Saturday, February 11, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သတင်းများ


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သံလျှင်မြို့  ကော်မှုးမြို့ နယ် စည်းရုံးရေးခရီးစဉ်ကို ပြည်သူများ ကြိုဆို
 11-2-2012
ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ် သွားရောက်မည့်လမ်းတစ်လျှောက်တွင် ရွာများမှ ထွက်၍ကြိုဆိုနေကြသည်ကို တွေ့ရသည်။ ပုံမှာ လှိုင်သာယာအထွက်တံတားပေါ်တွင် လာရောက်ကြိုဆိုနေကြသည့် တွံတေးမြို့နယ်မှ လူများကို တွေ့ရစဉ်။ ဓာတ်ပုံ- ဥက္ကာကိုကို
 တွံတေးတံတားကြီးအဆင်းတွင် ဒလမြို့နယ်ပါတီဝင်များနှင့် ပြည်သူများ လူဦးရေ ၈၀၀ ကျော်ခန့် စောင်းဆိုင်းကြိုဆိုနေကြစဉ်။ လှိုင်သာယာတံတားအဆင်း၊ တွံတေးတံတားအဆင်းနှင့် တွံတေး-ဒလ ဘုရားငုတ်တိုလမ်းဆုံ သုံးနေရာခွဲ၍ စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း ဒလမြို့နယ်လူငယ်ပါတီဝင် ကိုလှိုင်ဝင်းအောင်က ပြောသည်။ (ဓာတ်ပုံ-ဥက္ကာကိုကို)
 
 တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာမင်္ဂလာပရဟိတဂေဟာမှကလေးလူငယ်များ ဒေါ်အောင်ဆန်း
စုကြည်အားကြိုဆိုနေကြစဉ်။
                            တွံတေး-ကော့မှူးအစပ် ဇရပ်ကုန်းရွာတွင် ကြိုဆိုနေကြသူများ။
 တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ မင်္ဂလာပရဟိတဂေဟာမှ ကလေးလူငယ်များ ဒေါ်အောင်ဆန်း
စုကြည်အား ကြိုဆိုနေကြစဉ်။
7Day News Journal

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိုင်တီနည်းပညာဆိုင်ရာပွဲ ဖွင့်လစ်ပေး

၁၁-၂-၂၀၁၂
နှစ်စဉ်ကျင်းပသည့် အိုင်တီနည်းပညာနှင့် အခြားသော အကြောင်းအရာမျိုးစုံ ဖလှယ်ဆွေးနွေးသည့်ပွဲ “ဘားကမ့်ပ ရန်ကုန် ”ကို ယနေ့နံနက် (ဖေဖေါ်ဝါရီ ၁၁ ) ၈နာရီက ရန်ကုန်မြို့ မြန်မာအင်ဖိုတက် ၀င်းအတွင်း ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အိုင်တီနည်းပညာဆိုင်ရာ့ပွဲသို့ ပထမဦးဆုံး တက်ရောက်ဖွင့်လှစ် 

ပေးခြင်းလည်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဘားကမ့်ပ ရန်ကုန်ဖွင့်ပွဲပြီးနောက် ကော့မှူးမြို့နယ်သို့ စည်းရုံးရေး ခရီးစဉ်သို့ တိုက်ရိုက်ဆက်လက်ထွက်ခွာသွားသည်ဟု သိရှိရသည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် KNU/KNLA မှဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေး

 ၁၀-၂-၂၀၁၂
ရန်ကုန်-ဖေဖေါ်ဝါရီ ၁၀ဒေါ်အောင်ဆန်းစုကြည်သည် ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ ( ကေအန်ယူ/ကေအန်အယ်လ်အေ) ဥက္ကဌဗိုလ်ချုပ်ကြီးစောဌေးမောင်(ခ) ဗိုလ်ချုပ်ထိန်မောင်
အပါအ၀င် ၁၄ ဦးတို့နှင့် ယနေ့ ညနေ၃နာရီခွဲခန့်မှ ၄နာရီ ၁၅မိနစ်အထိ တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင်ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသားအရေးကိစ္စများကိုဆွေးနွေးခဲ့သည်ဟု သိရှိ
ရသည်။Burma VJ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား UNESCO ဆုချီးမြှင့်

 ၁၀-၂-၂၀၁၂  (ဓါတ်ပုံ AP)
ယနေ့ နံနက် ၁၀း၃၀အချိန်က ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင်UNESCO-Madanjeet Singh
Price for Promotion of Tolerance &Non-Violence 2002 ဆုအရုပ်ကို Mr. Ryuhei Hosoya, Executive Director,UNESCO,PARIS က ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ပေးအပ်ခဲ့ ပါတယ်။ယင်းဆုနှင့်အတူ အမေရိကန်ဒေါ်လာ ၁၀၀၀၀၀(US $ 100000) ပါ ၇၇ှိခဲ့ပါတယ်။
ယင်းဆုကြေးငွေကို လူမှုရေး-ကျမ္မာရေး ရံပုံငွေအဖွဲ့အားလုံးကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။
 သတင်း။ ။လူထုအော်သံ
.

0 comments: