Friday, November 09, 2012

ငါးဖမ်းနေသောသားအဖနှစ်ဦး ဘင်္ဂါလီများ၏ လုပ်သေနတ်ဖြင့် ပစ်ခတ်ခံရ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် စိုးမဲ့ကြည်ကျေးရွာတွင် အကြမ်းဖက်ဘင်္ဂါလီမူဆလင်များ၏ လုပ်သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ငါးဖမ်းနေသောသားအဖနှစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ ဖြစ်စဉ်မှာ ၎င်းတို့နေထိုင်ရာ ရမြိုင်ချိုင်ကျေးရွာမှ စောမဲ့ကြည်ကျေးရွာသို့ နိုဝင်ဘာလ(၈)ရက်နေ့ ညနေ ၅း၀၀နာရီခန့်တွင် သွားရောက်ငါးဖမ်းစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။ အပစ်ခံရသူမှာ အဖ ဦးသန်းဦး(အသက် ၄၄ နှစ်)နှင့်အတူ သား မောင်ဝင်းဝင်းချေ(အသက် ၉ နှစ်)တို့ ဖြစ်ပြီး ဖခင်ဖြစ်သူမှာ ဒဏ်ရာပြင်းထန်သဖြင့် ည ၉း၃၀အချိန်တွင် စစ်တွေဆိပ်ကမ်းသို့ စက်လှေဖြင့် ရောက်ရှိလာပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားရကြောင်း သိရသည်။ အဆိုပါဒေသတွင် ကုလားရွာ ၃ ရွာ ရှိပြီး လူဦးရေ ၂သောင်း ရှိကြောင်း ရခိုင်ရွာ ၁၈ ရွာ ရှိပြီး လူဦးရေ ၇၉၀သာရှိကြောင်း သိရှိရပါသည်။ —

အေးချမ်းမွန်မှ Burma VJ Media Network တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။