Friday, March 22, 2013

ရန်ကုန်မြို့တွင်းလုံခြုံရေးပုံမှန်ထက်တိုးမြှင့်၍ ညစဉ် ကင်းလှည့်မှုများရှိ

April Maung Maung's photo.
ရန်ကုန်မြို့တွင်းလုံခြုံရေးပုံမှန်ထက်တိုးမြှင့်၍ ညစဉ် ကင်းလှည့်မှုများရှိ
======================================
ယခုဖြစ်ပွားနေသော ကိစ္စရပ်များကြောင့် ရန်ကုန်မြို့တွင်း၌ ပုံမှန်ထက် လုံခြုံရေးတိုးမြှင့် ချထားပြီး ညဘက်တွင်လည်း ကင်းလှည့်မှုများကို ပြုလုပ်နေကြောင်းရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူးကြီး ဦးသက်လွင် ကThe Street View သို့ပြောကြားခဲ့သည်။“ ကျွန်တော်တို့အနေနဲ့ ပုံမှန်ထက်တိုးပြီး လုံခြုံရေးတွေ ချထားပါတယ်။ ဒါပေမယ့် စိုးရိမ်စရာတော့မရှိပါဘူး။ ညစဉ် ကင်းလှည့်တာတွေကိုလည်း စောင့်ကြည့်ရင် သိနိုင်ပါတယ်။ကျွန်တော်တို့ ပြည်သူလူထု ကလည်း ကောလဟာလတွေကို မယုံမိဖို့ အရေးကြီးပါတယ်” ဟုဦးသက်လွင် ကပြောကြားသွားခဲ့သည်။

The Street View

The Street Vie
.