Wednesday, February 01, 2012

ဇန်နဝါရီလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့ သတင်းရုပ်သံမှတ်တမ်းများ


ထားဝယ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြည်သူများအား မိန့်ခွန်းရုပ်သံ(၁)
ထားဝယ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြည်သူများအား မိန့်ခွန်းရုပ်သံ(၂)

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်သို့ ပထမဆုံးအကြိမ် နိုင်ငံရေး ခရီးစဉ် အဖြစ် သွားရောက် ခဲ့ပါသည်။ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ထားဝယ် လေဆိပ်သို့ ရောက်ရှိခဲ့ပြီး နံနက် ၉ နာရီခန့်တွင် ထားဝယ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြည်သူများအား မိန့်ခွန်း ပြောကြား သွားခဲ့ပါသည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် ထားဝယ်မှ တဆင့် လောင်းလုံးမြို့၊အောက်ရေဖြူရွာ၊ ကမြောကင်း၊ မောင်းမကန် စသည့် နေရာများသို့ သွားရောက်၍ ပြည်သူများအား နှုတ်ဆက်စကားနှင့် မိန့်ခွန်းများ ပြောကြားခဲ့ကာ မွန်းလွဲ ၄ နာရီ ၂ဝ ခန့်တွင် ထားဝယ် လေဆိပ်မှ မြန်မာ့ လေကြာင်းဖြင့် ရန်ကုန်သို့ ပြန်လည် ထွက်ခွာ လာခဲ့သည်ဟု သိရှိ ပါသည်။
လူငယ် ကဗျာဆရာတွေ ၊ ပန်းချီဆရာတွေနဲ့ အခြားလူငယ်တွေ အနုပညာရှင်တွေ စုပေါင်းပြီး (သည်အာတီဇန်စ်) The Artizens လို့အမည်ရှိတဲ့အဖွဲ့လေးတစ်ခုဖွဲ့စည်း

လူငယ် ကဗျာဆရာတွေ ၊ ပန်းချီဆရာတွေနဲ့ အခြားလူငယ်တွေ အနုပညာရှင်တွေ စုပေါင်းပြီး (သည်အာတီဇန်စ်) The Artizens လို့အမည်ရှိတဲ့အဖွဲ့လေးတစ်ခုဖွဲ့စည်းဖို့ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ လောကနတ်ပန်းချီပြခန်းမှာ ဇန်န၀ါရီလ ၂၉ နေ့ နေ့လည် ၁ နာရီက ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။အခုလိုဖွဲ့စည်းတာဟာ သတင်းအပြင် အခြားချက်အလက်တွေကို ပြန်လည်ဝေမျှဖို့အတွက် ဖွဲ့စည်းတာဖြစ်ပြီး အခြား ဘယ်အဖွဲ့အစည်းကိုမှ ပြိုင်ဆိုင်လိုတာကြောင့်ဖွဲ့စည်းတာမဟုတ်ဘူးလို့လဲ ဆိုပါတယ်။အဲဒီပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ နဲ့ မနီလာသိန်းတို့ကလည်း တက်ရောက်ခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယက ဦးတင်ဦး ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အတွင်းမှာ ရှိတဲ့ မြို့နယ်တွေဆီ သွားရောက်ကာ တိုင်းအောင်နိုင်ရေးရုံးခန်း ဖွင့်လှစ်ပွဲနဲ့ ကိုယ်စားလှယ်လောင်း မိတ်ဆက်ပွဲအခမ်းအနား
ဇန်နဝါရီလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယက ဦးတင်ဦး ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အတွင်းမှာ ရှိတဲ့ မြို့နယ်တွေဆီ သွားရောက်ကာ တိုင်းအောင်နိုင်ရေးရုံးခန်း ဖွင့်လှစ်ပွဲနဲ့ ကိုယ်စားလှယ်လောင်း မိတ်ဆက်ပွဲအခမ်းအနားတွေကို ပြုလုပ်ခဲ့ပါတယ်။
ရုပ်သံ ။။ဘားမားဘီဂျေ

0 comments: