Monday, August 06, 2012

ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကင်တင်နား၏ ရခိုင်အရေးကိစ္စ သုံးသပ်ပြောဆိုချက်များလုံးဝလက်မခံ

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ် အိုဂျီယာ ကင်တင်နားသည် မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာမျှ လာရောက်ပြီးနောက် သြဂုတ်၎ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံမှမထွက်ခွာမီ ရန်ကုန်နိုင်ငံတကာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းထုတ်ပြန်ချက်တစ်ရပ် ဖတ်ကြားခဲ့သည်။

In this respect, I have, throughout my mandate, consistently highlighted concerns regarding systematic discrimination against the Rohingya community. Such concerns include the denial of citizenship or legal status to Rohingyas, restrictions on their freedom of movement, marriage restrictions, and other discriminatory policies. I hope that steps will be taken to address these issues, including a review of the 1982 Citizenship Act to ensure that it is in line with international human rights standards.

ကင်တင်နား၏ သတင်းထုတ်ပြန်ချက်တွင် လတ်တလောဖြစ်ပေါ်နေသော ရခိုင်အရေးကိစ္စကို အထူးအလေး ပြောဆိုသွားခဲ့ရာ အထက်ဖော်ပြပါအပိုဒ်၌ ရိုဟင်ဂျာနှင့်ပတ်သက်ပြီး ကာကွယ်ဘက်လိုက်ပြောဆိုသွား ခဲ့သည်ကို ကျွန်ုပ်တို့လေ့လာမှတ်သားလိုက်ရပါသည်။

ရိုဟင်ဂျာများကိုစနစ်တကျခွဲခြားနှိမ့်ချဆက်ဆံနေခြင်းများအပေါ်စိုးရိမ်မကင်းဖြစ်ကြောင်း ကုလအထူး ကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုသည်။ထို့အပြင် သူတို့အား နိုင်ငံသားဖြစ်မှုသို့မဟုတ် တရားဝင်တည်ရှိမှု ငြင်းပယ်ခြင်း၊ လွတ်လပ်စွာသွားလာမှုများကို ကန့်သတ်ခြင်း၊အိမ်ထောင်ပြုမှုကန့်သတ်ခြင်းနှင့် အခြားသော ခွဲခြားနှိမ့်ချဆက်ဆံမူဝါဒများအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း အသေးစိတ်ပါဖော်ပြထားသည်။ထိုမှတစ်ဖန် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့်ကိုက်ညီအောင် ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှုအက်ဥပဒေကို ပြန်လည်သုံးသပ်ရန်လည်း ကင်တင်နားက တိုက်တွန်းခဲ့သည်။

ထိုတစ်ပိုဒ်လုံးသည် ရခိုင်ပြည်နယ်တွင် အမှန်တကယ်ဖြစ်ပျက်နေသည့်ပကတိအခြေအနေနှင့်ကင်းကွာ နေသည့်အပြင် သန်း၆၀လူဦးရေ၏အများစုကြီး၏ လိုလားချက်၊ဆန္ဒများနှင့်လည်း ဆန့်ကျင်နေပေသည်။အထူး သဖြင့် နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ပကတိအခြေအနေ၊သမိုင်းကြောင်း၊ပထ၀ီအနေအထားတို့နှင့်ကိုက်ညီမည့် မိမိနိုင်ငံသားများ၊တိုင်းရင်းသားများအကျိုးစီးပွားကို ကာကွယ်ပေးရမည့် နိုင်ငံသားဥပဒေများရေးဆွဲပြဌာန်းရ စမြဲဖြစ်သည်ကို ကုလအထူးကိုယ်စားလှယ်ကင်တင်နား သိရှိပြီးဖြစ်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။

ယင်းအတွက် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှုဥပဒေအပေါ် လူ့အခွင့်အရေးအကြောင်းပြကာ တရားမ၀င်ဝင် ရောက်နေသူများအား တရားဝင်ဖြစ်ရေး တိုက်တွန်းပြောကြားသုံးသပ်ခိုင်းမှုကို ကျွန်ုပ်တို့လက်မခံနိုင်ဟု အတိအလင်းပြော ကြားလိုပေသည်။

နိုင်ငံတော်သမ္မတကြီးအပါအ၀င် ပြည်ထောင်စုဝန်ကြီးများကလည်း နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍လည်း ကောင်း၊တရားမ၀င် ၀င်ရောက်လာသူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် ဒုက္ခသည်စခန်း ဖွင့်လှစ်ပေးပြီး ကုလအပါအ၀င်နိုင်ငံတကာအသိုင်းအ၀န်းက ၀ိုင်းဝန်းကူညီရေးနှုင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းစွာပြောကြားပြီးဖြစ်သည်။ ထိုပြောကြားချက်များသညှ်အလွန်မျှတမှုရှိပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အထူးအရေးကြီးသည့် ရပ်တည်ချက်မှန်လည်း ဖြစ်ပေသည်။မကြာသေးမီက ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ခုအတွင်း လွှတ်တော်ကိုယ်စားလှယ်တစ် ဦးက နိုင်ငံသားဖြစ်မှုကိစ္စပြောသည့်အခါ လူ့အခွင့်အရေးဆိုပြီး ကဗျာမဆန်ကြရန် ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားခဲ့သည်ကို ပြန်လည် ညွှန်းဆိုပြသလိုပေသည်။

ထို့အတွက်ကြောင့် လူ့အခွင့်အရေးကျွမ်းကျင်သူဟုဆိုသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကင်တင်နား၏ ရခိုင်အရေးကိစ္စပြောဆိုသုံးသပ်မှုများသည် သန်း၆၀မျှသော မြန်မာပြည်သူအများစုကြီး၏ ဆန္ဒကိုဆန့်ကျင်ပြီး ထိုပြည်သူအများစုကြီး၏ အခွင့်အရေး တစ်နည်းဆိုရသော် မြန်မာပြည်သူအများစုကြီး၏ လူ့အခွင့်အရေးကို ချိုးဖောက်ပြောဆိုနေခြင်းဖြစ်သည့်အတွက် ကျွန်ုပ်တို့က လုံးဝလက်မခံနိုင်ကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် လည်း မျှတစွာသုံးသပ်ပြောဆိုနိုင်သည့် ကိုယ်စားလှယ်တစ်ဦးအား အသစ်လဲလှယ်ခန့်ထားပေးပါရန် ကျွန်ုပ်တို့ကတောင်းဆိုပါသည်။

အယ်ဒီတာ

၅၊သြဂုတ် ၂၀၁၂

(စာပေစိစစ်က ခွင့်ပြုပါက ၇ သြဂုတ်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်တွင်ဖော်ပြမည်ဖြစ်ပါကြောင်းလေးစားစွာအသိ ပေးအပ်ပါသည်။)