Friday, November 16, 2012

အစိတ်သားကိစ္စ နှင့် ပတ်သက်၍ မေးခွန်း ထုတ်ခဲ့သည့်ဆ ဒေါက်တာအေးမောင် ကို လွှတ်တော်ဥက္ကဌ သတိပေး

ယနေ့ ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို လူထု က တိုက်ရိုက် ရေးဆွဲခြင်း ဟုတ် ၊ မဟုတ် နှင့် တပ်မတော်သား ကိုယ်စာလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်သည့် ကိစ္စ နှင့် ပတ်သက်၍ မေးခွန်း ထုတ်ခဲ့သည့် ဒေါက်တာအေးမောင် ကို ပြည်သူ့လွှတ်တော် ဥက္ကဌ က ဥပဒေကြမ်း ပါ နိုင်ငံတော် သမ္မတ ၏ သဘောထား မှတ်ချက်ကိုသာ ဆွေးနွေး ရန် သတိပေးခဲ့ကြောင်း နေပြည်တော် The Voice Weekly က သတင်းပေးပို့သည်။

နိုင်ငံတော် သမ္မတ ၏ သဘောထားမှတ်ချက် နှင့် အတူ ပြန်လည်ပေးပို့လာသော ၂၀၁၂ခုနှစ် ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေကြမ်း နှင့် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေကြမ်း အပေါ် နိုင်ငံတော် သမ္မတ ၏ သဘောထား မှတ်ချက်ပြုခြင်း နှင့် စပ်လျဉ်း၍ ဆွေးနွေးခွင့်ရသည့် လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦး အနက် အဆိုပါ သတိပေးခံရသည့် ဒေါက်တာအေးမောင် မှာ တစ်ဦးအပါအဝင်ဖြစ်သည်။

အေးချမ်းမွန်မှ The Voice Weekly တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။