Sunday, December 11, 2011

ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိခြင်း အနှစ် (၂၀) ပြည့် ဂုဏ်ပြုပွဲ (ဓါတ်ပုံနှင့်ရုပ်သံ)ကြည့်ရန်

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်(လ်)ဆုရရှိခဲ့သည့် နှစ်(၂၀)ပြည့် အခမ်းအနားကို ကြည်မြင်တိုင်ရှိ သာဓုပရိယတ္တိစာသင်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
 
အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားအား ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ပိဋိကတ်စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားနှင့် ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ပြီး နိုဘယ်(လ်)ကျောင်းသားများနှင့် မြန်မာ့ဒီမိုကရေစီအင်အားစုများမှ စုပေါင်း ကျင်းပ ခဲ့ခြင်းဖြစ်သိရသည်။
`ကျမအနေနဲ့ ငြိမ်းချမ်းရေးဆိုတာကို တကယ့်ကို ရိုးရိုးစင်းစင်းနဲ့ လွယ်လွယ်လေးနဲ့ပြောရမယ်ဆိုရင် ကျမတော့ ဒီလိုပြောချင်တယ်။ ငြိမ်းချမ်းရေးဆိုတာ အိပ်တဲ့အခါ ချမ်းသာရမယ်၊ နိုးတဲ့အခါ ချမ်းသာရမယ်။ ဒါပါပဲ။ ဒီလိုစဉ်းစားတတ်မယ်ဆိုရင် ကျမတို့အားလုံးသဘောပေါက်မယ်လို့ထင်ပါတယ် ´ဟု ဒေါ်အောင်ဆန်း စုကြည်က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအားဂုဏ်ပြုမည်အစား ငြိမ်းချမ်းရေးကိုသာ ဂုဏ်ပြုသင့်ကြောင်း ငြိမ်ချမ်းသောနိုင်ငံဖြစ်စေရန် အားလုံးအပေါ်မှာ တာဝန်များကျလာသလို ထိုကဲ့သို့ လုပ်နိုင်ဖို့ အခွင့်အရေး ရသည့်အတွက် ဂုဏ်ယူသင့်ကြောင်း အရင်ခေတ်အဆက်ဆက်က မရခဲ့သော ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်နိုင်ရန်အတွက် ရရှိထားသောအခွင့်အရေးများကို လက်မလွတ်တမ်း ဆုတ်ကိုင်နိုင်ရန် အရေးကြီးကြောင်းဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။
`ဒီနေ့ကတော့ ဒကာမကြီးဒေါ်စုကို ငြိမ်းချမ်းရေးနိုဘယ်(လ်)ဆုတဲ့ နှစ်(၂၀)ပြည့်မြောက် အထိမ်းအမှတ် ဂုဏ်ပြုပွဲ သိပ်ဝမ်းသာတယ်၊ သိပ်ကြည်နှုးတယ်၊ သိပ်ဂုဏ်ယူတာပဲ။ ငြိမ်းချမ်းမရှိတဲ့ နယ်မြေကနေ ငြိမ်းချမ်းရေး ရှိတဲ့နယ်မြေကို ရောက်အောင်ဆောင်ကျဉ်းပေးတာ ဒါဟာ ငြိမ်းချမ်းရေးပဲ။ ဘုန်းကြီးအနေနဲ့ပြောချင် တာကတော့ အားလုံးသာယာဝပြောငြိမ်းချမ်းတဲ့ နိုင်ငံတော်ကြီးအဖြစ် ဘုန်းကြီးတို့ရော တို့အားလုံးရော ဒကာမကြီးနှင့်အတူ ဦးဆောင်မှုအောက်က ဦးဆောင်မှုနောက်က ညီညီညွှတ်ညွှတ်နဲ့ စိတ်တူ ကိုယ်တူ ကွဲပြားမှုမရှိပဲ ကြိုးစားဆောင်ရွက်ကြပါလို့ ပြောချင်ပါတယ်။ညီညွှတ်မှ ငြိမ်ချမ်းမယ်ဆိုတာ ဘုန်းကြီး ပြောဖူးပါတယ် ´ ဟု သာဓုပရိယတ္တိစာသင်တိုက်မှ ရွှေည၀ါဆရာတော် အရှင်ပညာသီဟမှ မိန့်ကြားသည်။
အဆိုပါဂုဏ်ပြုပွဲအခမ်းအနားအား မနက်()နာရီခွဲမှ ()နာရီခွဲထိ ကျင်းပခဲ့ပြီး အဆိုပါ ဂုဏ်ပြုပွဲသို့ နိုဘယ်(လ်) ကျောင်းသားများ၊ ဒီမိုကရေစီအင်အားစုများနှင့် ပြည်သူများအပါအ၀င် တက်ရောက်သူ လူဦးရေ(၁၀၀၀) ကျော် ၀န်းကျင်ရှိကြောင်း သိရသည်။
သတင်း။။မြစ်မခ ရုပ်သံ။။Burma VJ ဓါတ်ပုံ။။ လူထုအော်သံ .

0 comments: