Saturday, December 17, 2011

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်ရက် သုံးလကြိုတင်ကြေညာမည်၊ နိုင်ငံရေး ပါတီများ လွတ်လပ်စွာ စည်းရုံးနိုင် ဟုဆို

Written by The Voice Weekly
ရန်ကုန်၊ ဒီဇင်ဘာ ၁၆

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လစ်လပ် မဲဆန်ဒနယ်များ အတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို သုံးလကြိုတင် ကြေညာမည် ဖြစ်ပြီး လက်ရှိ အချိန်တွင် လစ်လပ် မဲဆန်ဒနယ်များ စာရင်းကို တရားဝင် ထုတ်ပြန်လိုက်ပြီး ဖြစ်သဖြင့် မှတ်ပုံတင်ကျပြီး နိုင်ငံရေးပါတီများ အနေနှင့် ရွေးကောက်ပွဲ အတွက် စည်းရုံးရေး လုပ်ငန်းများ လွတ်လပ်စွာ စတင် လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက်ကဋ်ဌ ဦးတင်အေးက ပြောကြားသည်။

နေပြည်တော်တွင် ဒီဇင်ဘာလ ၁၈ ရက်နေ့က ကျင်းပ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် The Voiceျွှeekly က ကြားဖြတ် ရွေးကောက်ပွဲ မည်သည့် အချိန်တွင် ကျင်းပ မည်နည်းဟု မေးမြန်းရာ ဦးတင်အေးက အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုသွားခြင်း ဖြစ်သည်။

" ဇန်နဝါရီ၊ ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်မယ် ဆိုတဲ့သတင်းက ကောလဟလလို့ မပြောလိုဘူး။ ကြားဖြတ် ရွေးကောက်ပွဲကို သမ်မတက သုံးလကြိုတင် ကြေညာမှာပါ။ ကော်မရှင် အနေနဲ့ အမြန်ဆုံး ကျင်းပချင်ပါတယ်။ ဒါပေမဲ့ မှတ်ပုံတင် လျှောက်ထားဆဲ နိုင်ငံရေး ပါတီတွေ ရှိနေတယ်။ မှတ်ပုံတင်ဖို့ အချိန်ပေး ရမယ်။ ရွေးကောက်ပွဲ ကျင်းပဖို့ ဌာနဆိုင်ရာနဲ့ ဘတ်ဂျက် ညှိနှိုင်းဖို့လည်း လိုသေးတယ် " ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက The Voice ႊၽeekly ၏ မေးမြန်းချက်ကို ပြန်လည် ဖြေဆိုသည်။

လက်ရှိတွင် လစ်လပ် မဲဆန်ဒနယ်များ စာရင်းကို အတိအကျ ထုတ်ပြန်လိုက်ပြီး ဖြစ်သည့် အတွက် မှတ်ပုံတင် ရရှိပြီးသော နိုင်ငံရေးပါတီများ အနေနှင့် ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှု လုပ်ငန်းများကို စတင် လုပ်ဆောင်နိုင်ကြောင်း၊ စည်းရုံးမှု လုပ်ဆောင်နေသော နိုင်ငံရေး ပါတီများ ကိုလည်း တွေ့မြင်နေ ရကြောင်း ဦးတင်အေးက ရှင်းပြသည်။

နိုင်ငံရေးပါတီများ စည်းရုံးရာတွင် လွတ်လွတ်လပ်လပ်စည်းရုံးနိုင်ပြီး ကော်မရှင် အနေနှင့် ကန့်သတ်မှုများ ပြုလုပ်မည် မဟုတ်ကြောင်း ၎င်းင်းက ဆိုသည်။

" ပါတီတွေ လွတ်လွတ်လပ်လပ် သွားလာပြီး လွတ်လွတ်လပ်လပ် စည်းရုံးရေး လုပ်စေချင်တယ်။ ပါတီတွေ နိုင်ငံ့ ကောင်းကျိုး လုပ်မယ်လို့ ယူဆတဲ့ အတွက် လုပ်စေချင်တာပါ။ ပါတီတွကေ လွတ်လပ်စွာ စည်းရုံးခွင့် ရဖို့ လိုတယ်။ ဒါမှ လူထုဆန်ဒမဲတွေ ရမှ လွှတ်တော်ထဲ ရောက်မယ်။လွှတ်တော်ထဲ ရောက်မှ လူထုအကျိုး သယ်ပိုးနိုင်မယ် " ဟု ဦးတင်အေးက ပြည်တွင်း သတင်းမီဒီယာများကို ရှင်းလင်း ပြောဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် လစ်လပ်သွားသော မဲဆန်ဒနယ်များတွင် ပြည်သူ့လွှတ်တော် မဲဆန်ဒနယ် ၄ဝ ခု၊ အမျိုးသား လွှတ်တော် ၆ ခု၊ တိုင်း/ပြည်နယ် လွှတ်တော် မဲဆန်ဒနယ် ၂ ခု စုစုပေါင်း ၄၈ ခု ရှိကြောင်း၊ ထို့ပြင် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလက လုံခြုံရေး စိုးရိမ်မှုကြောင့် ရွေးကောက်ပွဲ မကျင်းပဖြစ်သော မဲဆန်ဒနယ် ၁၇ ခု ရှိကြောင်း၊ အဆိုပါ မဲဆန်ဒနယ်များ တွင်လည်း ရွေးကောက်ပွဲများ ကျင်းပနိုင်ရန် ကြိုးစား သွားမည် ဖြစ်ကြောင်း ဦးတင်အေးက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေမှု အပေါ် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ တစ်သီးပုဂ်ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ စောနိုင်က " ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင် လျှောက်ထားနေတဲ့ နိုင်ငံရေး ပါတီသစ်တွလေည်း ရွေးကောက်ပွဲ ပါနိုင်အောင် စောင့်ဆိုင်းနေလို့ ထင်တယ်။ ပြီးတော့ လုံခြုံရေး မရှိလို့ ရွေးကောက်ပွဲ မကျင်းပ နိုင်ခဲ့တဲ့ နေရာတွမှောလည်း ငြိမ်းချမ်းရေး ရအောင် အစိုးရဘက်က ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေ ဖွဲ့စည်း လုပ်ဆောင်နေပြီ ဖြစ်တဲ့အတွက် လုံခြုံရေး စိုးရိမ်မှု ရှိလို့ ရွေးကောက်ပွဲ မလုပ်ခဲ့တဲ့ နေရာတွေ မှာလည်း ရွေးကောက်ပွဲတွေ လုပ်ဖြစ်နိုင်မယ်လို့ မြင်တယ် " ဟု သုံးသပ် ပြောကြားသည်။

ဦးတင်အေးက ကြားဖြတ် ရွေးကောက်ပွဲတွင် မဲရုံ ဝန်ထမ်း၊ မဲရုံမှူးများကို ဌာနဆိုင်ရာ ဝန်ထမ်းများကိုသာ အသုံးပြုမည် ဖြစ်ကြောင်း၊ မဲရုံနှင့် မဲပုံး များပြားသည့် အတွက် လူအင်အား လိုအပ်ကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းပြီး မသမာမှုများ မလုပ်နိုင်ကြောင်း၊ သို့သော်လည်း မဲရုံမှူးနှင့် မဲရုံ ဝန်ထမ်းများ လုပ်လိုကြောင်း အဆိုပြုမှုများ ရှိလာလျှင်လည်း ခွင့်ပြုမည် ဖြစ်ကြောင်း ဦးတင်အေးက ရှင်းပြသည်။
news.11
news.12
news.13
news.14
news.15
.

0 comments: