Sunday, December 18, 2011

မီတာခများ ချက်ချင်း နှစ်ဆတိုး ကောက်ခံမည် မဟုတ်

Written by The VoiceWeekly

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက လာမည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး လျှပ်စစ်ဓာတ်အား အသုံးပြုခများကို နှစ်ဆတိုးမြုင့် ကောက်ခံသွားမည် ဟုဆိုသော်လည်း ချက်ချင်းလက်ငင်း နှစ်ဆတိုး ကောက်ခံမည် မဟုတ်ဟု ယနေ့ပြုလုပ်သည့် အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီးနှင့် ပြည်တွင်းမီဒီယာများ တွေ့ဆုံပွဲတွင် ဝန်ကြီး ဦးခင်မောင်စိုးကပြောကြားသည်။

လျှပ်စစ်မီတာခများကို ၂၀၁၁ နှစ်ဆန်းပိုင်းမှ စတင်၍ နှုန်းထား အဆင့်ဆင့် တဖြည်းဖြည်း တိုးမြုင့်၍သာ နှစ်ဆနှုန်းထား ရောက်သည် အထိ တိုးမြုင့် ကောက်ခံသွားမည် ဖြစ်ကြောင်း၊ ဥပမာအားဖြင့် အိမ်သုံးမီတာများအတွက် ၂၅ ကျပ်မှ ၅ဝ ကျပ်သို့ တိုးမြှင့် ကောက်ခံမည် ဆိုသော်လည်း ကနဦး ကောက်ခံရာတွင် ၂၅ ကျပ်နှင့် ၅ဝ ကျပ်ကြားရှိ နှုန်းထား တစ်ခုသို့သာ တိုးမြှင့်သွားမည် ဖြစ်ကြောင်း၊ ထိုမှတဆင့် ၅ဝ ကျပ် (နှစ်ဆနှုန်းထား) ရောက်သည်အထိ ကောက်ခံသွားမည် ဖြစ်ကြောင်း၊ အဆိုပါ အဆင့်ဆင့် ကောက်ခံမည့် ဓာတ်အားအသုံးပြုခ နှုန်းထားများ အတွက် ဆွေနွေးတိုင်ပင်လျက် ရှိကြောင်း ယနေ့ ပြုလုပ်သည့် အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဝန်ကြီးနှင့် ပြည်တွင်းမီဒီယာများ တွေ့ဆုံပွဲသို့ တက်ရောက် နေသော The Voice Weekly သတင်းအယ်ဒီတာ တစ်ဦးက သတင်းပေးပို့သည်။

.

0 comments: