Monday, January 21, 2013

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များကို မောင်တောကုလားများက လူအုပ်ဖြင့် နှောင့်ယှက်လေ့ရှိ

By Thaung Kwre

စစ်တွေ ၊ ၂၀ ဇွန်န၀ါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆိုင်ရာ ၀တ္တရားဆောင်ရွက်မှုများကို ဆောင်ရွက်နေစဉ် ဘင်္ဂါလီကုလားများက လူအုပ်ဖြင့် နှောင့်ယှက်သည့် ဖြစ်ရပ်များ ဇွန်န၀ါရီလအတွင်း အနည်းဆုံးနှစ်ခု ဖြစ်ပျက်ခဲ့သည် ဟု သိရသည်။

ဇွန်န၀ါရီလ (၁၅)ရက်နေ့ မောင်တော မြောက်ပိုင်း ကြက်ရိုးပြင်ကျေးရွာ တွင် တရားမ၀င်ဘင်္ဂလာမိုဘိုင်းဖုန်း ကိုင်ဆောင်သည့် ဘင်္ဂါလီတစ်ဦးအား နစက တပ်ဖွဲ့ဝင်သုံးဦးက အိမ်ပေါ်တက်ဖမ်းဆီးနေစဉ်၊ ရွာသား ဘင်္ဂလီကုလားများ က ထိုအိမ်ကို ဓါးဖြင့်ဝိုင်းထားကြရာ၊ ပြည်သူ့ရဲတပ်ဖွဲ့အား အကူအားဖြည့်ရန် ဖုန်းဆက်ကာ အချိန်မီအကြောင်းကြားနိုင်ခဲ့သောကြောင့် အဆိုပါ နစက တပ်ဖွဲ့ဝင် သုံးဦးမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။

မောင်တော တောင်ပိုင်း ဂေါ်ဒူသာရတွင် ပြီးခဲ့သည့် ဇွန်လ ဘင်္ဂါလီဆူပူမှု၌ ဦးဆောင်ခဲ့သူ ဘင်္ဂါလီတစ်ဦးသည် ထိုစဉ်က လုံခြုံရေးတပ်ဖွဲ့များက လိုက်ဖမ်းသည့်အတွက် ဘင်္ဂါလာဒေ့ရှ်နိုင်ငံဘက်သို့ထွက်ပြေးသွားခဲ့ပြီးနောက် ယခုပြန်လည်ရောက်ရှိနေသည် ဟု သတင်းရသဖြင့် တပ်မတော်သားများ နှင့် နစက တပ်ဖွဲ့ဝင်များက ဇွန်န၀ါရီလ (၁၇) ရက်နေ့က ၀င်ရောက်ဖမ်းဆီးရာ၊ ရွာသားကုလားတစ်ယောက်က အော်ဟစ်အချက်ပေးပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအားတိုက်ခိုက်ရန် ကုလားလူအုပ်က ၀ိုင်းရံလာရာ သေနတ်ကို မိုးပေါ်ထောင်ပစ်ပြီး လူစုခွဲခဲ့ရသည် ဟု ဆိုသည်။

( Coral Arakan အတွက် သောင်းကြွယ် ရေးသားသည်။)