Sunday, January 08, 2012

IMF နှင့်အတူ နိုင်ငံခြားငွေလဲနှုန်း အထူးပြုအဖွဲ့ လာရောက်မည်

၂၀၁၂ ခုနှစ် ဇန်နဝါရီလအတွင်း ထပ်မံလာရောက်မည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) အဖွဲ့နှင့် အတူ မြန်မာနိုင်ငံ၏ ငွေလဲနှုန်းတစ်မျိုးတည်းဖြစ်စေရန် နည်းပညာပေးမည့် (Article 8 Missions) အဖွဲ့ပါ လာရောက်မည်ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ (Article 4 Missions) အဖွဲ့သည် မြန်မာနိုင်ငံသို့ နှစ်စဉ်လာနေကျ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ၂၀၁၂ ဇန်နဝါရီလအတွင်း၌ လာရောက်မည့် IMF ခရီးစဉ်တွင် နိုင်ငံခြားငွေလဲနှုန်း အထူးပြု (Article 8 Missions) အဖွဲ့ပါ လာရောက်မည်ဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၏ ယခုတစ်ကြိမ် ခရီးစဉ်သည် ပြီးခဲ့သည့် ၂၀၁၁ အောက်တိုဘာလအတွင်းက ငွေလဲလှယ်နှုန်းအတွက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်၏အဆက်ဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် IMF Article 4 Missions အဖွဲ့သည် မြန်မာနိုင်ငံအတွင်း နိုင်ငံငွေ ကန့်သတ်ချက်များ လျှော့ချရေး လိုအပ်သည့် နည်းပညာများပေးရန်၊ လက်ရှိ မြန်မာနိုင်ငံ ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် ဥပဒေအချို့ပြင်ဆင်ရေးများတွင် ကူညီ ပေးရန်နှင့် မြန်မာငွေလဲနှုန်း ပေါင်းစည်းရေးကို အထူးပြု၍ လာရောက်သော အဖွဲ့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်မျိုးတည်းဖြစ်စေရန် လိုအပ်သည့် ဆောင်ရွက်မှုများကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့(IMF) နှင့် ပူးပေါင်း၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
                Ref:မော်ဒန်
.

0 comments: