Wednesday, December 21, 2011

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ နှုတ်ဆက်ပြီးနောက် ထိုင်းနိုင်ငံဝန်ကြီးချုပ် ရွှေတိဂုံဘုရားဖူးမျှော်


ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်ရှင်နာဝါထရာတို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးရဲ့နေအိမ်မှာနာရီဝက်ကြာ တွေ့ဆုံခဲ့ပါတယ်။

korea Media Report Photo

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ နှုတ်ဆက်ပြီးနောက် ထိုင်းနိုင်ငံဝန်ကြီးချုပ် ရွှေတိဂုံဘုရားဖူးမျှော်

ထိုင်းနိုင်ငံဝန်ကြီးချုပ် Yingluck Shinawatra သည် နေပြည်တော်မှ ရန်ကုန်မြို့သို့ ၂၀.၁၂.၂၀၁၁ ရက်နေ့ ညနေပိုင်းတွင်ရောက်ရှိခဲ့ပြီး  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံ ဆွေးနွေးမူပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါတွေ့ဆုံမူအား ယနေ့ ညနေ ၆ နာရီဝန်းကျင်ခန့်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ထိုင်းသံရုံး (Royal Thai Embassy) တွေဆုံခဲ့ကြောင်းသိရှိရသည်။
တွေဆုံပွဲအပြီးတွင် ထိုင်း ၀န်ကြီးချုပ်သည်  မြန်မာနိုင်ငံ၏သမိုင်းဝင် စေတီတော်  ရွှေတိဂုံစေတီ ရင်ပြင်တော်ပေါ်သို့ လက်ယာရစ်တစ်ပတ်လှည့်ပတ်၍ ဖူးမျှော်ခဲ့သည်။
ထိုင်းငံဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့များသည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ရက်နေ့တွင် ရောက်ရှိခဲ့ပြီး နေပြည်တော်မြန်မာနိုင်ငံမှလက်ခံကျင်းပမည့် စတုတ္ထအကြိမ် ဂျီအမ်အက်စ်ထိပ်သီး အစည်းအဝေးသို့တက်ရောက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများဖော်ပြချက်အရသိရှိရသည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့တွင် ထိုင်းနိုင်ငံမှ ဒုတိယ၀န်ကြီးချုပ် H.E Mr Kittiratt Na- Ranong၊ ၀န်ကြီးငါးဦး၊ ဒုတိယ၀န်ကြီးခြောက်ဦးနှင့် အခြားကိုယ်စားလှယ် ၃၇ ဦးတို့ပါဝင်ကြောင်းသိရှိရသည်။
ဂျီအမ်အက်စ်ထိပ်သီးအစည်းအဝေးတွင် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ လာအိုနှင့် တရုတ် နိုင်ငံများမှ အဆင့်မြင့် အရာရှိကြီးများနှင့် အာရှဖွံ့မြိုးရေးဘဏ်မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါအစည်းအဝေးတွင် ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်းနှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ် မစ္စတာဆမ်ဒက်ဟွန်ဆင်နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ လာအိုဝန်ကြီးချုပ် မစ္စတာ သွန်ဆင်းသမာဗောင်နှင့် ကိုယ်စားလှယ်အဖွဲ့များ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် မစ္စတာတိုက်ပင်းကော် နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သတင်းစားများဖော်ပြချက်အရသိရှိရသည်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ်မလာမီ ရက်ပိုင်းအလိုတွင် ယင်းလပ်၏ အကိုဖြစ်သူ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ညီမဖြစ်သူ၏ ခရီးစဉ် ချောမွေ့ရေးအတွက် မြန်မာအစိုးရနှင့်လာရောက်တွေ့ဆုံခဲ့ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာ မျက်နှာဖုံး သတင်းအရ သိရှိရသည်။
အောင်ကိုကိုလတ်(မြစ်မခ)
 
Credit ။။သစ်ထူးလွင်  .

0 comments: