Sunday, December 11, 2011

ပရိုဂရမ်မင်းဘာသာရပ်လေ့လာလိုသူများအတွက် အွန်လိုင်းရတနာသိုက်များ

ပရိုဂရမ်းမင်း (Programming) ဘာသာရပ်ကိုလေ့လာချင်သူတွေအတွက် အွန်လိုင်းပေါ်ကရင်းမြစ် (resources) တွေကို ညွှန်းချင်ပါတယ်။ ပညာရပ်တစ်ခုဆိုတာ လေ့လာလေနက်နဲလေ၊ ရှာဖွေလေတွေ့ရှိလေပါပဲ။ ပိုပြီးကျယ်ပြန့်စွာသိချင်ရင် အွန်လိုင်းမှာ programming နဲ့ coding တွေအတွက် ရှာနိုင်တဲ့နေရာတွေ အများကြီးပါ။

      ကျွန်တော် Network Computing ဘွဲ့အတွက်ကျောင်းတက်တုန်းက ပထမနှစ်မှာ Java နဲ့ပတ်သက်ပြီး object-oriented programming နှစ်ဘာသာယူရပါတယ်။ ကျွန်တော့်ဆရာက လည်း တကယ့်ပရိုဂရမ်းမင်းခရေဇီလေ။ သူဖတ်ဖို့ပေးထားတဲ့စာအုပ် ကလည်း ဘာသာရပ်နှစ်ခုစလုံးအတွက် တစ်မျိုးတည်းပဲ။ ဒါပေမယ့် ဆရာရော စာအုပ်ပါ သိပ်မထူးပါဘူး။ ပျင်းစရာကောင်းလှတယ်။ တစ်ခုကောင်းတာက ဆရာက အသင်အပြတော့ မကောင်းဘူး။ အညွှန်းတွေသိပ်ကောင်းတယ်။ သူတို့ညွှန်းတဲ့ site တွေကို ကျောင်း သားတိုင်းစိတ်မဝင်စားပေမယ့် ကျွန်တော်ကတော့ စိတ်ဝင်စားတယ်။ ကွန်ပျူတာအင်တာနက်ကို မွှေနှောက်နေရရင် စိတ်ထဲမှာ ပြေပျောက်နေတတ်တဲ့ကောင်ဆိုတော့ မွှေပြီပေါ့ဗျာ။

      ကျွန်တော်ပြောခဲ့တာအခြေအနေအမှန်ပါဗျာ။ ဆရာသင်တာ မရှင်းတော့ သိချင်စိတ်တွေများလာတယ်။ ဒီတော့ ပိုကောင်းတဲ့ စာအုပ်ကိုရှာဖို့ ဆုံးဖြတ်လိုက်ရတယ်။ စာအုပ်ဆိုင်တွေမှာ စာအုပ်တွေ ရှိပေမယ့် ဈေးကြီးတယ်ဗျာ။ တကယ်မဝယ်နိုင်ပါဘူး။ ဈေးပေါတာ တွေကအလုပ်မဖြစ်။ ဝယ်နိုင်တယ်ပဲထား အဲဒီစာအုပ်ကြီးတွေရှင်းမှ ပိုရှုပ် ကုန်တယ်။ ကျောင်းပြဋ္ဌာန်းစာအုပ်တွေလောက်တောင် မထူးတဲ့ စာအုပ်တွေကို စိတ်ကုန်လာတယ်။ ဒါပေမယ့် ကျွန်တော်က စိတ်မပျက်ဘူးဗျ။ စာအုပ်တွေနောက်က အညွှန်းတွေနောက်၊ သူတို့ ကိုးကားထားတဲ့ စာအုပ်တွေ စာရင်းနောက်ကို လိုက်ရင်လည်းရတာပဲ မဟုတ်လား။ ဒီနေရာကနေ ရှေ့ဆက်ဖို့စတာ အကောင်းဆုံးလို့ သတ်မှတ်လိုက်တယ်။

      ကျွန်တော်စိတ်အဝင်စားဆုံးက website တွေပဲ။ အိုင်တီကျောင်းသားတွေအများစု စိတ်မဝင်စားတတ်တဲ့နေရာလို့ ဆိုရမလားပဲ။  အဲဒီအထဲမှာ အကောင်းဆုံး site တွေကိုပြောပါဆိုရင် programming language နဲ့ပတ်သက်တဲ့ site တွေပဲ။ အခြား ပရိုဂရမ်းမင်းနဲ့ပတ်သက်တဲ့  coding community က အဖွဲ့ဝင် member site တွေလည်းရှိသေးတယ်။ အဲဒါတွေကိုတွေ့ကြုံရတာ ကျွန်တော့်အတွက်တော့ ရတနာသိုက်ကို ရှာတွေ့လိုက်ရသလိုပါပဲ။

Java


Trial : Learning the Java Language

http://www.atomicmpc.com.au/features/java.sun.com/docs/books/tutori...

      Sun Misrosystem ရဲ့ Java 'trial" ကတော့ တကယ့် ကောင်းတဲ့ site လို့ပြောရမယ်။ ကျွန်တော် Java ကိုလေ့လာတုန်းက နားမလည်တာတွေအားလုံး၊ ပြဿနာတွေအားလုံးကို ဒီ site ကနေဖြေရှင်းပေးနိုင်တယ်လို့ ဆရာက ညွှန်းဖူးတယ်။

      'Trial' site က လက်ဦးအစသမားတွေအတွက် အတော်လေး လုံလောက်တယ်လို့ဆိုရမယ်။ ဒီလိုင်းမှာ objects, classes, inheritances, interface နဲ့ packages တွေအားလုံးနဲ့ပတ် သက်ပြီးတော့ အခြေခံကစပြီးရှင်းပြထားတယ်။ ဒီနေရာကနေ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို concept အနေနဲ့အများကြီးရနိုင်တယ်။ အဆင့်အမြင့်ကြီး တွေမပြောသေးဘဲ အဆင့်လိုက် အသေးစိတ်ကို လေ့လာနိုင်တယ်။ နားလည်လွယ်တဲ့ ဥပမာတွေ အများ ကြီးထည့်ပြီးရှင်းပြထားတယ်။

Java Beans


http://www.netbeans.org/kb/trails/java-se.html

      Java Beans ကတော့ အခြား website တစ်ခုပါ။ ကျွန်တော့်ဆရာတွေ မကြာခဏ ညွှန်းတတ်ပါတယ်။ Tutorial တွေလုပ်ဖို့ တကယ့်စာကြည့်တိုက်ကြီးတစ်တိုက်လို့ပြောရမယ်။ Java programmer တွေအတွက်သာမဟုတ်ဘူး၊ C++ နဲ့ PHP သမားတွေအတွက်ပါ အများကြီးပတ်သက်နေတဲ့နေရာလို့ပြောရ မယ်။ Java Beans မှာ Java ပရိုဂရမ်အဖွဲ့ဝင်တွေကလည်း သူတို့ content တွေနဲ့အများကြီးအထောက်အကူပြုထားတာတွေ့ရတယ်။ အဖွဲ့ဝင်တွေက သူတို့တွေ့ထားတဲ့၊ သိထားတဲ့ ပရိုဂရမ် tutorial တွေကို တင်ထားပေးတယ်။ သူတို့ဆိုလို့ ပေါ့သေးသေးတွေ မထင်နဲ့။ တကယ့် specialist တွေအများကြီးပါတယ်။

Java Lessons


http://javalessons.com/

      ဒီ website မှာ နှစ်ပေါင်းများစွာ ကျွန်တော်လုပ်ခဲ့ရတဲ့ လေ့ကျင့်ခန်းတွေ၊ assignment တွေကို အများကြီးသွားတွေ့လိုက် ရတယ်။ Java Lessons က tutorial တွေအများကြီးပေးထား တယ်။ ဒါပေမယ့် ဥပမာတွေပေးပြီးတော့ပဲ focus လုပ်ထားတယ်။  ဒီ site မှာ machanics of the language နဲ့ ရှုပ်ထွေးလှတဲ့ statement တွေရဲ့ ရည်ရွယ်ချက်တွေကိုဖော်ပြထားတယ်။ ပုံစံ အမျိုးမျိုး ရှင်းလင်ချက်အဖုံဖုံနဲ့ စာကြည့်တိုက် တစ်တိုက်စာလောက် ရှင်းချက်တွေကိုတွေ့နိုင်တယ်။ ဥပမာတစ်ခုကို click လုပ်လိုက်တာ နဲ့ 'lesson viewer' ကိုတွေ့နိုင်ပြီး အဲဒီအထဲမှာ source code တွေကို နောက်ထပ် window တစ်ခုနဲ့ဖတ်နိုင်မှာပါ။ လိုင်းတစ်လိုင်း စီရဲ့ရှင်းချက်တွေကိုသိချင်ရင် အခြား window တစ်ခုနဲ့ထပ်မံ လေ့လာနိုင်ပါတယ်။ Code လိုင်းတွေပေါ်က cursor ကိုဖယ်လိုက် တာနဲ့ viewer က ဆက်စပနေတဲ့ရှင်းလင်းချက်တွေကို hilighlight နဲ့ဖော်ပြမှာဖြစ်ပါတယ်။  အမြင်ပိုင်းဆိုင်ရာကတော့ ဒီ website ဟာသိပ်ပြီးတော့ အတော်လေးရုပ်ဆိုးပေမယ့် အသုံး ကျမှုကတော့ တန်ဖိုးဖြတ်လို့ကို ရနိုင်မယ်မထင်ပါဘူး။

Java World Community


http://www.javaworld.com/community

      Java World ရဲ့ main page မှာတင် တကယ်ကောင်းတဲ့ ဆောင်းပါးတွေတင်ထားတာတွေ့ရမယ်။ ဒီဆောင်းပါတွေဟာ ပရိုဂရမ်းမင်းနဲ့ပတ်သက်ပြီး နားလည်စေနိုင်ရုံမျှမက ချဲ့တွေးမယ်ဆိုရင် အများကြီး တွေးလို့ရတဲ့ဆောင်းပါတွေဖြစ်ပါတယ်။ Java World မှာ community section ဆိုတာပါတယ်။ ဒီကဏ္ဍကနေ Java နဲ့ပတ်သက်တဲ့ Q&A forum တွေအပြင် အခြားသက်ဆိုင်ရာ blogတွေဆီကိုလည်း သွားနိုင်ပါလိမ့်မယ်။

Java Coffee Break


http://www.javacoffeebreak.com/

      ဒီ site ဟာ ကျွန်တော်တက္ကသိုလ်ကာလတစ်လျှောက်လုံး သုံးခဲ့တဲ့ site အနေနဲ့ အမှတ်ရနေတယ်။ Java Coffee Brake ရဲ့ library of tutorial  က အတော်လေးဟောင်းနေပြီလို့ဆိုရမယ်။ ဒီ site မှာရေးတဲ့သူတွေက ၁၉၉၆ လောက်ကတည်းကလေ။ ဒါပေမယ့် တကယ့် language နဲ့ပတ်သက်ပြီး နှိုက်လိုတဲ့နောက်ပေါက်တွေ အတွက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့နေရာကြီးတစ်ခုပဲ။  ကိုယ်ဘာတွေသိချင် လိုချင်တယ်ဆိုတာကို ဒီ site မှာဆုံးဖြတ်နိုင် လိမ့်မယ်ထင်ပါတယ်။

C++


Visual C++ Developer Centre

http://msdn.microsoft.com/en-us/visualc/default.aspx

      C++ ရဲ့ တရားဝင် website တစ်ခုပါ။ ဒီဘာသာရပ်နဲ့ပတ် သက်တာမှန်သမျှ အားလုံးအဖြေတွေ ရှိတယ်ဆိုတဲ့နေရာမျိုးပေါ့။ Microsoft Developer Network က download နဲ့ tutorial တွေအများကြီး ဖြည့်ဆည်းပေးထားတယ်။ C++ နဲ့ပတ်သက်တဲ့ ပရိုဂရမ်းမင်း textbook တွေကအစဒီမှာရနိုင်တယ်။ C++ ကိုစတင် လေ့လာချင်သူတွေ၊ စိတ်ပါဝင်စားပြီး ကိုယ်ပိုင်လေ့လာချင်သူတွေ အတွက် အထောက်အကူပြုမယ့် site လို့ ဆိုချင်ပါတယ်။

CProgramming.com


http://www.cprogramming.com/

      CProgramming.com ဟာတကယ့် အံ့ချီးဖွယ် tutorial library ကြီးလို့ဆိုနိုင်တယ်။ C ရော C++ အတွက်ပါ အခြေခံကစ ပြီးရှင်းပြနိုင်တဲ့လိုင်းဖြစ်ပါတယ်။ OpenGL လိုခေါင်းစဉ်အောက် ကနေ လေ့လာစရာတွေအများကြီးပါ။ CProgramming ရဲ့ ပြဿနာတစ်ခုကတော့ update သိပ်မလုပ်တာပဲဖြစ်ပါတယ်။ Website ရဲ့ homepage ကိုကြည့်လိုက်ရင် ၂ဝဝ၉ မတ်လ အတွက် update တွေခုထိမတက်သေးဘူး။ ၂ဝဝ၈ နိုဝင်ဘာ လောက်က update လုပ်ထားတာပဲရှိသေးတယ်။ ဒီ့ထက်စောတာ ဆိုရင် ၂ဝဝရ ဩဂုတ်လောက်ကဟာတွေပဲရှိတယ်။ ဒီ site က content တွေဟာ အခြားကစိတ်ဝင်စားသူတွေဆီကလာတာထက် site ကိုဖန်တီးသူတွေပဲရေးထားတာများမယ်ထင်ပါတယ်။ သဘော ကတော့ C++ ကိုပစ်ပယ်သူတွေများလာပြီဆိုတဲ့သဘောဖြစ်မယ် ထင်တယ်။ ညွှနးလိုတာကတော့ C++ နဲ့ပတ်သက်ရင် ဒီ site မှာ အပြည့်စုံဆုံးရနိုင်တယ်ဆိုတာပဲ။

alt.com.lang.c-c++


http://groups.google.com/group/comp.lang.c++/topics?lnk

      Usenet group က C++ နဲ့ပတ်သက်ပြီးလှုပ်ရှားနေတဲ့ site လို့ပြောရမယ်။ ဒီ site မှာ ထောင်ပေါင်းများစွာသော ထောက်ပံ့ သူတွေရှိတယ်။ မေးခွန်းလေးတွေပြန်ဖြေတာတောင် အသေးစိတ် ဖြေပေးထားတယ်။ ၁၉၈၆ နိုဝင်ဘာ လောက်ကတည်းက ထောင်ပေါင်းများစွာသော post တွေကိုလည်း ဒီမှာတွေ့နိုင်တယ်။  C++ နဲ့ပတ်သက်ပြီး အတော်လေးလည်းအတွေ့အကြုံဗဟုသုတရှိ တယ်ဆိုရင် ဒီအဖွဲ့ကြီးဆက်လက်တည်တံ့နေတာကိုပဲ ကျေးဇူးတင် ထိုက်တယ်။ ဒီအထဲမှာ မေးချက်၊ ဖြေချက်၊ ဆွေးနွေးချက်တွေ ဟာ တစ်ဦးချင်းအနေနဲ့ကြည့်ကြည့်၊ အဖွဲ့လိုက် အနေနဲ့ကြည့်ကြည့် တန်ဖိုးမဖြတ်နိုင်စရာ ရတာနာသိုက်ကြီးပမာ ယနေ့တိုင်ဖြစ်နေဆဲ လို့ဆိုနိုင်တယ်။

LearnCpp.com


http://www.learncpp.com/

      အခြေခံကျကျ tutorial တွေနဲ့ website တစ်ခုပေါ့။ ဒီဘာသာ စကားနဲ့ပတ်သက်ပြီး အတွေ့အကြုံ ရှိသူတွေအတွက် ရည်စူးပြီး သီးသန့်ပညာရှင်ဆန်တဲ့ website လို့ဆိုနိုင်ပါတယ်။ ဒီ site ဟာ တကယ့်ဈေးကွက်ဝင် ပညာရှင်အဆင့်လောက်အထိကိုရည်စူးပြီး သုတေသနလုပ်ထားတာတွေတင်ထားတာကြောင့် ခုမှစတင်လေ့လာ သူတွေအနေနဲ့တော့ အသက်ရှူမှားလောက်တဲ့ site လို့ဆိုရမယ်။

CPlusPlus.com


http://www.cplusplus.com/

      ဒီ site မှာလည်း tutorial တွေအများကြီးရှိတယ်။ အမှန်တော့ ဒီ site မှာရောင်းနေတာတွေက လက်ရှိ active ဖြစ်နေတဲ့ forum တွေနဲ့ ဥပမာကောင်းကောင်းတွေစုစည်းချက်တွေပါ။ ဒါတွေကို အလကားမရပါဘူး။ အဲဒီ ခက်ခဲနက်နဲတဲ့ source code တွေကို download လုပ်ယူနိုင်ပါတယ်။ Compiled လုပ်တာတွေ၊ run တာတွေကို အခြား DOS သို့မဟုတ် Windows နဲ့လုပ်ကြည့်နိုင်ပါတယ်။

Visual Basic


Visual Basic Developer Centre

http://msdn.microsoft.com/en-us/vbasic/default.aspx

      မိုက်ခရိုဆော့ဖ်ရဲ့ တစ်ကျော့ပြန် ထိပ်တန်းကျတဲ့ website တစ်ခုလို့ပြောရမယ်။ မိုက်ခရိုဆော့ဖ်ရဲ့ ဒီ Visual Basic website ဟာ C++ page တွေကိုလည်းထည့်ပေးထားတယ်။ Tutorial အမျိုးမျိုးကိုလည်း download လုပ်ယူနိုင်တယ်။ စိတ်ဝင်စားစရာ ကောင်းတာက ဗီဒီယို tutorial တွေပါ download လုပ်နိုင်တာ ပါ။ Microsoft Developer Network ရဲ့ C++ page နဲ့ Sun Microsystem က Java trial တွေကိုလည်း ဒီ site မှာလေ့လာနိုင် တာက ပိုပြီးအဆင်ပြေစေနိုင်ပါတယ်။ နောက်ပေါက်ပရိုဂရမ်မာ အသစ်တွေအနေနဲ့ ဒီ site က ဗီဒီယို သရုပ်ပြသင်ကြားချက်တွေဟာ အံဖွယ်ကောင်းလောက်အောင် အထောက်အကူဖြစ်စေနိုင်ပါလိမ့်မယ်။

Mark-up and Scripting Languages


W3Schools

http://www.w3schools.com/

      ဒီ site မှာ တကယ့်ကောင်းတဲ့ array of tutorial တွေကို  ပြင်ခွင့်၊ ဝင်ရေးခွင့်တွေရနိုင်အောင် စီစဉ်ပေးထားတယ်။ ဈေးကွက် ဝင် script တွေဖြစ်တဲ့ ASP, CSS, HTML, Javascript, PHP, SQL နဲ့ XML တွေအားလုံးဒီအထဲမှာလေ့လာနိုင်တယ်။ ဒီ site ရဲ့ library of tutorials  ဟာ အရမ်းကျယ်ပြန့်တဲ့သဘောရှိတယ်။  လိုချင်သလောက်အရေအတွက် ဒီမှာမလေ့လာနိုင်တာကို အဆိုးမြင် လို့တော့မရဘူး။ သူထည့်ထားသမျှ content တွေဟာ တကယ့် အရည်အသွေးပြည့်စမ်းသပ်ချက်တွေဖြစ်နေတာကို အသိအမှတ်ပြု ရလိမ့်မယ်။ ဒါပေမယ့် ဥပမာတွေအများကြီးတော့ရှိတယ်။  ပြဿနာတစ်ခုခုကို W3School မှာကြိုက်ရာဘာသာ language နဲ့ဝင်ပြီးလေ့လာနိုင်တယ်ဆိုတာက အခွင့်အရေးတစ်ခုလို့မှတ်လိုက် ပါ။ ပြီးပြည့်စုံတဲ့ site တစ်ခုမဟုတ်သေးပေမယ့် အစသမားတွေ ရော၊ ကျွမ်းကျင်သူတွေပါအားကိုးထိုက်တဲ့ site ဖြစ်ပါတယ်။

PHPFreaks


http://www.phpfreaks.com/

      PHP coding တွေနဲပတ်သက်ပြီး tutorial တွေအပြင် တကယ့်ပြောင်မြောက်တဲ့ active forum တွေကိုပါ လေ့လာနိုင်ပါတယ်။

HTML: An Interactive Tutorial


http://www.davesite.com/webstation/html/

      အခြေခံကျကျ tutorial ကောင်းကောင်းတွေထည့်ထားတယ်။ HTML ကိုစတင်လေ့လာချင်သူတွေအတွက်ကောင်းတယ်။ Coding တွေအပြင် website design တွေကိုပါ အခြေခံကစပြီး လေ့လာနိုင်တယ်။

YourHTMLSource/JavaScript


http://www.yourhtmlsource.com/javascript

      JavaScript နဲ့ပတ်သက်ပြီး နိဒါန်းသဘောလောက်တော့ လေ့လာနိုင်လိမ့်မယ်။ ဒီ site ရဲ့အဓိကဟာ URL နဲ့ပတ်သက်ပြီး  အကြံပြုချက်တွေအပြင်၊ HTML နဲ့ပတ်သက်ပြီး focus လုပ်ထား တာတွေလောက်ပဲရှိတယ်။

