Tuesday, October 08, 2013

မြန်မာအလှမယ်လား တရုတ်အလှမယ်လား



Alex Rain 

   သားတို့ သမီးတို့ ရေ... ဦးမိုး ပုံပြောပြမယ်...      ဟိုးရှေးရှေးတုန်းကပေါ့ကွယ်....      တရုတ်ပြည်မကြီးမှာ အစာရေစာ မလောက်လို့ ငတ်ပြတ်ပြီး မြန်တန့် ဆိုတဲ့ မြန်မာပြည်မှာ ရှိတဲ့ နန့်ခမ်း မြို့လေးကို ခိုးဝင်လာတဲ့ တရုတ်မိသားစု တစု ရှိသတဲ့ကွယ်။       အဖိုးကြီး အဖွားကြီးက ပြည်ကြီးက ဝင်လာတာဆိုတော့ မြန်မာစကား လုံးလုံး မတတ်ပေမဲ့ သူ့သားတွေကတော့ ငယ်ငယ်ရွယ်ရွယ် ပါလာတာရော၊ ပြည်တွင်းရောက်မှ မွေးလို့ မြန်မာစကားတော့ ကောင်းကောင်း ပြောတတ်သတဲ့။       ရောက်လာပြီး အလွယ်ဆုံး နဲ့ အမြန်ဆုံး ချမ်းသာမဲ့ ဘိန်းချက်ရောင်းပြီး စီးပွားရှာလိုက်တာ တော်တော်လေး စုမိဆောင်းမိ ဖြစ်လာသတဲ့။ ဘိန်းချက် စီးပွားရှာတာ ဆိုတော့ အန္တရယ် များတယ် မို့လား။ အဲဒါကြောင့် စစ်တပ်ကို ကျောထောက်နောက်ခံ လိုချင်လို့ ပြည်သူ့စစ် အဖွဲ့ဖွဲ့ပြီး ခေါင်းဆောင် လုပ်သတဲ့။       ငွေစလေးတွေလဲ များလာ၊ ပြည်သူ့စစ် အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဘိန်းရာဇာတွေဟာ လဝက ဦးစီးမှုး လောက်တော့ အိတ်ထဲ ထည့်ထားနိုင်တာပေါ့ကွယ်။ အဲဒီလိုနဲ့ မှတ်ပုံတင်တွေလဲ အပ်ချလောင်းဆို ရသွားကြတာပေါ့။       မှတ်ပုံတင်တွေ ရအပြီး အချိန်ကောင်းကို စောင့်နေခဲ့တာ ၈၈ အရေးအခင်း ဆိုတာကြီးလဲ ဖြစ်ကရော ပွဲလန့်တော့တာဘဲတဲ့။ လက်နက်မပါဘဲ ဆန္ဒပြတဲ့သူတွေကိုသာ သေနတ်နဲ့ ပစ်သတ်တတ်တဲ့ စစ်အစိုးရကလဲ သူ့ဘက် ပြတ်ပြတ်သားသား ရပ်တည်တဲ့ ဘိန်းဘုရင်တွေကို ခဝါချအပေး အဲဒီ တရုတ် ညီနောင်တွေဟာ နန့်ခမ်း ကနေ မြို့တော် ရန်ကုန်ထိ ခြေဆန့်လာခဲ့ကြသတဲ့။       ဝင်းဝင်းကွိုင် ဆိုတဲ့ export/ import ကုမ္ပဏီ တခုထောင် ပြီး စစ်ဗိုလ်ချုပ်ကြီးတွေ နဲ့ပေါင်း မြတ်မယ်ထင်တာ အကုန်လုပ်တော့တာပေါ့။ တရုတ်ဆပ်ပြာမှုန့်တွေကို အိုချို၊ အိုလို ဆိုပြီး တရုတ်နယ်စပ်မှာတင် အိတ်ထဲထည့်ပြီး သြဇီကလိုလို ဂျပန်ကလိုလို သွင်းလိုက်တာလဲ သောက်သောက်လဲ မြတ်သတဲ့လေ။       မြန်မာပြည်ထဲ ဘယ်သူမှ မသောက်တဲ့ ဟန်တရှောင် ဆိုတဲ့ ဆေးလိပ်က တရုတ်ပြည်မှာ ရောင်းကောင်းတော့ တရုတ်ပြည်က နေ ကိုယ်စားလှယ်ယူ၊ ဟိုဘက်ထဲတင် ကန်ချ လုပ်ပြီး လဲ သူ့ဇာတိ ချက်မြှုပ်ပါ မချန် လုပ်စားတဲ့ အမြီး တဝက် ကျက်ရင်တောင် တဝက် အရင်စားတဲ့ သူတွေပေါ့။       နောက်တော့ ပြည်မက တရုတ်ကုမ္ပဏီ တခု ကို အကျိုးတူ ဖက်စပ် လုပ်မယ် ဆိုပြီး သွားခေါ်ချလာတယ်။ ဝီဝီ မန်ကျည်း ဆိုပြီး လုပ်ပါလေရော။ အဲဒီကနေ ပိုပြီး စီးပွားရေး အကွက်မြင်တဲ့ အကိုကြီးက သြဇီထိတောင် ရောက်သွားသတဲ့။ နောက်တော့ ဝီဝီ မန်ကျည်း အောင်မြင်မဲ့ အလားအလာ လဲ ရှိရော ဘဏ်ကငွေတွေ ချေးပြီး တရုတ်တွေကို ကန်ထုတ် ဝီဝီ အသီးပေါင်းစုံ အနံ့တွေ ထည့် လုပ်ပါလေရောလား။ သက်တမ်းလွန် ဗူးတွေလည်း ဖောက်ထည့်၊ ဆေးသကြားတွေ ထည့်ချင်သလို ထည့်တာမို့ ကျန်းမာရေးနဲ့လည်း မညီဘူးကွဲ့။ သားတို့ သမီးတို့သောက်ရင် ချောင်းဆိုးမယ်နော်...       အဲဒီ အချိန်ထိ ရန်ကုန်မှာ အခြေချလာကြတဲ့ သူတို့ ဘိန်းရာဇာတွေ အသိုင်းအဝိုင်း ဆိုတာ နီးနီးကပ်ကပ် ပေါင်းသင်း လုပ်ကိုင်နေကြပေမဲ့ နန့်ခမ်းဘက်မှာ ဘိန်း လုပ်တုန်းလား မလုပ်တော့ဘူးလားတော့ ဦးမိုးလဲ မသိဘူးကွဲ့။       ညီနောင်တွေထဲက အငယ်ကောင် ဆိုတာက နှာဘူးထဖို့နဲ့ အလုပ်သမားတွေ ကို ဆဲဖို့လောက် သိတာကွဲ့။ သူ့ခြေတော်တင်မှာကြောက်လို့ ထွက်ပြေးလာတဲ့ ဝန်ထမ်း ရှိသလို၊ သဌေး ဆိုပြီး ချူစားတဲ့ ဝန်ထမ်းလဲ ရှိသကွဲ့။ စက်ရုံထဲက အလုပ်သမားတွေ ဆိုရင်တော ပေါင်၂လုံးကြားက ပစ္စည်း နဲ့ ကလော်တုတ် ဆဲနေတာ ငါးစိမ်းသည်တောင် ထိုင်ငို သွားရလောက်အောင် ယုတ်ယုတ်ပတ်ပတ် တွေ ဆဲသတဲ့ကွယ်။       အဲဒီလို သမာအာဇီဝ ဆိုတာ ဘာမှန်း မသိတဲ့ သူတွေက စစ်ဘီလူးတွေနဲ့ပေါင်းပြီး ချမ်းသာသထက် ချမ်းသာလာကြပြီး အခြေတကျ ဖြစ်သွားလိုက်တာများ အခုဆိုရင် အငယ်ကောင် နှာဘူး ရဲ့ သမီးလေးတောင် လူလားမြောက်လို့ အသက် ၂၅ လောက် ရှိပြီတဲ့။သမီးလေး တောင် အမေရိကားကနေ ပညာသင်တွေ ဘာတွေ သွားပြီး ပြန်လာကြပြီတဲ့လေ။       အဲဒီ သမီးလေးက အချောအလှလေးကွဲ့။ အရပ်ကဆို ၅ ပေ ၉ လက်မတောင် မြင့်တယ် ဆိုဘဲ။ ပြည်ကြီးပေါက် တရုတ်နဲ့ ပြည်မ က တရုတ်မကြီး က မွေးလာတဲ့ ရန်ကုန်ပေါက် တရုတ်မလေး ဟာ အခုဆိုရင် မြန်မာမလေး အဖြစ်နဲ့ မယ်တာဝတိံသာ အဖြစ် မြန်မာပြည်ကိုယ်စားပြု ပြိုင်ဖို့ အရွေးခံရရောတဲ့ကွယ်။       အဲဒီလို မျိုးရိုးက ဆင်းသက်လာတဲ့ တရုတ်မလေးကို "မျိုးချစ် မြန်မာမလေး" လို့ facebook ပေါ်က လူတွေ ထင်နေကြတာ ဦးမိုးတော့ ခွိခွိခွိ လို့သာ ရယ်ချင်နေတော့ တာပါဘဲကွယ်။       သားတို့ သမီးတို့ ရေ ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။ သားတို့ သမီးတို့တတွေလဲ အပေါ်ယံလေးတင် ကြည့်ပြီး မဆုံးဖြတ်မိဖို့ သင်ခန်းစာ ယူကြနော်...။