Tuesday, January 22, 2013

သမ်မန်ထချီး ဝူတိန်ဆိမ် အပေါ်ဒီလိုမြင်တယ်

ခွန် ဒီးယမ်

ယခုတလော Online စာမျက်နှာများတွင် သမ္မတဦးသိန်းစိန်နှင့် ၎င်း၏ မိသားစုများနှင့်ပတ်သက်၍ မသိမသာရောသိသိသာသာပါ ချီးကျူးရေးသားထားသည့်စာများ မကြာခဏတွေ့လာရပါသည်။ ၎င်းစာများတွင်ဦးသိန်းစိန်ရိုးသားပုံ၊စိတ်ထားနူးညံ့ပျော့ပျောင်းပြီး
ပြည်သူလူထုအပေါ်ဂရုစိုက်ပုံ၊ ဦးသိန်းစိန်၏ မိသားစုဝင်များ ကလည်း ယခင် စစ်အစိုးရခေါင်းဆောင်၏ မိသားစုဝင်
များနှင့်ကွာခြားပုံ စသည်တို့ကို အထူးအလေးပေး
ရေးသားလာကြသည့်အပြင် ဦးသိန်းစိန် စစ်သားဘဝ
ဦးသိန်းစိန်၏လက်အောက်ငယ်သားများကိုငဲ့ညှာပုံ၊
အမိန့်နာခံတတ်ပုံတို့ကိုအမွှန်းတင်ရေးသားလာသည်ကို
တွေ့လာရသည်။ ပြည်သူတို့ကိုစည်းရုံးရင်း ဆန္ဒကို လည်း
တတ်နိုင်သမျှလိုက်လျောနေသည့်အတွက် ယခု ဆက်သွယ်ရေးကချပေးမည့် ဖုန်းများပင်
ဆက်သွယ်ရေး ၀န်ကြီးပြုတ်သွားသဖြင့် ၅၀၀၀ တန်ဖုန်းများထွက်လာမည်ဟု ပြည်သူအများက
ယူဆနေကြသည်။၅၀၀၀တန်ဖုန်းများရောင်းနိုင်ပါက
ပြည်သူတို့၏မေတ္တာကို ပိုရပေဦးမည်။ နောက်ဆုံး Online တွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့လာရသည့် မုန့်ဟင်းခါးရောင်းစားမည့် မြန်မာနိုင်ငံ၏ First Lady ဟူသော ဆောင်းပါးလေး ကလဲ ဦးသိန်းစိန်ကို ထောက်ခံသည့်လူများအတွက် မနောခွေ့စ
ရာပင်။ သို့သော် မြန်မာနိုင်ငံ၏ သမ္မတကတော်
တစ်ဦးကတော့ မုန့်ဟင်းခါးရောင်းစားလိမ့်မည်ဟုတော့ မထင်ပါ။ အစိုးရသစ် တာဝန်ယူကာစတွင် သမ္မတ ဦးသိန်းစိန်အနေဖြင့် သမ္မတတာဝန်ဝတ္တရားများကို ယခု ပထမငါးနှစ် သမ္မတသက်တမ်းအတွက်သာ တာဝန် ထမ်းဆောင်မည်ဟု ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင်
ပြည်သူလူထု ဆန္ဒရှိပါက နောက်သက်တမ်း အတွက်ပါ တာဝန်ယူကောင်းယူမည်ဟု ပြောဆိုလာပြန်သည်။ သတင်းထောက်များနှင့်တွေ့ဆုံ မေးမြန်းရာတွင် လည်း ၎င်းသည် နှလုံးမကောင်းသဖြင့် နှလုံးခုန်စက်ဖြင့် အသက်ဆက်နေရကြောင်း ပြည်သူလူထုမှ ဂရုဏာစိတ်ဝင်အောင် မကြာခဏ ရှင်းပြလေ့ရှိသည်။ ထို့ကြောင့် ဦးသိန်းစိန်အနေဖြင့် ၎င်း၏ ငယ်စဉ်ဘ၀က ရိုးဂုဏ်ကို ဆယ်ကာ ပြည်သူလူထု၏ သနားဂရုဏာမှတဆင့်
ထောက်ခံမဲရရှိအောင် ယခုကတည်းက မဲဆွယ်စည်းရုံး
နေပြီလားဟု စဉ်းစားစရာဖြစ်လာပါသည်။

- By ရဲရင့်သူ