JavaScript Kit


http://www.javascriptkit.com/javatutors

      အတော်လေးဟောင်းနေတဲ့ website လို့ဆိုရမယ်။ Y2K bug တွေနဲ့ပတ်သက်ပြီး ရှင်းချက်တွေရှိတယ်။ JavaScript နဲ့ ပတ်သက်ရင် အရည်အသွေးပြည့် tutorial တွေအများဆုံး စုဆောင်း ထားနိုင်တဲ့ library တစ်ခုလိုတော့ အသိအမှတ်ပြုရမယ်။ JavaScript ကိုအထူးပြုလိုက်စားသူတွေ အခြေခံကျကျပြန်လေ့လာ ချင်တယ်ဆိုရင် ဝင်ပြီးလေ့လာသင့်တဲ့ site လို့အကြံပြုချင်ပါတယ်။

SQLzoo.net


http://www.sqlzoo.net/

      SQL နဲ့ပတ်သက်ပြီး နိဒါန်းပျိုးပေးထားတဲ့ site လို့ဆိုနိုင် တယ်။ တကယ့် interactive ဖြစ်တဲ့ ဥပမာတွေပေးထားတာက  လေ့လာချင်သူတွေအတွက် အထောက်အကူများစွာဖြစ်စေပါလိမ့်မယ်။

HTML.net


http://www.html.net/

      HTML နဲ့ CSS တွေနဲ့ပတ်သက်ပြီး အခြေခံကျကျ tutorial တွေထည့်ပေးထားတယ်။ Tutorial တွေကတော့ လက်ခံချင်လည်း လက်ခံလို့ရသလို လက်မခံချင်ရင်လည်းရတဲ့ ဉာဏ်ပွားပြီးစဉ်းစားစရာ ပြဿနာတွေနဲ့ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်ကိုအခြေခံ ကျကျစဉ်းစားပေးထားတယ်။ သူတို့နဲ့ W3School site က tutorial တွေဟာ သိပ်မနီးစပ်တာတွေဖြစ်ကောင်းဖြစ်နိုင်တယ်။  အတွေ့အကြုံမရှိသေးသူတွေအတွက်ကတော့ အဆင်ပြေစွာ လေ့ကျင့်နိုင်မယ့် နေရာကောင်းတစ်ခုလို့ဆိုနိုင်ပါတယ်။

The Python Tutorial


http://docs.python.org/tutorial

      အရိုးဆုံးအမည်နဲ့ အရှင်းဆုံး website လို့ဆိုချင်တယ်။ Python Tutorial တွေက ကြောင်တောင်တောင် နိုင်တယ်လို့ ဘယ်သူတွေကပြောပြော အရိုးဆုံး အရှင်းဆုံးနဲ့ အခြေခံကစပြီး တွေးရင်တွေးနိုင်သလောက် ခရီးရောက်တဲ့ language လို့ဆိုချင် တယ်။ ကိုယ်ပိုင်အတွေးနဲ့ ပရိုဂရမ်းမင်းကိုတည်ဆောက်ချင်သူတွေ အနေနဲ့ဖြစ်စေ၊ လွယ်လွယ်နဲ့စပြီး အကောင်းဆုံးရလဒ်ကိုရယူဖန် တီးချင်သူတွေအတွက်ဖြစ်စေ ဒီ site ကတော့ အမှတ်ပြည့်ပေးရမယ့် site လို့ဆိုချင်တယ်။

Beginners, Non-Programmers Guide to Python


http://wiki.python.org/moin/BeginnersGuide/NonProgrammers

      Python tutorial တွေအများကြီးပေးထားပြီး နောက်ထပ် အသစ်တွေကို ဆွဲခေါ်ထားတဲ့ site လို့ဆိုနိုင်တယ်။ အထူးသဖြင့် တော့ ဒီ site ဟာ ကလေးတွေအတွက်ရည်စူးပြီး ကလေးပရိုဂရမ် မာတွေထွက်ပေါ်ရေးများ လုပ်ထားသလားလို့ထင်ရတယ်။ လွယ်လွယ်နဲ့ ပရိုဂရမ်ကိုလေ့လာချင်ရင် ဝင်ကြည့်ပေါ့။

Ref : Programming resources,  By Chris Taylor
Tin Nyut(Myanmar Net Work)
.

0 comments: