ခွန်ဆာအကြောင်းသိကောင်းစရာ။
ခွန်ဆာ (၁၇-၂-၁၉၃၄ မှ၂၆-၁၀-၂၀၀၇) သည်လွိုင်မော် မြို့ တွင်
မွေးဖွါးခဲ့သည်။ခွန်ဆာကို ဘိန်းဘုရင် ဟုသိကြပြီးရွှေတြိဂံဒေသတွင် ဘိန်းရောင်းဝယ်ရေးလုပ်ငန်း ကို လုပ်ကိုင်ခဲ့သည် ။
ခွန်ဆာသည် ရှမ်းပြည်သွေးစည်းရေးတပ်မတော်နှင့်Shan United Army
နှင့် the Mong Tai Army တို့တွင် ခေါင်းဆောင်ဖြစ်၏ ။
ကိုယ်ရေးရာဇ၀င်
ခွန်ဆာ၏ဖခင်မှာ တရုတ်လူမျိုးဖြစ်ပြီး အမေမှာ ရှမ်းလူမျိုးဖြစ်သည် ။
သူ၏ ကလောင်အမည်ကို ခွန်ဆာ(Khun Sa) အဖြစ်ခံယူခဲ့ပြီး ခွန်ဆာ၏ အဓိပ္ပါယ်မှာ အေးချမ်းသောသူ ဟု အဓိပ္ပါယ်ရသည်။
သူအရွယ်ရောက်လာသောအခါ ကူမင်တန် တွင် စစ်ပညာသင်ကြားခဲ့ပြီး တရုတ်ပြည်တွင်းစစ်တွင် စစ်ရှုံးသောအခါ ယူနန်(Yunnan) မှ မြန်မာ (Myanmar) သို့ထွက်ပြေးခဲ့ပြီး သူ၏ ကိုယ်ပိုင်တပ်မတော်ကို ရာဂဏန်း အနည်းငယ်ဖြင့်ချက်ချင်းပင်ဖွဲ့ စည်းခဲ့သည်။
၁၉၆၃ ခုနှစ် ဦးနေ၀င်း အစိုးရ လက်ထက်တွင် ရှမ်းသူပုန်များကို တော်လှန် တိုက်ခိုက်ရန်အတွက် အစိုးရအပေါ်သစ္စာရှိသော ဒေသခံစစ်တပ် အဖြစ် ပူးပေါင်းခဲ့ပြီး ထိုသဘောတူညီချက်မှ ပိုက်ဆံများ ၊စစ်ဝတ်စုံများ နှင့်
လက်နက်များ ရရှိခဲ့သည်။
ထို့နောက်သူ၏ စစ်တပ်ကို တိုးချဲ့  ဖွဲ့ စည်းခဲ့ရာ အယောက် ၈၀၀ ခန့် ရှိသောအခါ မြန်မာအစိုးရ နှင့် ပူးပေါင်းခြင်းကို ရပ်ဆိုင်းခဲ့ပြီး ရှမ်းနယ်မြေများစွာ နှင့် ၀ပြည်နယ်များ ကိုထိန်းချုပ်ခဲ့ပြီး ဘိန်းဖြူ ထုတ်လုပ်ခြင်းကို တိုးချဲ့  ခဲ့သည် ။
၁၉၆၇ ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်း ကူမင်တန် လက်ကျန်များနှင့်
တိုက်ပွဲဖြစ်ခဲ့ရာမှ စစ်ရှုံး ခဲ့သောအရှိန်ကြောင့် ခွန်ဆာသည် စိတ်ဓါတ် အလွန်ကျဆင်းခဲ့သည် ။ ၁၉၆၉ ခုနှစ်တွင် ရန်ကုန်အစိုးရမှ သူ့အား
ဖမ်းမိခဲ့သည် ။
၁၉၇၃ ခုနှစ်တွင် ကင်းလွတ်ခွင့် ရခဲ့ပြီး ရုရှား ဒေါက်တာနှစ်ယောက်ကို ခိုးမှုကျူးလွန်ရန် အမိန့်ပေးခဲ့သည် ဟု သတင်းထုတ်ပြန်ခဲ့သည်။
၁၉၇၆ခုနှစ် သူလွတ်မြောက်ပြီးနောက် ထိုင်းနိုင်ငံမြောက်ပိုင်း ရှိ ဘန်ဟင်တက်(Ban Hin Taek) ရွာအတွင်းပိုင်းတွင် အခြေချခဲ့ပြီး ဘိန်းမှောင်ခိုတင်သွင်းခြင်းလုပ်ငန်းကိုတဖန်ပြန်လည်လုပ်ဆောင်ခဲ့
သည်။
သူ၏ စစ်တပ်ကို ရှမ်းပြည်သွေးစည်းရေးတပ်မတော်(Shan United Army)ဟု နာမည်ပြောင်းခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့် နှင့် လုပ်ပိုင်ခွင့် များရရှိရန် မြန်မာအစိုးရ ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။
၁၉၈၁ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်မူးယစ်ဆေးဝါးအတည်ပြု ကိုယ်စားလှယ်အဖွဲ့  (US Drug Enforcement Agency)နှင့်ထိုင်းမြင်းစီး တပ်သား နှင့် မြန်မာမြို့ တွင်းပျောက်ကျားများ ဖြင့်ဖွဲ့ စည်းခဲ့သော
(၃၉)ယောက်သော အဖွဲ့ ဖြင့် ခွန်ဆာ အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
သို့သော်လည်း ၁၉၈၂ ခုနှစ် ဇန်န၀ါရီလတွင် ပက်သုန်ချိုင်(Pak Thong Chai)မှ ထိုင်းမြင်းစီးတပ်ဖွဲ့  ၊ထိုင်းနယ်နိမိတ်လှည့်ကင်းရဲများ ၊ထိုင်းနန်းစဉ်
တပ်မတော်(Royal Thai Army) တို့ပူးပေါင်းပြီး မြန်မာနိုင်ငံ
နယ်နိမိတ်နှင့် မျက်နှာချင်းဆိုင် မှ ဘန်ဟင်တက်(Ban Hin Taek)
ရွာလေးမှ ခွန်ဆာ၏ဌာနချုပ်ကို ပူးပေါင်း တိုက်ခိုက်ခဲ့သည်။
၁၉၈၅ ခုနှစ်တွင် ထိုင်းတော်လှန်ရေးကောင်စီ နှင့် ဆက်သွယ်နိုင်ခဲ့ပြီး ပူးပေါင်းခြင်းကို ရရှိခဲ့သည်။ထိုပူးပေါင်းခြင်းကြောင့် ထိုင်း-မြန်မာ
နယ်နိမိတ် အားလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး မယ်ဆိုင်(Mae Sai)သည်လည်း
ရွှေတြိဂံဒေသ၏ ဘိန်းဖြူ မှောင်ခိုတင်သွင်းရာ နေရာတစ်ခုဖြစ်လာခဲ့သည်။
၁၉၇၄ မှ ၁၉၉၄ ခုနှစ် တိုင်အောင် ဆယ်စုနှစ် နှစ်ခုအတွင်း ရှမ်းပြည်နယ် တွင် ခွန်ဆာ၏ သြဇာ ကြီးမားမှုကို အံသြဖွယ် တွေ့  မြင်နိုင်သည်။ နယူးယောက် လမ်းများပေါ်မှ ဘိန်းဖြူ များ နှင့်ထိုင်း နှင့် လာအို တွင် (၈၀)ရာခိုင်နှုန်းခန့်သည် မြန်မာနိုင်ငံမြောက်ပိုင်း ရှိ ရွှေတြိဂံဒေသမှ ထွက်ရှိသောဘိန်းဖြူများဖြစ်သည်။
မူးယစ်ဆေးဝါး အတည်ပြု အုပ်ချုပ်ရေး ရုံး၏ အဆိုအရ ရွှေတြိဂံ ဒေသမှ ဘိန်းဖြူများသည် (၉၀) ရာခိုင်နှုန်း သန့်စင်မှုရှိပြီး ဘိန်းဖြူထုတ်လုပ်ရေး လုပ်ငန်းအားလုံးတွင် အကောင်းဆုံး ဟုဆိုသည်။
ထိုင်းနိုင်ငံ မြောက်ပိုင်း ခွန်ဆာ၏ ဘိန်းဖြူရောင်းဝယ်ရေးတွင် ပန်းသေး တရုတ် မူစလင် လူမျိုး မဇန်းဝမ် (Ma Zhengwen) မှကူညီခဲ့သည် ဟုသိရသည်။
၁၉၈၈ ခုနှစ်တွင် သြစတြေးလျ သတင်းထောက် စတီဗင်ရိုက်စ်
(Stephen Rice)သည် ခွန်ဆာ(Khun Sa) အား တွေ့ ဆုံမေးမြန်းရန် ထိုင်းနိုင်ငံနယ်စပ်မှ မြန်မာနိုင်ငံသို့ ခိုးဝင်ခဲ့သည်။
သူ၏ဘိန်း သီးနှံ အားလုံး ကို (၈)နှစ်တာ ကာလအတွင်း အပြီးရောင်းချရန် သြစတြေးလျ အစိုးရအား ကမ်းလှမ်းခဲ့သည်။တစ်နှစ်လျှင်ဘိန်းဖြူ
တန်ဖိုး သြစတြေးလျဒေါ်လာ သန်း (၅၀)ခန့်မျှ (၈) နှစ် ၀ယ်ယူရန် ကမ်းလှမ်းခဲ့ပြီး ထိုကမ်းလှမ်းချက်ကို သြစတြေးလျ အစိုးရမှ ငြင်းပယ်ခဲ့ပြီး လွှတ်တော်အမတ် ဂရဲ(တ်)မှ “သြစတြေးလျအစိုးရသည် ငြင်းဆိုကြောင်း
ပြစ်မှုကျူးလွန်သူ နှင့် အလုပ်မလုပ်ဘဲ ရိုးရှင်းစွာနေကြောင်း နှင့်
ပြစ်မှုကျူးလွန်သော လုပ်ဆောင်မှု များကို ရှောင်ကြဉ်ကြောင်း ”
ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုကမ်းလှမ်းချက်ကြောင့်ပင် အမေရိကန်ပြည်ထောင်စု နှင့် သြစတြေးလျ
နိုင်ငံ နှစ်ခုစလုံး၏ ဘိန်းဖြူ ရောင်းဝယ်ရေးအားလုံးနီးပါး ရပ်ဆိုင်းခဲ့ရသည်။
၁၉၈၉ ခုနှစ်တွင် နယူးယောက်(New York) သို့ ဘိန်းဖြူ တန်ချိန်(၁၀၀၀) တင်ပို့ရန် ကြိုးပမ်းခဲ့မှုကြောင့်ခွန်ဆာ အား နယူးယောက် တရားရုံးမှ
စောင့်ကြည့် ခံနေရစဉ် အမေရိကန်ပြည်ထောင်စု မှ သူ၏
ဘိန်းထုတ်ကုန် အားလုံး ၀ယ်ယူရန် အဆိုပြုခဲ့သည်။
ထိုသို့ အမေရိကန်ပြည်ထောင်စုက သူ၏ အဆိုပြုချက်ကို ငြင်းဆိုလျှင်
နိုင်ငံတကာ သို့ ရောင်းချမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ခွန်ဆာသည် အမေရိကန် ၏ ဘိန်းဖြူမှောင်ခိုရောင်းချသူအဖြစ်
စောင့်ကြည့်နေမှုအပေါ်စိုးရိမ်သောကြောင့် ၁၉၉၆ခုနှစ်တွင် မြန်မာနိုင်ငံတွင် တရားဝင်လက်နက်ချခဲ့သည်။ ခွန်ဆာအား ဖမ်းဆီးပေးနိုင်သူအား
အမေရိကန်ဒေါ်လာ (၂)သန်း ဆုငွေ ပေးမည်ဟု US DEA မှ ဆုငွေ ထုတ်ပြန်ခဲ့သည်။ခွန်ဆာသည် ရှမ်းပြည်နယ်မှ ရန်ကုန်မြို့ သို့ ပြောင်းရွှေ့ ခဲ့သည်။
သူ၏ ဘ၀ကို ရန်ကုန်မြို့  ၊ မန္တလေးမြို့  နှင့် တောင်ကြီးမြို့ တို့တွင်
အေးချမ်းစွာနေထိုင်နိုင်ခဲ့သည်။
မီဒီယာပိုင်း
၂၀၀၇ ခုနှစ်တွင် သရုပ်ဆောင် ရစ်ရမ်း(Ric Young) က ခွန်ဆာ၏ အကြောင်းကို သရုပ်ဖော်ထားသော အမေရိကန် ဂမ်းစတား
(American Gangster) ဟူသော ရုပ်ရှင်ရိုက်ကူးခဲ့သည်။
ကွယ်လွန်ခြင်း
အောက်တိုဘာလ ၂၆ရက် ၂၀၀၇ခုနှစ် ၊ ရန်ကုန်မြို့  တွင် ခွန်ဆာ အသက် (၇၃) နှစ် ကွယ်လွန်သည် ။ သူ၏ရုပ်အလောင်းကိုမြောက်ဥက္ကလာပရှိ
ရေဝေးသုသာန်တွင်မြေမြှုပ်ခဲ့ သည်။
NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language
skip to main |
skip to sidebar
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
ဝီရသူ(မစိုးရိမ်) ယနေ့(၁၀-၆-၂၀၁၂) ညနေ ၃း၀၀- အချိန်တွင် စစ်တွေမြို့၊ ရမ်းဗြဲမြို့၊ သံတွဲမြို့၊ ကျောက်ဖြူမြို့ တို့တွင်(144) ညမထွက်ရ အမိန်...
-
အများသူတို.ကိုဗဟုသုတ ရစေချင်သောအလို.ငှာ ပြန်လည်မျှဝေလိုက်ရပါသည်။ မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော ...
-
သေချာစဉ်းစားကြည့်ပါ။ သာကေတအာရဗီစာသင်ကျောင်းလို မွတ်ဆလင်နဲ့ပြဿနာတက်တဲ့အချိန်တွေမှာ အီရန်လိုသံရုံး မြန်မာပြည်မှာ ပြဿနာရှိနေရင် ပြဿနာပိုကြီးသွာ...
-
ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့ ဒီကိစ္စကို ခွင့်ပြုခဲ့တဲ့ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်။ ဒီမ...
-
Myanmar Defense League - MDL သမိုင်းကြောင်းတွေနဲ့လည်း လာမပြောပါနဲ့တော့ ငြင်းခုန်ရတာစိတ်ကုန်လာပြီ။ ရခိုင်နယ်ပာာ ရခိုင်လူမျိုးတွေရဲ့ပိုင်နက်...
-
ဦးလွင် (ဗိုလ်မှူးကြီးမောင်လွင် - အငြိမ်းစား) အတွင်းရေးမှူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။ သုံးခွမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသာ...
-
Mg Byine O 's photo . မိတ္ထီလာသားဆိုတော့ မိတ္ထီလာအကြောင်း လျှာရှည်လိုက်ပါဦးမယ်။ လျှာရှည်တာကလည်း ရှည်ချင်လွန်းလို့တော့ မဟုတ...
-
စောက်အလ္လာ နှင့် -ီးမိုဟာမက် 's photo . အစ္စလာမ်နှင့် အလိမ်အညာ လူ့အခွင့်အရေး အစ္စလာမ်ဘာသာက လူသားတွေကို လူ့အခွင့်အရေး တန်းတူညီမ...
-
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာရင် တွေ့ဆုံနိုင်ဖို့ တိုင်းနဲ့ ပြည်နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဝင်တွေ ဒီကနေ့ ရန်ကုန်မြို့ ကိုရောက်လာေ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988