Wednesday, August 01, 2012

ရန်ကုန်လျှပ်စစ် ၂ဝ၁၄ တွင် တိုးရမည်


By Popular News
ရန်ကုန်လျှပ်စစ် ၂ဝ၁၄ တွင် တိုးရမည်ရန်ကုန်၌ အသစ်တည် ဆောက်မည့် သဘာဝဓာတ်ငွေ့ သုံး လျှပ်စစ်ဓာတ် အားပေး စက်ရုံ တစ်ရုံမှ ၂ဝ၁၄ ခုနှစ်တွင် လျှပ် စစ်ဓာတ်အား မဂ္ဂါဝပ် ၃ဝဝ နီး ပါးခန့် စတင်ထုတ်ယူ သုံးစွဲနိုင်မည်ဟု အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနမှ သိရသည်။ ''ဒီစက်ရုံနှစ်ရုံက ၂ဝ၁၄-၂ဝ၁၅ ခုနှစ်မှာ အပြီးတည်ဆောက်မှာ။ ကနဦးထွက် ရှိကြမယ့် စက်ရုံ နှစ်ရုံရဲ့ မဂ္ဂါဝပ်က ၂၈၈ မဂ္ဂါဝပ်ဖြစ်ပါတယ်''ဟု ၄င်းဝန်ကြီး ဌာနမှ တာ ဝန်ရှိသူက ပြောသည်။
တောင်ကိုရီးယားနိုင်ငံ BKB ကုမ္ပဏီမှ B.O.T စနစ်ဖြင့် သာကေတတွင် လာရောက်တည်ဆောက် မည့် မဂ္ဂါဝပ် ၅ဝဝ ထွက်ရှိသော သဘာဝ ဓာတ်ငွေ့လျှပ်စစ် ဓာတ် အားပေးစက်ရုံအတွက် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ ရေးထိုးပြီးဖြစ် ကာ မကြာမီစတင်နိုင်ရေးအတွက် သဘောတူ စာချုပ်ချုပ်ဆိုသွားရန် ရှိသည်ဟု ၄င်းက ဆက်လက်ပြောသည်။ ထို့အတူ လှော်ကား၌ တရုတ်ဟိုက်ဒရိုလန်ချန်းကုမ္ပဏီနှင့် မြန်မာ နိုင်ငံမှ ထူးကုမ္ပဏီတို့၏ သဘာဝဓာတ်ငွေ့လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ထောင်ရန် ဖြစ်နိုင်ခြေရှိ မှုများ လေ့လာဆန်းစစ်လျက် ရှိသည်။ တည်ဆောက်မှုပြီးပါက မဂ္ဂါဝပ် ၅ဝဝ ထွက်ရှိမည်ဟု အမှတ် (၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာနမှ သိရသည်။ အမှတ်(၂)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန တာဝန်ရှိသူက ''သာကေ တ ၁၆၆ မဂ္ဂါဝပ်နဲ့ လှော်ကားက ၁၂၃ မဂ္ဂါဝပ်က ၂ဝ၁၄ မှာစထွက်မှာ။ စက်ရုံအားလုံး လုံးဝပြီးစီးသွားရင်တော့ နှစ်ခုပေါင်းမဂ္ဂါဝပ် ၁ဝဝဝ ရမယ်''ဟု ပြောသည်။
စက်ရုံ နှစ်ရုံလုံးမှ ထွက်ရှိလာ မည့် ဓာတ်အားများကို ပင်မဓာတ်အားလိုင်း ကြီးဆီကိုသာ ပို့လွှတ်မည် ဖြစ်ပြီး သုံးစွဲသူတို့က ထိုက်သင့်သော အခကြေးငွေပေး၍ ဝယ်ယူ သုံးစွဲရမည်ဟု ၄င်းက ဆက်လက် ပြောသည်။ ရန်ကုန်မြို့၏ လျှပ်စစ်လိုအပ် ချက်နှင့် ဖော်ဆောင်သွားမည့် သီလဝါစက်မှု ဇုန်အတွက် ယခုတည် ဆောက်မည့် စက်ရုံနှစ်ရုံမှ ဖြည့်ဆည်းပေးသွား မည်ဖြစ်ပြီး လိုအပ် သော သဘာဝဓာတ်ငွေ့ ရရှိရန် စွမ်းအင်ဝန်ကြီးဌာနနှင့် သဘောတူ ညီထားပြီး ဖြစ်သည်ဟု ၄င်းက ထပ်မံပြောသည်။
မင်းသုအောင်
.