Tuesday, January 10, 2012

သတင်းပဒေသာ

နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး လှုပ်ရှားမှု စတင်

မလွတ်မြောက်နိုင်သေးသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် လှုပ်ရှားမှု
တစ်ခုကိုဒီကနေ့ ဒီဇင်ဘာလ ၈ရက်နေ့ မနက် ပိုင်းက ရန်ကုန်မြို့ တွင်စတင်လိုက်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်အသစ်ဖွင့်လှစ်


၉-၁၂-၂၀၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်အသစ်ဖွင့်ပွဲကို
ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။
နေ့လည် ၁၂း၁၀ အချိန်တွင် အဖွဲ့ချုပ်
ဆိုင်းဘုတ်သစ်ကို အဖွဲ့ချုပ်(ပ)ခေါင်းဆောင် ဦးတင်ဦး နှင့်
 (ဒု)ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့မှ
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

 

ယနေ့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနားနှင့် ပါတီဝင်ခွင့်လျှောက်လွှာ...

 ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်သစ်တင်ပွဲ အခမ်းအနား...။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးများအား တနိုင်ငံလုံးအတိုင်းအတာနဲ့ ယနေ့မှစ၍ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်...။
ဓာတ်ပုံ (Reuters)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်ခွင့်လျှောက်လွှာ။ ( ပုံစံ )
လျှောက်လွှာများကို တစ်စောင်လျှင် ၁၀၀ ကျပ်ဖြင့် သက်ဆိုင်ရာ မြို့နယ်အလိုက် ၀ယ်ယူဖြည့်စွက်ပြီး ပြန်တင်ရမည် ဖြစ်ပါသည်။ (Ahbayah) (Facebook)
 

ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး Mr. Christian Friis Bach က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံ

 ၈-၁၂-၂၀၁၂
ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး Mr. Christian Friis Bach က ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကိစ္စတွေအပြင် နိုင်ငံရေးအကျဉ်း
သားကိစ္စနဲ့ တိုင်းရင်းသားအရေးတွေ ဆွေးနွေးခဲ့တယ်လို့ သတင်းထောက်တွေကို ပြောကြား
လိုက်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဒိန်းမတ်ဝန်ကြီး Mr. Christian Friis Bach က မြန်မာ့ လူ့အခွင့်
အရေးကိစ္စနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေ သန့်ရှင်းတဲ့ အခြေအနေဖြစ်ရေး ကိစ္စတွေ
လည်း ဆွေးနွေးကြတယ်၊ မြန်မာပြည်သူတွေကို ဒိန်းမတ်က ကူညီမယ့် ကလေးပညာရေး ပြုစုပျိုးထောင်ရေးနဲ့ လယ်သမားတွေကို ကူညီရေးလည်း ဆွေးနွေးခဲ့တယ်လို့ 
သိပါတယ်။
 

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများအား အသေးစားချေးငွေ ပေါင်စတာလင် ၁၈၅သန်းကို ရန်ပုံငွေထောက်ပံ့




၈-၁၂-၂၀၁၂
မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများ အသေးစားချေးငွေးပေးရန်အတွက် လေးနှစ်စာ
ရန်ပုံငွေ ပေါင်စတာလင် ၁၈၅သန်းကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြား
ရေးဝန်ကြီးက ရန်ကုန်မြီု့ဗြိတိလျှရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကိုပြောခဲ့သည်။
လာမည့်လေးနှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွက် ထောက်ပံမည့်စတာလင်ပေါင် 

၁၈၅သန်းသည် မြန်မာနိုင်ငံရှိ လူပေါင်း ၆သိန်းခန့်ကို အသေးစားချေးငွေများပေးနိုင်မညဖြစ်ပြီးကြောင်းသိရသည်။
ထို့အပြင် ကချင်ပြည်နယ်မှ စစ်ပြေးဒုကခသည်များအတွက်လည်း လူသားချင်းစာနာထောက်
ထားမှု အကူအညီအဖြစ် နောက်ထပ်စတာလင် ၂သန်းကိုပေးရန်စီစဉ်နေကြောင်းသိရသည်။
 ယင်းငွေမှာ ငြိမ်ချမ်းမှုတည်ဆောက်ရေးအတွက်အားထုတ်မှုများနှင့် ကလေးငယ်များအတွက် အထူးအလေးပေးက ကချင်ပြည်နယ်မှဒေသတွင်း ရှိစစ်ပြေးဒုက္ခသည် ၁၃၀၀၀ အတွက်
၃လစာ အစားအသောက်၊ အဟာရ၊ နားခိုရာဂေဟာ နှင့် မိလာစနစ်တို့ပါဝင်ကြောင်း
သိရသည်။
.

0 comments: