Tuesday, December 18, 2012

ဗုဒ္ဓဘာသာကို ကျောင်းသင်ခန်းစာအဖြစ်ပြဌာန်းသင်ကြားဖို့သင့်

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့

ဗုဒ္ဓဘာသာကို ကျောင်းသင်ခန်းစာအဖြစ်ပြဌာန်းသင်ကြားဖို့သင့်တယ်ဆိုပြီး
 ဆွေးနွေးထားတဲ့ပို့စ်မှာ ကိုကြည်စိုး ရေးသွားတဲ့ commentကို သဘောကျလို့ပြန်
လည်မျှဝေလိုက်ပါတယ်။

Kyi Soe

မြန်မာ့သမိုင်းတစ်လျှောက်လုံး မြန်မာလူမျိုးအားလုံးဟာ ကိုယ့်မင်းကိုယ့်ချင်း လွတ်လပ်တဲ့လူမျိုး၊ အဆင့်မြင့်တဲ့လူမျိုးအဖြစ် တင့်တင့်တယ်တယ် နေထိုင်နိုင်ခဲ့ကြတာဟာ ဗုဒ္ဓယဉ်ကျေးမှု

အဆုံးအမတွေကြောင့်ပဲ ဖြစ်ပါတယ်၊ ရှင်ဘုရင်ကအစ လယ်သမားအဆုံး အားလုံးဟာ ဘုန်းတော်ကြီးကျောင်းက သင်ပေးလိုက်တဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆုံးအမတွေနဲ့ မြန်မာ့သမိုင်းကို ရေးထိုးခဲ့ကြတာပါ၊ သူ့ကျွန်ဘ၀ကျရောက်စဉ်မှာတောင် မြန်မာလူမျိုးတွေအနေနဲ့ ယဉ်ကျေးမှု အဆုံးအမတွေနဲ့အညီ ကောင်းကောင်းမွန်မွန် အေးအေးချမ်းချမ်း နေထိုင်ကြတဲ့ အတွက် အုပ်ချုပ်ရလွယ်ကူခြင်း၊ အမှုအခင်း ပြဿနာနည်းပါးခြင်းတို့ကြောင့် ပဲခူး ၀န်ရှင်တော်မင်းကြီး ဆာ အာသာဖယ်ယာကတောင် မြန်မာတွေရဲ့ ဘုန်းတော်ကြီးကျောင်းပညာရေးကို အားပေးခဲ့ပါတယ်၊ အဓိက ဆိုလိုခြင်တာက ယဉ်ကျေးမှု အဆုံးအမတွေကို နားလည်ဖို့ပါ၊ ခေတ်အားလျော်စွာ ထွန်းကားလာတဲ့ ခေတ်မီပညာတွေကို သင်ကြားရင်း စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုအတွက် ဗုဒ္ဓဘာသာအဆုံးအမတွေကို ကလေးဘ၀ကတည်းက တွဲဖက်သင်ကြားပေးသင့်ပါတယ်၊ တကယ်တော့ ဗုဒ္ဓဘာသာအဆုံးအမတွေဟာ ဘာသာယုံကြည်မှုထက် လူ့မှုဘ၀ ကောင်းမွန်မြင့်မြတ်မှုကို အဓိကဦးတည်တဲ့အတွက် မည်သည့်ဘာသာဝင်မဆို သင်ယူနိုင်ပါတယ်၊ မင်္ဂလာတရားတော်၊ လောကနီတိဆုံးမစာ၊ ဂီဟိဝိနယခေါ်တဲ့ လူမှုဆိုင်ရာ လိုက်နာကျင့်သုံးသင့်တဲ့ moral ethics တွေ ဖြစ်တဲ့အတွက် တခြားဘာသာဝင် ကလေးများအတွက်လည်း သက်ဆိုင်ရာ ဘာသာယုံကြည်မှုကို မထိခိုင်စေပါဘူး၊ ဘာသာတိုင်းက လက်ခံနိုင်တဲ့ ယေဘုယျ လူ့ကျင့်ဝတ် သဘောတရားတွေသာ ဖြစ်ပါတယ်၊ လက်ရှိလည်း ဘာသာခြာတော်တော်များများက ၀ိပဿနာတရားတွေကို အားထုတ်နေကြတာပါပဲ၊ ဗုဒ္ဓဘာသာရဲ့ထူးခြားမှုက လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ အဆုံးအမတွေ နည်းလမ်းတွေ(universal principles)များသာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဟာ တခြားဘာသာ ယုံကြည်မှုကို မထိခိုက်စေပါဘူး၊ ဗုဒ္ဓဘာသာ အဆုံးအမကို လိုက်နာဖို့အတွက် ဗုဒ္ဓဘာသာကို ပြောင်းစရာ၊ သက်ဝင်စရာ မလိုပါဘူး၊ လက်ရှိဘာသာကနေလည်း ထွက်စရာမလိုပါဘူး၊ ဒီအတွက် ဘာသာခြားမိဘတွေ၊ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ပူပန်စရာ မလိုပါဘူး၊ တကယ်တော့ မြန်မာ့ယဉ်ကျေးမှုဆိုတာဟာ ဗုဒ္ဓအဆုံးအမပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်၊ ဗုဒ္ဓဘာသာဆိုင်ရာ အဆုံးအမများလို့ မသုံးဘဲ မြန်မာ့ယဉ်ကျေးမှု သင်ခန်းစာဆိုရင် အားလုံးလက်ခံနိုင်ပါလိမ့်မယ်၊ သင်ကြားတဲ့နေရာမှာတော့ ဘာသာခြားကလေးတွေကို ဆွဲဆောင်တဲ့ပုံစံမရောက်အောင် သင်ကြားပေးဖို့ပဲ လိုပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံမှာ မူလတန်းကတည်းက ဗုဒ္ဓဘာသာဆိုင်ရာ မြန်မာ့ယဉ်ကျေးမှုကို အရေးတကြီးထားပြီး သင်ကြားပေးဖို့ အချိန်တန်နေပါပြီ၊ ရပ်ကွက်ထဲမှာ၊ အလုပ်ထဲမှာ၊ လမ်းတွေပေါ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ အတော်ရင်လေးဖို့ ကောင်းနေပါပြီ၊ မြန်မာတွေဟာ ယဉ်ကျေးမှုမှာ အတော်ကိုပဲ အောက်တန်းကို ရောက်နေပါပြီ၊ အထူးသဖြင့် မြန်မာတို့ရဲ့ ပင်မစိတ်ဓါတ်ဖြစ်တဲ့ အချင်းချင်း ကူညီရိုင်းပင်းမှု၊ စာနာမှု၊ သူတစ်ပါးထိခိုက်မှုကို အလေးထားမှုစတာတွေဟာ အတော်လေး ဆိတ်သုဉ်းနေပါပြီ၊ တကယ်တော့ ယဉ်ကျေးမှုကို နားမလည်ကြတာဟာ တစ်ယောက်ကစ တစ်ရာဖြစ်လာပြီး သိတဲ့လူတွေတောင် အများကြားမှာ လိုက်နာလို့မရတဲ့ အခြေအနေကို ရောက်နေပါပြီ၊ ဒါကြောင့် ဘာသာရေးအမြင်ထက် ယဉ်ကျေးမှုအမြင်ကို ဦးစားပေးပြီး မြန်မာ့လူ့ဘောင်ကို ဦးဆောင်မယ့် ကလေးသူငယ်တွေကို ယဉ်ကျေးမှုဘာသာရပ်များ သင်ကြားပေးဖို့ အချိန်ရောက်နေပါပြီ ဆိုတာထက် နောက်ကျလို့တောင် နေပါပြီလို့ ဆိုလိုက်ချင်ပါတယ်။