဝေလိုက်ပါတ ယ်။
Kyi Soe
မြန်မာ့သမိုင်းတစ်လျှောက်လုံး မြန်မာလူမျိုးအားလုံးဟာ ကိုယ့်မင်းကိုယ့်ချင်း လွတ်လပ်တဲ့လူမျိုး၊ အဆင့်မြင့်တဲ့လူမျိုးအဖြစ် တင့်တင့်တယ်တယ် နေထိုင်နိုင်ခဲ့ကြတာဟာ ဗုဒ္ဓယဉ်ကျေးမှု
ဗုဒ္ဓဘာသာကို ကျောင်းသင်ခန်းစာအဖြစ်ပြဌာန်းသင
ဆွေးနွေးထားတဲ့ပို့စ်မှာ ကိုကြည်စိုး ရေးသွားတဲ့ commentကို သဘောကျလို့ပြန်
လည်မျှဝေလိုက်ပါတ
Kyi Soe
မြန်မာ့သမိုင်းတစ်လျှောက်လုံး မြန်မာလူမျိုးအားလုံးဟာ ကိုယ့်မင်းကိုယ့်ချင်း လွတ်လပ်တဲ့လူမျိုး၊ အဆင့်မြင့်တဲ့လူမျိုးအဖြစ် တင့်တင့်တယ်တယ် နေထိုင်နိုင်ခဲ့ကြတာဟာ ဗုဒ္ဓယဉ်ကျေးမှု
အဆုံးအမတွေကြောင့်ပဲ
ဖြစ်ပါတယ်၊ ရှင်ဘုရင်ကအစ လယ်သမားအဆုံး အားလုံးဟာ ဘုန်းတော်ကြီးကျောင်းက
သင်ပေးလိုက်တဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆုံးအမတွေနဲ့ မြန်မာ့သမိုင်းကို
ရေးထိုးခဲ့ကြတာပါ၊ သူ့ကျွန်ဘ၀ကျရောက်စဉ်မှာတောင် မြန်မာလူမျိုးတွေအနေနဲ့
ယဉ်ကျေးမှု အဆုံးအမတွေနဲ့အညီ ကောင်းကောင်းမွန်မွန် အေးအေးချမ်းချမ်း
နေထိုင်ကြတဲ့ အတွက် အုပ်ချုပ်ရလွယ်ကူခြင်း၊ အမှုအခင်း
ပြဿနာနည်းပါးခြင်းတို့ကြောင့် ပဲခူး ၀န်ရှင်တော်မင်းကြီး ဆာ
အာသာဖယ်ယာကတောင် မြန်မာတွေရဲ့ ဘုန်းတော်ကြီးကျောင်းပညာရေးကို
အားပေးခဲ့ပါတယ်၊ အဓိက ဆိုလိုခြင်တာက ယဉ်ကျေးမှု အဆုံးအမတွေကို နားလည်ဖို့ပါ၊
ခေတ်အားလျော်စွာ ထွန်းကားလာတဲ့ ခေတ်မီပညာတွေကို သင်ကြားရင်း
စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုအတွက် ဗုဒ္ဓဘာသာအဆုံးအမတွေကို ကလေးဘ၀ကတည်းက
တွဲဖက်သင်ကြားပေးသင့်ပါတယ်၊ တကယ်တော့ ဗုဒ္ဓဘာသာအဆုံးအမတွေဟာ
ဘာသာယုံကြည်မှုထက် လူ့မှုဘ၀ ကောင်းမွန်မြင့်မြတ်မှုကို အဓိကဦးတည်တဲ့အတွက်
မည်သည့်ဘာသာဝင်မဆို သင်ယူနိုင်ပါတယ်၊ မင်္ဂလာတရားတော်၊ လောကနီတိဆုံးမစာ၊
ဂီဟိဝိနယခေါ်တဲ့ လူမှုဆိုင်ရာ လိုက်နာကျင့်သုံးသင့်တဲ့ moral ethics တွေ
ဖြစ်တဲ့အတွက် တခြားဘာသာဝင် ကလေးများအတွက်လည်း သက်ဆိုင်ရာ ဘာသာယုံကြည်မှုကို
မထိခိုင်စေပါဘူး၊ ဘာသာတိုင်းက လက်ခံနိုင်တဲ့ ယေဘုယျ လူ့ကျင့်ဝတ်
သဘောတရားတွေသာ ဖြစ်ပါတယ်၊ လက်ရှိလည်း ဘာသာခြာတော်တော်များများက
ဝိပဿနာတရားတွေကို အားထုတ်နေကြတာပါပဲ၊ ဗုဒ္ဓဘာသာရဲ့ထူးခြားမှုက
လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ အဆုံးအမတွေ နည်းလမ်းတွေ(universal
principles)များသာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဟာ တခြားဘာသာ
ယုံကြည်မှုကို မထိခိုက်စေပါဘူး၊ ဗုဒ္ဓဘာသာ အဆုံးအမကို လိုက်နာဖို့အတွက်
ဗုဒ္ဓဘာသာကို ပြောင်းစရာ၊ သက်ဝင်စရာ မလိုပါဘူး၊ လက်ရှိဘာသာကနေလည်း
ထွက်စရာမလိုပါဘူး၊ ဒီအတွက် ဘာသာခြားမိဘတွေ၊ သက်ဆိုင်ရာ
ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ပူပန်စရာ မလိုပါဘူး၊ တကယ်တော့
မြန်မာ့ယဉ်ကျေးမှုဆိုတာဟာ ဗုဒ္ဓအဆုံးအမပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်၊
ဗုဒ္ဓဘာသာဆိုင်ရာ အဆုံးအမများလို့ မသုံးဘဲ မြန်မာ့ယဉ်ကျေးမှု သင်ခန်းစာဆိုရင်
အားလုံးလက်ခံနိုင်ပါလိမ့်မယ်၊ သင်ကြားတဲ့နေရာမှာတော့ ဘာသာခြားကလေးတွေကို
ဆွဲဆောင်တဲ့ပုံစံမရောက်အောင် သင်ကြားပေးဖို့ပဲ လိုပါတယ်၊ ဒါကြောင့်
မြန်မာနိုင်ငံမှာ မူလတန်းကတည်းက ဗုဒ္ဓဘာသာဆိုင်ရာ မြန်မာ့ယဉ်ကျေးမှုကို
အရေးတကြီးထားပြီး သင်ကြားပေးဖို့ အချိန်တန်နေပါပြီ၊ ရပ်ကွက်ထဲမှာ၊
အလုပ်ထဲမှာ၊ လမ်းတွေပေါ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ အတော်ရင်လေးဖို့
