Friday, February 03, 2012

ရွေးကောက်ပွဲအောင်နိုင်ရေး NLD ဈေးရောင်းပွဲတော်ကြီး ဒေးဒရဲမြို့နယ် NLD လူငယ်တွေပြုလုပ်



လာမယ့်ကြားဖြတ်ရွေးကောက်မှာ NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ဖို့ လိုအပ်မယ့် အသုံးစရိတ် တွေအတွက် ဒေးဒရဲမြို့နယ် NLD လူငယ်တွေက ရန်ပုံငွေရှာ ဈေးရောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဒီပွဲတော်အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံပါ အင်္ကျီ တွေ ၊ ပိုစတာတွေ ၊ သော့ချိတ်တွေ နဲ့ အခြား လူ့အသုံးအဆောင်တွေကို ရောင်းချခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် သီးလေးသီးအဖွဲ့ကလည်း NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ရန်ပုံငွေရှာတဲ့ ဒီပွဲမှာ သူတို့ရဲ့အငြိမ့်သဘင်နဲ့ ကပြဖျော်ဖြေခဲ့ကြပါတယ်။
သတင်း ရုပ်သံ။။ဘားမာဗွီဂျေ .

0 comments: