Wednesday, November 14, 2012

တစ်ကျော့ပြန်ဖြစ်ပေါ်သော ဘင်္ဂလီ-ရခိုင်ပဋိပက္ခ မှ ရခိုင်ခြောက်ဦးကို စတင် စွဲချက်တင်

၁၃၊ နိုဝင်ဘာ၊ ၂၀၁၂ ။ Coral Arakan ( သတင်းတို)

နိုင်ဦးရေးသည်။

တစ်ကျော့ပြန်ဖြစ်ပေါ်သော ဘင်္ဂလီ-ရခိုင်ပဋိပက္ခ တွင် မြောက်ဦးမြို့မှ ရခိုင်ခြောက်ဦးကို စစ်တွေခရိုင် တရားရုံး တွင်စတင် စွဲချက် တင်ကြောင်း သိရသည်။

စွဲချက်တင်ခံသူများမှာ သံရှင်ပြင်နေ ဦးပြေသိန်းမောင် (၅၆နှစ်)(ဘ) ဦသာလှ အားပုဒ်မ ၄၃၆ ဖြင်စွဲဆို၍
ယိုင်သည်ရွာနေ ဦးဇော်မျိုးထွန်း(၃၉နှစ်) (ဘ) ဦးသာထွန်းလှ၊ ဦတင်လှ (၃၀နှစ်)(ဘ) ဦးခိုင်ရွှေမောင်၊ ဦးညီပု (ခ)ဇော်မင်းနိုင် (၃၃နှစ်) (ဘ) ဦးသာထွန်းလှ၊ သံရှင်ပြင်နေ ဦးမောင်သိန်း(၄၁နှစ်)(ဘ) ဦးထွန်းစံဖြူ၊ ဦးကျော်နိုင်(၄၃နှစ်)(ဘ) ဦးကံကြီးအောင် တို့အား ပုဒ်မ ၃၀၂ ဖြင့်စွဲဆိုသည်ဟုသိရသည်။

ဘင်္ဂလီများကိုစွဲချက်တင်သည်ကိုမူ လောလောဆယ်မသိရသေးပေ။
ဇွန်လအတွင်ဖြစ်ပေါ် သော ဘင်္ဂလီ-ရခိုင်ပဋိပက္ခတွင် ဘင်္ဂလီအချို့ စွဲချက်တင်ခံရပြီး INGO ၀န်ထမ်းဘင်္ဂလီများမှာ UN ၏တောင်းဆိုမှုကြောင့် လွှတ်ပေးခဲ့ရသည်များရှိသည်။