ကောင်းနေပါပြီ၊ မြန်မာတွေဟာ ယဉ်ကျေးမှုမှာ အတော်ကိုပဲ အောက်တန်းကို
ရောက်နေပါပြီ၊ အထူးသဖြင့် မြန်မာတို့ရဲ့ ပင်မစိတ်ဓါတ်ဖြစ်တဲ့ အချင်းချင်း
ကူညီရိုင်းပင်းမှု၊ စာနာမှု၊ သူတစ်ပါးထိခိုက်မှုကို အလေးထားမှုစတာတွေဟာ
အတော်လေး ဆိတ်သုဉ်းနေပါပြီ၊ တကယ်တော့ ယဉ်ကျေးမှုကို နားမလည်ကြတာဟာ
တစ်ယောက်ကစ တစ်ရာဖြစ်လာပြီး သိတဲ့လူတွေတောင် အများကြားမှာ လိုက်နာလို့မရတဲ့
အခြေအနေကို ရောက်နေပါပြီ၊ ဒါကြောင့် ဘာသာရေးအမြင်ထက် ယဉ်ကျေးမှုအမြင်ကို
ဦးစားပေးပြီး မြန်မာ့လူ့ဘောင်ကို ဦးဆောင်မယ့် ကလေးသူငယ်တွေကို
ယဉ်ကျေးမှုဘာသာရပ်များ သင်ကြားပေးဖို့ အချိန်ရောက်နေပါပြီ ဆိုတာထက်
နောက်ကျလို့တောင် နေပါပြီလို့ ဆိုလိုက်ချင်ပါတယ်။
Labels:
ဘာသာရေး
Wednesday, December 29, 2010
တရားတော်နာဖိတ်ကြားလွှာ
ပြည်တွင်းပြည်ပ မဟာစည်နာယက
ဓမ္မကထိက ဗဟုဇနဟိတဓရ၊ သာသနဓဇ ဓမ္မာစရိယ
ဖြူးဆရာတော်ဘုရားကြီး ဘဒ္ဒန္တနရပတိ
၏
တူသားတပည့်အရင်း
ပဲခူးတိုင်း၊ ဖြူးမြို့ ၊ မဟာစည်သာသနာ့ရိပ်သာနှင့်
ရန်ကုန်တိုင်း၊ လှိုင်မြို့ နယ်၊ ဓမ္မရက္ခိတ ဖြူးမဟာစည်သာသနာ့ရိပ်သာ တို့၏
ပဓာန နာယကဆရာတော်
ဘဒ္ဒန္တ အဂ္ဂ၀ရ
ဓမ္မာစရိယ၊ M.A Ph.D (Thesis) India
ဆရာတော်အရှင်သူမြတ်သည်
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ တကာဒါနိုဘာဘာအရပ်တွင် အောက်ပါအစီအစဉ်အတိုင်း
နိဗ္ဗာန်ရောက်ကြောင်း တရားအမြိုက်ဆေးတိုက်ကျွေးမည်ဖြစ်ပါသဖြင့်
တရားတော်နာကြွရောက် ကုသိုလ်ယူကြပါရန် လေးစားစွာဖြင့်
နှိုးဆော်ဖိတ်ကြားအပ်ပါသည်ခင်ဗျား။
အခမ်းအနားအစီအစဉ်
နေ့ရက်။ ။ ၂၀၁၁ ခုနှစ်၊ ဇန္န၀ါရီလ (၉) ရက်၊ တနင်္ဂနွေနေ့။
အချိန်။ ။ ဂျပန်စံတော်ချိန် ညနေ (၆း၃၀) မှ (၈း၃၀) အထိ။
နေရာ။ ။ 新宿リサイクル活動センター
(Shin Juku, Recycle Centre, Takadanobaba ဘူတာအနောက်ဘက်ခြမ်း)
東京都新宿区高田馬場4丁目10-17
မှတ်ချက်။ ။ အောက်ပါ အင်တာနက်စာမျက်နှာများမှတဆင့် အွန်လိုင်းတိုက်ရိုက်အသံလွှင့်ဟောကြားသည်ကို ကြည်ညို နာယူနိုင်မည်ဖြစ်ပါသည်။
--
ဝိမုတ္တိသုခ
www.vimuttisukha.com
www.dhammaflavour.net
www.vimuttirasa.org
www.saddhammaramsi.blogspot.com
www.kathitwinemyanmar.blogspot.com.
Labels:
ဘာသာရေး
Thursday, December 09, 2010
ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက် လှူဒါန်းခဲ့တဲ့ သင်္ကန်းဆက်ကပ်လှူပွဲ အခမ်းအနား

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သံဃာတော်များကို သင်္ကန်းကပ်လှူနေစဉ်
ယနေ့ နံနက် ၈ နာရီခန့်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ သံဃာတော်တစ်ပါးကို သင်္ကန်းတစုံစီ ကပ်လှူခဲ့ကြောင်း သိရပါတယ်။
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ချုပ်ပါတီဝင်များက အင်္ဂါ အပတ်စဉ်နေ့တိုင်း အဖွဲ့ချုပ်ပါတီရုံးချုပ်ရှေ့တွင် အပါတ်စဉ် ဆွမ်းကပ်လှူဒါန်းနေသောသံဃာတော် ၇၈၅ ပါးကို သင်္ကန်းတစုံစီ ကပ်လှူမှူပြုလုပ်ပြီး သီလရှင် ၁၁၉ ပါးကိုလည်း တဘက်တထည်စီ လှူဒါန်းမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်.။
ဓာတ်ပုံ...AP
Labels:
ဘာသာရေး
Wednesday, August 18, 2010
ဗုဒ္ဓဘာသာခုတုံးလုပ်၊ ဗုဒွဘာသာလို့ အမည်ခံတဲ့ မိုးပြာဂိုဏ်းအကြောင်း
လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က မြန်မာနိုင်ငံသို့ ၀င်ရောက်ခဲ့သော
နာဂစ်မုန်တိုင်းကြီးသည် မြန်မာနိုင်ငံသားများစွာတို့၏ အသက်အိုးအိမ်၊
စည်းစိမ်တို့ကို ခြွေယူတိုက်စားသွားခဲ့ကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။
အကယ်၍ ၎င်းအန္တရာယ်ဆိုးကြီးကို အချိန်မီကြိုတင်သိရှိကာ ဘေးလွတ်ရာသို့
ရှောင်တိမ်းနေနိုင်မည်ဆိုပါက လူပေါင်းများစွာတို့ အသက်ဘေးမှ
ကင်းဝေးနိုင်ကြမည်မှာ အမှန်ပင်ဖြစ်သည်။
ယခုအခါတွင်လည်း ထေရ၀ါဒဗုဒ္ဓသာသနာတော်မြတ်ကြီးအတွင်းသို့
ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဟု နာမည်ပေးထားသည့် မိုးပြာရောင်
သာသနာဖျက်မုန်တိုင်းကြီးသည် မင်းကွန်း၊ မန္တလေးနှင့် စစ်ကိုင်းတို့၌
အခြေတည်ကာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်၍ ဗုဒ္ဓသာသနာတော်ကို ဖျက်ဆီးပစ်မည့်
မုန်တိုင်းအသွင်ပြောင်းကာ တဖြည်းဖြည်းအင်အားကြီးထွားလာပြီးလျှင်
မြန်မာနိုင်ငံတစ်ဝန်းလုံး သာမက ကမ္ဘာ့ဗုဒ္ဓသာသနာရပ်ဝန်းကြီး
တစ်ခုလုံးဆီသို့ တိုက်ခတ်ရန် ဦးတည်လျှက်ရှိနေပါသည်။
သဘာဝမုန်တိုင်း ဘေးအန္တရာယ်သည် မိမိ၏ အသက်တစ်ခု၊ ဘ၀တစ်ခုမျှကိုသာ
ဒုက္ခပေးနိုင်သော်ငြားလည်း ထို မိစ္ဆာဒိဋ္ဌိ မုန်တိုင်းကြီးကမူ
သံသရာတစ်လျှောက်လုံး ဒုက္ခပေး၍ အပါယ်ဘေးသို့တိုင်အောင်နစ်စေနိုင်ပါသည်။
သို့ပါ၍ထေရ၀ါဒဗုဒ္ဓဘာသာဝင်သူတော်စင်၊သူတော်ကောင်းလောင်းလျာတို့အတွက်
ဤသာသနာဖျက်မုန်တိုင်းကြီး၏ဘေးမှ ဝေးစွာရှောင်ရှား၍ ကြိုတင်ပြင်ဆင်မှုများ
ပြုလုပ်နိုင်စေသောငှာ ထိုဂိုဏ်းကြီး၏ဟောပြောချက်၊ ၀ါဒဖြန့်ချိချက်များကို
အကျဉ်းချုပ်၍ တင်ပြလိုက်ရပါသည်။
ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာဂိုဏ်းချုပ်
ဓမ္မ၀ိဟာရီ ဦးဥာဏ၏ ကိုယ်ရေးအကျဉ်း
အမည် - ဓမ္မ၀ိဟာရီ ဦးဥာဏ
အသက် - ၇၂ နှစ်
နိုင်ငံသားစိစစ်ရေးလက်မှတ်အမှတ် - ၁၂/ဥကမ (နိုင်) ၁၈၂၀၀၀
ကိုးကွယ်သည့်ဘာသာ - ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ
အလုပ်အကိုင် - ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ ဆည်းကပ်လေ့လာကြသူများအား ဆုံးမသြ၀ါဒပေးခြင်း။
နေရပ်လိပ်စာ - (၁) အမှတ် ၂၀၊ မိုးပြာခြံ၊ သစ္စာပန်းလမ်း၊ မြဥယျာဉ်၊ (ဌ} ရပ်ကွက်၊ မြောက်ဥက္ကလာပ၊ ရန်ကုန်တိုင်းနှင့် (၂) အနုပါဒါယဉ်ကျေးမှုတရားဌာန၊ မိုးပြာခြံ၊ ရန်ကင်းတောင်ခြေ၊ ကျီကုန်းစု၊ ပုသိမ်ကြီးမြို့၊ မန္တလေးတိုင်း။
မိဘအမည် - ဦးမြဒင် + ဒေါ်လှထွန်း
မွေးသက္ကရာဇ် - ၁၃၀၀ ပြည့်နှစ်၊ နယုန်လဆန်း ၃ ရက်၊ အင်္ဂါနေ့။
မွေးရာဇာတိ - ဂေါင်းကွဲကျေးရွာ၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်၊ မကွေးတိုင်း။
လူမျိုး - မြန်မာ
အရပ် - ၅ ပေ၊ ၅ လက်မ
ထင်ရှားသည့်အမှတ်အသား - ညာဘက်နှုတ်ခမ်းအထက်မှဲ့ရှိ။
ပညာသင်ရာဌာန - ဂေါင်းကွဲရွာတောင်ကျောင်း။
ကိုရင်ဝတ်သည့်နှစ် - ၁၃၁၄ ခုနှစ်
ကိုရင်ဝတ်ရာဌာန - ဂေါင်းကွဲရွာတောင်ကျောင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်။
ကိုရင်ဥပဇ္ဈာယ်ဆရာတော် - ဆရာတော် ဦးပညာ
ရဟန်းခံသည့်နှစ် - ၁၃၁၉ ခုနှစ်
ရဟန်းဥပဇ္ဈာယ်ဆရာတော် - ဆရာတော် ဦးပညာ
ပိဋကတ်စာပေသင်ယူရာဌာန - မစိုးရိမ်တိုက်၊ ဂန္ထဓူရကျောင်း။
ငယ်၊ လတ်၊ ကြီးအောင်ဌာန - မစိုးရိမ်ကျောင်းတိုက်
စာချတန်းစာဝါလိုက်ဌာန - မိုးကောင်းကျောင်းတိုက်၊ ဒေးဝန်းကျောင်း (စာချတန်းမပြီးပါ)
သင်ကြားပေးသည့် ဆရာတော်များ - မစိုးရိမ်တိုက်နှင့် မိုးကောင်းတိုက် ဆရာတော်များ၊ တောင်သမန်တိုက်ဆရာတော်များ။ စာသင်နှစ် - အသက် ၂၅ နှစ်၊ ၅ ၀ါထိ။
တောကျောင်းထွက်နေသည့်နှစ် - အသက် ၂၅ နှစ်မှအထက်။
တောကျောင်းနေရာဌာန - ရှင်မတောင်ရွာတောကျောင်းနှင့်မင်းကွန်းစံတော်မူတောင်နှင့် ရွှေမြင်တင်တောင်၊ (အရှေ့ရိုးမ အခြေ)၊ ငွေတောင်နှင့် မိုးပေါက်ကျချောင်။
လက်ရှိနေရာ၌စတင်နေသည့်နှစ် - ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ။
ဘာသာပြောင်းသည့်နှစ် - ၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၁၀ နာရီ၊ မိနစ် ၃၀။
ဘာသာပြောင်းရသည့်အကြောင်း - ထေရ၀ါဒ၌နေစဉ် ထေရ၀ါဒ လက်ခံကျင့်သုံးနေသော ရှေးဘ၀၊ ခုဘ၀၊ နောင်ဘ၀ အယူများသည် ဘုရားဟောနှင့်မညီ၊ ဘုရားရှင်မယူသော မိစ္ဆာဒိဋ္ဌိအယူများဖြစ်နေကြောင်း၊ နိုင်ငံတော် သံဃ မဟာနာယကထံသို့တင်ပြ၍ တရားစွဲသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း သာသနာရေး ဦးစီးမှူးက စတုတ္ထပါရာဇိကဖြင့် ပြန်လည်တရားစွဲခဲ့ပြီး ဗဟိုဝိနိစ္ဆယထိ တရားရှုံးသောကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ရဟန်းအဖြစ်ကို စွန့်လွှတ်ရသည်။
မိုးပြာဂိုဏ်းထောင်၍ ဆည်းကပ် သူများအား ဆုံးမလမ်းညွှန်နေခြင်းဖြစ်သည်။
ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာအမည်ခံ ဘာသာရေးဂိုဏ်းကြီး၏ ထေရ၀ါဒနှင့်လုံးဝဆန့်ကျင်သော အယူဝါဒအချို့ကို ထုတ်နုတ်ပြရမည်ဆိုလျှင်..... (၁) အဘိဓမ္မာပိဋကတ်ကို ဘုရားဟောမဟုတ်ဟု ယူကြသည်။
(၂) ပိဋကတ်သုံးပုံတို့သည်လည်း ဘုရားဟောအစစ် မဟုတ်ကြဟု ယူကြသည်။
(၃) ရှေ့ဘ၀၊ နောက်ဘ၀မရှိဟု ယူကြသည်။
(၄) ကံနှင့် ကံ၏အကျိုးမရှိဟု ယူကြသည်။
(၅) သုံးဆယ့်တစ်ဘုံမရှိဟု ယူကြသည်။
(၆) ဗြဟ္မာ၊ နတ်၊ ငရဲသားစသူတို့သည် လူကောင်ဖြစ်ခိုက် လူကောင်၏ပုံကြီးမျှသာဖြစ်သည်ဟု ယူကြသည်။
(၇) ဘုရားရှိခိုးခြင်း၊ ဆင်းတုတော်ပူဇော်ခြင်း၊ ဥပုသ်စောင့်ခြင်းစသည်တို့ကို မပြုသင့်ဟု ယူကြသည်။
(၈) နိဗ္ဗာန်နှင့် သံသရာကို အယုံအကြည်မရှိဟု ယူကြသည်။
(၉) လူအစစ်သည် လူသာဖြစ်သည်။ မူလခန္ဓာဖြစ်သည်။ ၎င်းင်းကို တရားမရှုရ၊ ရှုလျှင်တရားမဟုတ်ဟု ယူကြသည်။
(၁၀) သမထ၊၀ိပဿနာ ဘာဝနာတို့ကို ဘာဝနာမဟုတ်ဟု ယူကြသည်။
(၁၁) ပရမတ္ထတရားတို့ကို အယုံအကြည်မရှိဟု ယူကြသည်။
(၁၂) ကုသိုလ်ကောင်းမှုတို့ကို မပြုကောင်းဟု ယူကြသည်။
(၁၃) လူအစစ်ဖြစ်သော မူလခန္ဓာပေါ်တွင် စွဲထင်တွယ်ကပ်လာသည့် ဥပါဒါန်နှင့် ခန္ဓာအရိပ်တုတို့ကို ပယ်ခွာနိုင်လျှင်တရားဖြစ်သည်။ အရိယာဖြစ်သည်ဟု ယူကြသည်။
(၁၄) ပိဋကတ်ဒေသနာတို့ဖြင့် လူတို့ကိုလှည့်စား၍ မိမိတို့ဂိုဏ်းအတွင်း သိမ်းသွင်းကြရမည်ဟု ယူကြသည်။ ကာမရာဂကို အားပေး ကြရမည်ဟု ယူကြသည်။
(၁၅) မာရ်နတ်ဆိုသည်မှာ သီးခြားနတ်ဘုံမှ နတ်မဟုတ်ဟု ယူကြသည်။
(၁၆) ဗြဟ္မာဆိုသည်မှာ သီးခြားဗြဟ္မာဘုံမှ ဗြဟ္မာမဟုတ် လူသာဖြစ်သည်ဟု ယူကြသည်။
(၁၇) ထေရ၀ါဒဗုဒ္ဓဘာသာတို့သည် အာကာသ ခေါ် နတ္ထိဘာဝကို နိဗ္ဗာန်ဟု ထင်မှတ်မှားသူများဖြစ်ကြသည်ဟု ကျောက်သင်္ဘော ၀ါဒဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာတို့ကို စွပ်စွဲကြသည်။
(၁၈) မိမိကိုယ်တိုင် သိမြင်ခြင်းဖြင့်သာ အသိအမြင်ပြည့်စုံသည်ဟု ယူကြသည်။
(၁၉) သိဒ္ဓတ္ထဘ၀မှ ဗုဒ္ဓဘ၀သို့ တိုးတက်လာခြင်း၊ ဘုရားအသိÓဏ်ရရှိလာခြင်းသည် ဘာမှမလုပ်ဘဲ သာမန်လူလိုနေခြင်းကြောင့် ရသည်ဟု ယူကြသည်။
(၂၀) လေးသင်္ချေကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်လာရသော ဗုဒ္ဓကို မိစ္ဆာဗုဒ္ဓဟု ယူကြသည်။
မိုးပြာဦးဥာဏ၏ ဟောပြောချက်၊ ရေးသားချက်တချို့ကို မူရင်းအတိုင်း ကောက်နုတ်တင်ပြပါမည်။ ရှေးဘ၀၊ နောက်ဘ၀ လက်မခံ ကျုပ်တို့က သူတို့ကို အဓိကဆိုဆုံးမတာမှာ ... ဘယ်တရားမှ မရချင်နေ၊ ရချင်ရ၊ ရှေ့ဘ၀၊ နောက်ဘ၀တော့ မတွေးရဘူးလို့ ဆိုတာ လောက်ကတော့ ကျုပ်တို့ကိုချဉ်းကပ်နေတဲ့ ချာတိတ်ကလေးတောင် သိတန်ရာတယ်လို့ ထင်တယ်။ အဲဒီတော့ သူဆိုတာက ကျုပ်တို့အနားမှာ အချဉ်းကပ်ရဆုံးသူလည်း ဖြစ်တယ်။ ကျုပ်တို့ကို ငွေနဲ့ကြေးနဲ့ အများဆုံး အကုန်ကျခံရဆုံး ပြုစုတဲ့သူလည်း ဖြစ်တယ်။ အဲဒါတောင်မှ ကျုပ်တို့ရဲ့ အစဆုံးဖြစ်တဲ့ (ရှေးဘ၀၊ နောက်ဘ၀ မတွေးရဘူးဆိုတဲ့) ဟာကို (လာလျှောက်တယ်)၊ ရှေးဘ၀၊ နောက်ဘ၀ကို တကယ်မြတ်စွာဘုရား မဟောပါဘူး။ ကျုပ်တို့ကလည်းပဲ ရှေးဘ၀၊ နောက်ဘ၀ကို လုံးဝမဟောကြားဘူး။ ရှေး ဘ၀၊ နောက်ဘ၀ကို ယူဆတဲ့သူဆိုရင်ဖြင့် မိစ္ဆာဒိဋ္ဌိဆိုပြီးသကာလ ... ကျုပ်တို့နဲ့ ပဋိပက္ခအနေအထားမှာ ရှိတယ်။ (ရှင်မိုးပြာ၏ ဘာသာတရားကပေးသော ဆုလာဘ်၊ စာ ၂၊ ၁၉၉၆) လက်ခံလျှင် အကျိုးမရှိ တို့ နောက်ဘ၀သိလား။ (မသိဘူး)၊ အေး ... မသိဘူးစာရင်းထဲ အသေကို ထည့်သွင်းရမယ်။ နည်းနည်းကလေးမှ ခေါင်းပြူမလာစေနဲ့။ မသိတာကို မသိတဲ့အတိုင်း မသိစာရင်းထဲ ထည့်မထားမိဘူးဆိုရင်ဖြစ်ဖြစ် သို့မဟုတ် မသိတာကို မသိစာရင်းထဲထည့်ပေမဲ့ ခေါင်းထောင် လာပြီး လူရည်လည်လုပ်တာကို ခံရတယ်ဆိုရင်ဖြစ်ဖြစ်၊ ဘယ်လောက်ထိ ဘာသာတရားရဲ့အမှုတော်တွေကို ထမ်းထမ်း၊ ဘယ်လောက်ထိ ဘာသာတရားကို ကျိုးကျိုးနွံနွံ ကိုင်းကိုင်းရှိုင်းရှိုင်း ဆည်းကပ်ဆည်းကပ်၊ ဘယ်တော့မှ အဲဒီဘာသာတရားရဲ့ အကျိုးကျေးဇူးကို မခံစားရဘူး။ (ရှင်မိုးပြာ၏ ဘာသာတရားကပေးသော ဆုလာဘ်၊ စာ ၁၁-၁၃၊) ၃၁ ဘုံ လက်မခံ ဗုဒ္ဓဘုရားရဲ့တရားဟာ ကြံဆချက်သက်သက်တွေ မပါတဲ့ (အတက္ကာဝစရ) တရားဓမ္မဖြစ်လို့ (အဲဒီ ဗုဒ္ဓတရားထဲမှာ) မမွေးမီနဲ့ သေပြီးတို့၊ အထက်ဘ၀ဂ်၊ အောက်အ၀ီစိတို့ ... မပါဘူး။ (ဓမ္မ၀ီဟာရီ၏ ဗုဒ္ဓသာသနာနှင့် မြန်မာပြည်၊ စာ ၁၀၊ ၂၀၀၆) လူကိုတော့ မသတ်နှင့် လူသိများတာက ဘုရားဟာ သတ်မှုက ရှောင်ရမဲ့အသက်ကို အားလုံးရဲ့အသက်အဖြစ် ဟောတာလို့သိနေကြတယ်။ ဒီလို သိမှား တာကတော့ ဟိန္ဒူနဲ့နွှယ်ပြီး သိမိလို့ပါပဲ။ ဟိန္ဒူက မသတ်ရတဲ့ဟာ အားလုံးရဲ့အသက်ပါပဲ။ သစ်ပင်လောက်ပဲ ကျန်ပါတယ်။ (ဘုရား၊ စာ ၁၃၁) ဒါတွေကြောင့်ဘုရားရဲ့မသတ်ရမဲ့အချက်ရဲ့အနက်ဟာလူ့အသက်ပဲဖြစ်တယ်။ အခြားအကောင်ပလောင်တွေရဲ့ အသက်မဟုတ်ဘူး။ (ဘုရား၊ စာ ၁၃၅) အများပိုင်ပစ္စည်း ခိုးနိုင်သည် နိုင်ငံပိုင်ပစ္စည်းခိုးတာဟာ ဂရုဓမ္မသီလ (မခိုးရသိက္ခာပုဒ်) မပျက်ဘူး။ မြို့ပိုင်၊ ရွာပိုင်၊ ဌာနဆိုင်ရာပိုင်၊ အဖွဲ့အစည်းပိုင်၊ သမ၀ါယမ ပိုင်ပစ္စည်းတွေကို ခိုးတာဟာလည်း ဂရုဓမ္မသီလ (မခိုးရသိက္ခာပုဒ်) အရ အခိုးမမြောက်ဘူး။ (ခိုးကောင်းတယ်ဟူလို။) မမူးအောင်သောက် သေရည်သေရက် မူးယစ်သေစာကို မေ့လျော့တဲ့နေရာအထိ မူးယစ်ခြင်းမှရှောင်မယ်ဆိုတာမျိုး အဓိပ္ပာယ်ရှိတယ်။ ဒီတော့ ဒီသိက္ခာပုဒ် အဓိပ္ပာယ်ဟာ သေရည်သေရက် (မူးယစ်ဆေးဝါး) မသောက်သုံးရဘူးလို့သာ အဓိပ္ပာယ်မရဘူး။ မေ့လျော့တဲ့အထိ ဒါတွေ မသောက်သုံး ရဘူးလို့ အဓိပ္ပာယ်ရတယ်။ အတိုင်းအထွာရှိရှိ ယစ်မူး၊ သောက်စားရင် ပမာဒဌာန မရောက်ဘူး။ သူတို့ဟာ ဘာမှမမှားဘူး။ အပြုအမူလည်း မမှားဘူး၊ အပြောအဆိုလည်း မမှားဘူး။ အနေအထိုင်လည်း မမှားဘူး နဂိုအတိုင်းပဲ။ (ဘုရား၊ စာ ၁၅၁၊ ၁၆၉-၁၇၀) ဘာသာတရား မလိုအပ်
လောကကြီးမှာ ဘာသာတရားတွေကတောင် အပိုဖြစ်နေတယ်။ ဘာသာတရားမဟုတ်တော့ဘဲ ပကတိ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ အရာတွေနဲ့သာ နေထိုင်လိုက်မယ်ဆိုရင် ပြီးသွားမှာ။ မြတ်စွာဘုရားဆိုရင် အဲဒီ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့အရာတွေ ကိုပဲ ပြောခဲ့တာပါ။ ဟိုလိုလုပ်၊ ဒီလိုလုပ်ဆိုတာတွေ ကို တားမြစ်ခဲ့တာပါ။ (ဓမ္မ၀ိဟာရီ၏ နိဗ္ဗာန်ကိုသွား နောက်ဆုံးရထား၊ စာ ၃၊ ၁၉၉၀ ပြည့်နှစ်) စိဉ္စမာနလက်သစ်
“တပည့်တော်တို့ သိခဲ့ကြတာ မှားလှပါတယ် ဘုရား”
“ဘယ်လိုလဲ”
“ဖိုမ ကိစ္စဆိုရင် လွန်ကျူးတာ၊ စိတ်ကူးရင်တောင် ယုတ်မာတယ် ထင်တာဘုရာ”
“ဒီကိစ္စ ဆောင်ရွက်ဖို့ဆိုရင် စိတ်လည်းကူးရမှာပေါ့”
“အဲဒီစိတ်ကူးမျိုးဆိုရင် စိတ်ယုတ်တွေဖြစ်နေတာလို့ ပြောကြတာပဲ ဘုရား”
“မသိလို့ ပြောကြတာပဲ”
“ဘာမသိတာလဲ ဘုရား”
ဒီလို စိတ်ကူးမျိုး ဘုရားတောင် ကူးခဲ့လောက်တယ်ဆိုတာ မသိကြဘူး”
“ဟုတ်ပမလားဘုရား”
တွက်ကြည့်ရမှာပေါ့”
“ဘာတွက်မှာလဲ ဘုရား”
“မာနတ်က မှိုင်နေလို့ သမီးသုံးယောက်က မေးတော့ ဘုရားကို ရှုံးခဲ့လို့ ပြောတဲ့အခါ ဒါ သူတို့ လုပ်ပေးမယ်ဆိုပြီး သမီးတွေက ဘုရားရှင်ဆီ ချဉ်းကပ်တယ်ဆိုတာကြားဖူးမှာပဲ”
“ဒါ တစ်ကမ္ဘာလုံး အသိပဲ ဘုရား”
“မာနတ်ရော သမီးတွေပါ တကယ်နတ်သား နတ်သမီးတွေ မဟုတ်ဘဲ ဘုရားစိတ်တော် ဖြစ်တွေဆိုတာ သိလောက်ပြီပေါ့နော်”
“သိပါပြီဘုရား”
“အဲဒါပဲပေါ့”
ဘယ်လိုလဲ ဘုရား”
“မာနတ်ရဲ့ သမီးလတ်ဆိုသူ အပျိုရွရွဖားဖားနဲ့ ဖိုမ ဆက်ဆံမလားပေါ့ ဥတ္တရိမနုဿဓမ္မ ကို လူတွေဆီ ဖြန့်ဖို့က ပိုပြီး အရေးကြီးတယ်လို့ပဲ ဆုံးဖြတ်ချက်ချတယ်။ ဒီထက်သာမယ့် ကိုယ်ဝန်ရှိစ မာရ်နတ်သမီးကြီးနဲ့ ဖိုမဆက်ဆံမလားပေါ့၊ ဒါ ခံစားယစ်မူးပြီး ဥတ္တရိမနုဿဓမ္မ ဖြန့်ဝေမူ့ အပျက်ခံလို့ ဘယ်ဖြစ်မလဲ လို့ဖြစ်တယ်။
“အပျိုဖော်ဝင်စ မာရ်နတ်သမီးငယ် အပျိုပေါက်နဲ့ ဖိုမဆက်ဆံမလားပေါ့၊ ဒါတွေနဲ့ ဥတ္တရိမနုဿဓမ္မ ကို လူတွေရတာ မဖြစ်ထိုက်ဘူးလို့ စိတ်တော်မှာဖြစ်ခဲ့တယ်”
“မာရ်နတ် သမီးသုံးယောက်ကို ဘုရားအောင်ခံနိုင်တယ် ဆိုတာလား ဘုရား” “ဟုတ်တယ်”
“ဟုတ်ပါ့မလား ဘုရား”
“ဟုတ်တာပေါ့”
“ဒါတွေ ဘယ်လိုသိလဲ ဘုရား”
“တရားအလျှောက် သိတဲ့ဥာဏ်နဲ့ လျှောက်ပြီးသိတာပေါ့”
“ဘယ်လို တရားအလျှောက် လဲဘုရား”
“ကာမရူပ၊ အရူပ ကံ ၀ိပါက်တွေဟာ ဒုက္ခတရားတွေ မဟုတ်ဘူးလား”
“ဟုတ်တာပေါ့ဘုရား”
“ဒုက္ခဖြစ်တာတွေကိုပဲ မမက်ကြဘူလား”
“မက်ကြပါတယ်ဘုရား”
(အရှင်ဥာဏ၏ ဓမ္မကထာ၊ စာ-၂၂၇-၂၂၉၊ ၂၀၀၅-ခုနှစ်၊သြဂုတ်လထုတ်)
ဦးဥာဏဆိုသည်မှာ
မင်းကွန်းတောင်ရိုးတွင် တရားကျင့်ကြံရာမှ မိမိကိုယ်ကို ရဟန္တာဖြစ်သည်ဟု ကြေညာခဲ့သည်။ သံဃာ့ဝိနည်းဓိုရ်အဖွဲ့က ၁၉၈၃ ခုနှစ်တွင် စုံစမ်းစစ်ဆေးခဲ့သည်။ မြို့နယ်ဝိနည်းဓိုရ်၊ တိုင်းဝိနည်းဓိုရ်၊ နိုင်ငံတော်ဝိနည်းဓိုရ် အဆင့်သုံးဆင့်စလုံးတွင် ရှုံးနိမ့်သည့်အတွက် ဦးဥာဏကို လူဝတ်လဲစေခဲ့သည်။ ထို့ပြင် ၀ိနည်းဓမ္မကံ (၉-၁၁) တို့ဖြင့် တရားစွဲခံရပြီး ၁၉၈၃ မှ ၁၉၈၆ ခုနှစ်တိုင်အောင် ထောင်သုံးနှစ် ကျခံခဲ့ရသည်။ ၀ိနည်းဓမ္မကံ (၉-၁၁) အရ တရားစွဲခံရသော်လည်း မင်းကွန်းတိပိဋကဆရာတော်ဘုရား၏ မေတ္တာရပ်ခံမှုကြောင့် ထောင်သုံးနှစ်သာ အပြစ်ပေးခံခဲ့ရကြောင်း သိရသည်။
ထောင်မှလွတ်သောအခါ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေကို အခြေပြုလျက် မိုးပြာခြံကိုတည်ထောင်ပြီး ပစ္စုပ္ပန်ကမ္မ ၀ါဒ ဗုဒ္ဓဘာသာအမည်ဖြင့် သာသနာပ၀ါဒများကို ဖြန့်ချိဟောကြားခဲ့သည်။ ဓမ္မပါမောက္ခ၀တ်စုံဟု အမည်ပေးကာ မိုးပြာရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီအပွတို့ကို ၀တ်ဆင်ခဲ့သည်။ အနုပါဒါယဉ်ကျေးမှုဌာနဟူ၍ ပစ္စုပ္ပန်ကမ္မ၀ါဒအယူအဆများကို စာပေး၊ စာယူပုံစံဖြင့် သင်ကြား ပို့ချခဲ့သည်။ ၁၉၉၁ခုနှစ်တွင်ထေရ၀ါဒသာသနာတော်အတွင်းမှသံဃာဂိုဏ်းသီးသန့်ထောင်ရန် ကြိုးပမ်းမှုဖြင့်တရားစွဲဆိုခံရသည်။
ထောင်ဒဏ် ၁၀ နှစ် ကျခံခဲ့ရကြောင်း သိရသည်။ သို့သော် လျှော့ရက်များဖြင့် ၁၉၉၈ ခုနှစ်တွင် ထောင်မှလွတ်မြောက်ခဲ့ပြီး ၎င်းအယူဝါဒများကို ဆက် လက်ဟောပြောခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ သစ္စာပန်းလမ်း၊ (ဌ) ရပ်ကွက်၊ ခြံအမှတ် ၂၀ ကို ဌာနချုပ်ပြုလုပ်လျက် ပစ္စုပ္ပန် ကမ္မ၀ါဒ (အဓမ္မ၀ါဒ) အယူများကို ပို့ချခဲ့သည်။ လိုအပ်လျှင် အိမ်တိုင်ရာရောက်ပုံစံဖြင့်လည်းကောင်း၊တစ်ဦးချင်းဆွေးနွေးမှုပုံစံဖြင့်လည်းကောင်း၊ အဖွဲ့လိုက်ဆွေးနွေးမှုပုံစံဖြင့်လည်းကောင်း လိုက်လံစည်းရုံးဟောပြောလေ့ရှိကြောင်း သိရသည်။
အင်တာနက်အသုံးပြုသူများကိုလည်း ...
(၁) www.forums.myanmarcommunity.com
(၂) http://sayamvasi.goolgepages.com (ပစ္စုပ္ပန်ကမ္မ၀ါဒ)
(၃) http://www.yatanar.co.cc (ရတနာ)
(၄) http://human-buddha.blogspot.com (လူသားဗုဒ္ဓ)
(၅) http://buddhismabc.blogspot.com (ဗုဒ္ဓဘာသာကကြီးခခွေး)
(၆) http://buddhismabc.blogspot.com (ဘာသာရေးဆွေးနွေးခန်း)
(၇) http://forums.myanmarcommunity.com (ဆွေးနွေးခန်း)
(၈) http://www.mandalaygazette.net (မန္တလေးဂေဇက်မဂ္ဂဇင်း)
(၉) http://azai.mmgenius.com (အပါယ်ရတနာ)
(၁၀) http://dhammaviharri.org (ဓမ္မ၀ိဟာရီ)
တို့ဖြင့် စည်းရုံးနေကြောင်း သိရသည်။
ပညာရှင်အင်အား၊ ဘာသာဝင်အင်အား၊ ငွေကြေးအင်အား၊ ပုံနှိပ်ထုတ်ဝေ ဖြန့်ချိရေးအင်အား အကြီးမားဆုံး၊ အခိုင်မာဆုံး အဓမ္မ၀ါဒီဂိုဏ်းကြီးဖြစ် ငွေရတုပူဇော်ပွဲစာအုပ်ကို သေချာလေ့လာကြည့်လျှင် အလွန်ပင်ထင်ရှားမည် ဖြစ်ပါသည်။ ပညာတတ်အမည်ခံ ဦးဥာဏိန္ဒာလင်္ကာရ၊ ဦးဝိစိတ္တသာရာဘိဝံသ၊
ဦးစိုးအောင် (သ-စ-အ ဓမ္မာစရိယ၊ သုတေသနကျမ်းပြုဌာနမှူးဟောင်း) စသည်များအပြင် စာရေးတတ်သူ၊ဟောပြောတတ်သူအများအပြားရှိနေကြသည်။အခြေခံသင်တန်းများရော၊ ဓမ္မ၀ိဟာရီသင်တန်းများပါ ရှိကြောင်းသိရပါသည်။ ဓမ္မ၀ိဟာရီသင်တန်းတို့တွင် အာသ၀က္ခယ ၀ိဟာရီစာတမ်း ပြုစုကြရကြောင်းလည်း သိရပါသည်။ ဓမ္မဆရာ ဦးရန်အောင်၏ ဟောပြော ချက်များအရ သြဠာရိက+သုခမ တိုင်းရင်းဆေးပညာရှင်များ အုပ်စုလိုက်ကြီးပင် ထိုဂိုဏ်းသားများ ဖြစ်ကြကြောင်းလည်း သိရပါသည်။ အင်းဝဘဏ်မှ ဦးရင်စိန်ကဲ့သို့သော သူများကြောင့်လည်းကောင်း၊ ဦးမြင့်ဝင်းမောင် (အေဇက်စာပေအိမ်) ကဲ့သို့ ပုံနှိပ်တိုက်ပိုင်ရှင် ကျွမ်းကျင်သူ များကြောင့်လည်းကောင်း၊ စာအုပ်အများအပြား ထုတ်ဝေနိုင်ကြောင်းလည်း သိရပါသည်။ ဦးဝိစိတ္တသာရာဘိဝံသသည် စာအုပ်များစွာတို့ကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ထုတ်ဝေလျက် နေရာများစွာသို့ သွားရောက်ပေးဝေ စည်းရုံးနေကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံတွင် ပညာသင်ကျောင်းသားအဖြစ် နေထိုင်လျက် ၀ါဒဖြန့်နေသူ ဦးကုမာရာလင်္ကာရလို နိုင်ငံတကာ ဆက်သွယ်ရေးကွန်ရက်များကို ဖန်တီးနိုင်ခြင်းကြောင့်လည်းကောင်း၊ ဦးÓဏကိုယ်တိုင်ကပင် ၀ိဟာရီအမည်ခံလျက် အင်တာနက် အသုံးပြုဟောပြောချက်၊ ဆွေးနွေးချက်တို့ကို ပြုလုပ်နေခြင်းကြောင့်လည်းကောင်း၊ ထိုင်းနိုင်ငံတွင်လည်း တစ်ဘ၀သာရှိသည့် ပဋိစ္စသမုပ္ပာဒ်ဝါဒီ ရှင်ဗုဒ္ဓဒတ္တလို ထိုင်းဘုန်းကြီးများရှိနေခြင်းကြောင့်လည်းကောင်း၊ အင်တာနက်အားဖြင့်လည်း ကမ္ဘာသို့တိုင်အောင် ပေါက်ရောက်ကျယ်ပြန့် လျက်ရှိနေကြောင်း သိရပါသည်။ စင်္ကာပူဗုဒ္ဓဘာသာလူငယ်များကြားတွင် အလွန်ရေပန်းစားသောဂိုဏ်းဖြစ်၍ စင်္ကာပူနေ မြန်မာဗုဒ္ဓဘာသာများက မှာယူသဖြင့် ပေးပို့ ရောင်းချသည့်စာအုပ်များမှာ များပြားလှကြောင်း သိရပါသည်။ အရိယဘဏ္ဍာရန်ပုံငွေကဲ့သို့သော ရန်ပုံငွေများလည်း အလှူခံလေ့ရှိခြင်းကြောင့် အလွန်တိုးတက်ကြီးထွားနေကြောင်း သိရပါသည်။ ထို့ပြင် လစဉ်ထုတ်ပေးစာများကို ရောင်းချသည့်ဝင်ငွေများနှင့် အခွန်လွတ်ထုတ်ဝေထားသည့် စာအုပ်ကြီးတို့ကို တစ်အုပ်လျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချသည့်အတွက် ဂိုဏ်းဝင်များထံမှ ရောင်းရငွေများကြောင့် အလွန်စည်ကားနေကြောင်း သိရသည်။ လွတ်လပ်တဲ့လူတစ်အုပ်လျှင် ကျပ် ၃၀၀၀၊ ငွေရတုပူဇာတစ်အုပ်လျှင် ကျပ် ၃၀၀၀၊ သင်တန်းခွေတစ်စုံလျှင် ကျပ် ၅၀၀၀ စသည်)။ ဤသို့ဖြစ်နေသည့် အင်အားများကြောင့် ၎င်းအဓမ္မ၀ါဒီဂိုဏ်းကြီးသည် အခိုင်မာဆုံး၊ အင်အားအကြီးဆုံး အဓမ္မ၀ါဒီဂိုဏ်းကြီး ဖြစ်နေရပေသည်။
သတိထား၍ ရှောင်ရှားကြပါကုန်
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿတိ
မှတ်ချက်။ ။အီးမေးလ်မှ တဆင့်ဖော်ပြပေးတာဖြစ်ပါတယ်။ ကျတော်အနေနဲ့ ဘာသာရေးနဲ့ ပက်သက်လို့ သာမန်မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပါတယ် မည်သူမှန်တယ် မှားတယ်ကို ဝေဖန်နိုင်တဲ့အဆင့်မဟုတ်တဲ့အတွက် စာဖတ်သူများ မိမိဖာသာချင့်ချိန်စဉ်စားတော်မူကြပါခင်ဗျာ။
တဆင့်ပေးပို့ပေးတဲ့ သူငယ်ချင်း ငယ်လေးမ ကိုကျေးဇူးတင်ပါတယ်။။

ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။

ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
လက်ရှိအစိုးရရဲ့ အကြီးဆုံးအတိုက်အခံ NLD ရဲ့ ရွေးကောက်ပွဲဝင်မှု ရလာဒ်တွေကို ပြန်ငဲ့ကြည့်ရင် ၁၉၉၀ ခုနှစ်မှာ ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းနဲ့ အမတ် ၈၀ ရာခ...
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
အာဏာရှင်တွေ ည၈နာရီရောက်တိုင်း ကြေးစည်သံကြား ခွေးမခံသာသလို ဗန်းထုသံကြား လဒမခံသာရအောင် မောင်းကြဟေ့ ဟဲ့ခွေး ရှုးရှုး
-
ဆရာ မင်းသုဝဏ်၏ ဘဝနှင့် စာပေ စကား မင်းသုဝဏ် [၁၉၀၉ - ၂၀၀၄] ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့တွင် အဖ ကုန်သည် ဦးလွ...
-
ပဲခူးမြို့ Cap1 ဦးထုပ်စက်ရုံမှ အလုပ,်သမားများအား ဖိနှိပ်ခိုင်းစေမှုများအား တိုင်ကြားခြင်း .
-
ကောက်ကြကောက်ကြ အာဏာရှင်သူပုန်ခေါင်းဆောင် သားက သူ့အဖေ ခိုးထားတာလေးတွေ စွန့်ကျဲနေပြီ အဲ့ပိုက်ဆံလေးတွေနဲ့ ကျေနပ်မနေကြနဲ့ မင်းတို့ရဲ့ အနာဂါတ်သာ...
-
စစ်သားပဲကွာ စစ်တိုက်ရင်းသေတာ ဘာဆန်းလဲ.. အသက်နဲ့ ခန္ဓာ လှူထားပြီးပြီမို့လား.. သေတော့ ဒါနမြောက်သွားတာပေါ့.. ဘာရေးကြီး ခွင်ကျယ်လုပ်နေရမှာလဲ.. သေ...
-
すべて表示 自分用に作成 ၃၀-၀၆-၂၀၁၀ နအဖ စစ်အုပ်စု၏ မတရားသည့် ရွေးကောက်ပွဲ ဥပဒေများ ကန့် ကွက်ဆန္ဒပြခြင်းနှင့် မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၈၅)လ ပြည်...
-
(၁) ငါတို့ မြန်မာတွေကြည့်ေ နမှန်းသိလို့.. မြန်မာ-ဗီယက်နမ် ဘောလုံးပွဲထုတ်လွှင့်မှုထဲမှာ.. မင်းတို့ရဲ့ မီးရောင်ထိန်နေတဲ့ မြို့ကြီးတွေ လမ်းမြ...
-
The Express Times ========================== စာအုပ် ၀ါသနာအိုးတွေ အတွက် .. အရမ်း ကို Smart ကျတဲ့ Links .. ========================== မာတိကာ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988