Saturday, December 24, 2011

ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင်များ NLD ပါတီ မှတ်ပုံတင်ရန် နေပြည်တော်သို့ သွားရောက်ခဲ့

လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင်များ ပါတီမှတ်ပုံတင်ရန် နေပြည်တော်သို့ ထွက်ခွာ
NLD တရားဝင် ပါတီအဖြစ် မှတ်ပုံတင်ရန် အတွက် ယနေ့ နံနက် ၇း၀၀ နာရီက မြန်မာ့ လေကြောင်းဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ ရန်ကုန် မင်္ဂလာဒုံလေဆိပ် မှ ထွက်ခွာခဲ့ရာ နေပြည်တော် လေဆိပ် သို့ ၇း၄၅ နာရီတွင် ရောက်ရှိခဲ့ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နှင့် အတူ ဦးတင်ဦး ၊ ဦးဥာဏ်ဝင်း ၊ ဦးဝင်းမြင့် ၊ ဦးခွန်သာမြင့် ၊ ဦးစိုးဝင်း နှင့် ဒေါက်တာ တင်မာအောင် တို့အတူ လိုက်ပါ သွားခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး ၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း တို့ တွေ့ဆုံကြမယ်လို့ သတင်း ရရှိပါတယ်။ ရုပ်သံ၊သတင်း၊၊ BurmaVJ ဓါတ်ပုံ။။ဖေ့ဘုတ်မှ

0 comments: