T
သက်ကြီးရွယ်အို
ဘိုးဘွားအချို့ စားဝတ်နေရေး အခက်အခဲကြောင့် နေရပ်မှစွန့်ခွာ၍
တစ်နေရာနှင့်တစ်နေရာ လှည့်လည်သွားလာကာ အသက်မွေး ၀မ်းကျောင်း ပြုနေရသည့်
ဖြစ်ရပ်များ များပြားနေကြောင်း မြို့တော်နေပြည်သူ များထံမှ သိရှိရသည်။
လူစည်ကားရာ နေရာများ၊ ဘတ်စကားဂိတ်များနှင့် အစား
အသောက်ရောင်းချသည့်ဆိုင်များ ၀န်းကျင်၌ ယင်းကဲ့သို့ သက်ကြီးရွယ်အို များ
တောင်းရမ်းစားသောက်နေကြသည့် ဖြစ်ရပ်များကို တွေ့ရှိနေရကြောင်း သိရှိရသည်။
အချို့သောသူများမှာ သားသမီး များမရှိကြသော ဘိုးဘွားများဖြစ်ကြ
သော်လည်းအချို့မှာ သားသမီးများ ရှိကြသော်လည်း အဆိုပါ သားသမီး များမှ
ဆက်လက်ကျွေးမွေး စောင့်ရှောက်ရန် အခက်အခဲများ ရှိကြသဖြင့် မိမိ
ဆန္ဒသဘောအလျောက် နေရပ်မှစွန့်ခွာ၍ ခြေဦးတည့်ရာလှည့်လည် တောင်း ရမ်း
စားသောက်နေကြသူများ ဖြစ်နေ ကြောင်းသိရှိရပါသည်။
ယင်းကဲ့သို့ နေအိမ်အား စွန့်ခွာသွားကြသည့် အဘိုးအဘွားများမှာ အသက် ၆၅
နှစ်နှင့် ၇၀ နှစ်ဝန်းကျင် များဖြစ်ကြကြောင်း သိရှိရသည်။ သို့ဖြစ်ရာ
လှိုင်သာယာမြို့နယ် ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ တာဝန်
ရှိသူများကလည်း ယင်းကဲ့သို့ အဘိုး အဘွားများ ပျောက်ဆုံးမှုများနှင့် ပတ်သက်၍
ရပ်ကွက်အတွင်း လှည့်လည်ကာ အသံချဲ့စက်များဖြင့် လိုက်လံ
သတိပေးကြေညာနေမှုများလည်း ရှိ နေကြောင်း သိရှိရပါသည်။
''တချို့ကျတော့လည်း ဘိုးဘွား ရိပ်သာတွေရှိလျက်နဲ့ သားသမီးတွေ မြေးတွေကို
သံယောဇဉ်မဖြတ်နိုင် ကြလို့ သားသမီးတွေအိမ်မှာပဲ ပေပေ တေတေနဲ့ကပ်နေကြတဲ့
ဘိုးဘွားတွေ လည်း အများကြီးရှိနေပါတယ်''ဒဂုံ မြို့သစ်အရှေ့ပိုင်း၌
နေထိုင်သူတစ်ဦး က ပြောပြခဲ့ပါသည်။
သက်ကြီးရွယ်အို ဘိုးဘွားများ အား ပြုစုစောင့်ရှောက်မှုအပိုင်းကို
ကြည့်မည်ဆိုပါက အချို့သောဂိလာန ဘိုးဘွားရိပ်သာများတွင် ဘိုးဘွားများ
အားလက်ခံရာ၌ ကန့်သတ်ချက်များ သိပ်မရှိဘဲ အကြမ်းဖျင်းအားဖြင့် အသက် ၇၀
နှင့်အထက် ပြုစုစောင့် ရှောက်မည့်သူမရှိသော (သို့မဟုတ်)
အကြောင်းအမျိုးမျိုးကြောင့် ပြုစုစောင့် ရှောက်မည့်သူရှိသော်လည်း
ငြိုငြင်ခြင်းခံနေရသူ ဘိုးဘွားများအား လက်ခံ စောင့်ရှောက်ပေးလျက်ရှိသော
ရိပ်သာ များရှိနေသကဲ့သို့ အချို့ရိပ်သာများတွင် လည်း ရိပ်သာသို့
လာရောက်နေထိုင်လိုသူ ဘိုးဘွားများအား အသက် ၇၀ ပြည့်ပြီး
ကျန်းမာရေးကောင်းမွန်သူ၊ အမှန်တကယ် ပြုစုစောင့်ရှောက်မည့်သူ
မရှိသည့်ဘိုးဘွားများသာ လက်ခံ လျက်ရှိကြောင်း သိရှိရသည်။
''ဘိုးဘွားတွေကို ပြုစုစောင့် ရှောက်မယ့် သွေးသားဆွေမျိုး၊ နေ စရာ၊
ဆေးကုစရာမရှိတဲ့သူ။ အသက် ကတော့ ၇၀ ၀န်းကျင်လို့ သတ်မှတ် ထားပါတယ်။ အဓိက
ဂိလာနဖြစ်နေ တဲ့ဘိုးဘွားတွေကိုပဲ ဦးစားပေးခေါ်ယူ သွားမှာပါ။ တချို့သားသမီး၊
ဆွေမျိုး တွေရှိပေမယ့် ပြုစုစောင့်ရှောက်နိုင်တဲ့ အခြေအနေမှာမရှိဘူးဆိုရင်
ကျန်းမာ ရေးနဲ့ တခြားကန့်သတ်ချက်တွေကိုပါ အမှုဆောင်အဖွဲ့ဝင်တွေ
ညှိနှိုင်းပြီး လက်ခံသွားမှာဖြစ်ပါတယ်။ တချို့ရိပ်သာကို
ငွေဘယ်လောက်လှူပေးမယ်။ ဒီအဘိုးအဘွားကိုဖြင့် လက်ခံပေးပါ ဆိုတာမျိုးတွေ၊
ငွေနဲ့တွဲပြီးလာရောက်တာမျိုးကိုတော့ လက်ခံမှာမဟုတ်ပါဘူး။ တကယ်လိုအပ်နေတဲ့
မိအိုဖအို တွေကိုပဲ ရွေးချယ်သွားမှာပါ'' ဟု ဆည်းဆာရိပ် ဂိလာနဘိုးဘွားများ
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တည်ထောင်သူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်က
ပြောပြခဲ့ပါသည်။
ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ မှာမူ နေထိုင်မကောင်းဖြစ်နေသည့်
ဆင်းရဲနွမ်းပါးသော ဘိုးဘွားများကို အဓိက ဦးစားပေးလက်ခံလျက်ရှိပြီး
အများနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများမှဆက်သွယ်လာသည့်ဘိုးဘွား
များကိုလည်း အခြေအနေပေါ် မူတည်၍ လက်ခံစောင့်ရှောက်မှုများကိုလည်း
ပြုလုပ်ပေးကြောင်း သိရှိရပါသည်။
''ပြီးခဲ့တဲ့လလောက်က စံပြဈေး ဈေးသူဈေးသားတွေကနေ အသက် ၇၀
လောက်ရှိတဲ့အဘွားတစ်ဦးကို စောင့်ရှောက်ပေးဖို့ ဆက်သွယ်လာ တယ်။ အဘွားကို
ဈေးဆိုင်ပေါ်မှာ ဘယ်သူ လာပစ်သွားမှန်းမသိဘူး။ လိပ်စာမေးတော့လည်း သေချာမပြော
နိုင်ဘူး။ ဒါကြောင့် ဈေးသူဈေးသားတွေက ရိပ်သာကို ဆက်သွယ်လာကြ တယ်။
ဒီလိုမျိုး အများနဲ့ဆိုင်တဲ့အဖွဲ့ အစည်းက ဆက်သွယ်လာကြတာမျိုးကို
ရိပ်သာအမှုဆောင်ဝင်တွေ တိုင်ပင်ပြီး ဘိုးဘွားတွေနဲ့ အခြေအနေအလိုက်
လက်ခံပေးပါတယ်''ဟုရိပ်သာမှ တာ ၀န်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
တစ်နိုင်ငံလုံးတွင် ဘိုးဘွားရိပ် သာ ၆၅ခုရှိပြီး ဘိုးဘွားဦးရေ ၂၀၀၀
ကျော်ကို စောင့်ရှောက်ပေးထားလျက် ရှိသကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး
အတွင်း၌လည်း အသိအမှတ်ပြု ဘိုး ဘွားရိပ်သာ ၁၀ ခုရှိထားပြီး ဖြစ်ကာ
အသိအမှတ်ပြုတင်ရန် ဆောင်ရွက်နေ သည့် ဘိုးဘွားရိပ်သာများလည်း
ရှိနေကြောင်းသိရသည်။ ၎င်းအပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသိအမှတ်ပြု
ဘိုးဘွားရိပ်သာများအနက် နှင်းဆီကုန်းဘိုးဘွားရိပ်သာ၌ စောင့် ရှောက်ထားသော
ဘိုးဘွားဦးရေမှာ လက်ရှိအားဖြင့်အများဆုံးဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံရှိ လူဦးရေ၏ ၅ ဒသမ ၂၃ သန်းသည် သက်ကြီးရွယ်အို
များဖြစ်ကြပြီး အဆိုပါ သက်ကြီးရွယ် အိုများထဲတွင် ခိုကိုးရာမဲ့သက်ကြီး
ရွယ်အိုဦးရေမှာ ခန့်မှန်းခြေအားဖြင့် ငါးသိန်းကျော်ရှိနိုင်မည်ဟု
အာဆီယံ-ကိုရီးယား အိမ်တိုင်ရာရောက် သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်း
သုံးသပ်ခြင်းနှင့် အတွေ့အကြုံဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ
ဆွေးနွေးချက်များအရ သိရသည်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် အသိအမှတ်ပြု ဘိုးဘွားရိပ်သာ ၆၅ ခု
ရှိသော်လည်း အဆိုပါဘိုးဘွားရိပ်သာ များ၌ သက်ကြီးရွယ်အိုဦးရေ ၂၀၀၀
ကျော်ကိုသာ လက်ခံစောင့်ရှောက်ထားကြောင်းနှင့် အဆိုပါ
ဘိုးဘွားရိပ်သာများတွင် ဘိုးဘွားများကို လက်ခံရာ၌
ကန့်သတ်ချက်များပြားစွာမရှိသော်လည်း ရိပ်သာများတွင် နေထိုင်သည့်
ဘိုးဘွားအရေအတွက်မှာမူ အလွန်နည်း ပါးနေသေးကြောင်း သိရှိရပါသည်။
သတင်း။။အလဲဘမ်းမီဒီယာ
.
skip to main |
skip to sidebar
Friday, September 23, 2011
ကျတော်သှ်
မည်သည့် ဆူပူမှုမျိုး အဓိကရုဏ်း မျိုး ကိုမျှ မလိုလားပါ စစ်မှန်သောဥပဒေဖြင့် အပြစ်ရှိသူများအားထိရောက်စွာ အရေးယူမှုမျိုးကိုသာလိုလားပါသည် ..
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ဤသို့ ဆူပူမှုမျိုး များပြုလုပ်ရုံဖြင့် ကျုန်ုပ်တို့ မလိုလား
သောစစ်အစိုးရဥပဒေသည်ပြောင်းလဲသွားမည်မဟုတ်ပါ အသံသာရှိပြီးအဆံမရှိသောဒီမိုကရေစီသည်လည်း
ဆက်လက်ကြီးထွားလာမည်မဟုတ်ပါ...။
ရိုဟင်ဂျာ ငါတို့အမျိုးမဟုတ်
ရိုဟင်ဂျာကိုမြန်မာလူမျိုးစုစာရင်းထဲထည့်ဖို့ကိုလည်း လုံးဝလက်မခံပါ လူမျိုးရေးပဋိပခဖြစ်အောင်လုပ်ပြီး နောက်ကြောင်းပြန် အာဏာသိမ်းမှာကိုလည်း လုံးဝ လုံးဝ လက်မခံပါကြောင်း တရားဥပဒေဘောင်အတွင်းက ကျူးကျော်အစွန်းရောက်ဘင်္ဂလီများကိုဆန့်ကျင်ကြပါ
နိုင်ငံတကာဧည့်သည်များ
Total Pageviews
ဘယ်နိုင်ငံကလာလဲပြော
တခုခုတော့ပြောသွားနော်
Popular Posts
-
တစ်ချို့လူတွေက Leader နဲ့ Boss ဆိုတာကို အတူတူပဲ ထင်တတ်ကြပါတယ်။ တကယ်တမ်း ဒီနှစ်ခုက မိုးနဲ့ မြေလို ကွာခြားတာပါ။ အထက်လူကြီးဖြစ်ရုံနဲ့ ခေါင်းဆော...
-
မြန်မာ့တောတောင်ရေမြေတွေ ပြုတ်ပြုတ်ပြုန်း တောင်ကတုံးလွင်တီးခေါင်တွေဖြစ် သဘာ ၀ ရာသီဥတုတွေ ဖောက်ပြန်ပြီး နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကြီးနဲ့ လူသ...
-
ဗမာ့ဘောလုံး သမိုင်း တစ်နေ့သောအခါက ကျွန်ုပ်သည် လူမှုရေးလုပ်ငန်းများ တစ်နေ့တာ ပြီးဆုံးသွားချိန် ကျွန်ုပ်၏ နေအိမ် ဘုရားခန်းအတွင်း အဓိဌာန်...
-
ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးက ဘုန်ကြီးကျောင်း သုံးကျောင်းနဲ့ လူနေအိမ်တချို့ကို ဘုရားဂေါပကလူကြီးတွေက အဆောက်အအုံ ဟောင်းနွမ်းတွေ ပြုပြင်ဖိ...
-
၉၀ ရွေးကောက်ပွဲအနိုင်ရ အင်န်အယ်ဒီက စစ်အစိုးရ၏ ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ကြေညာချိန်တွင် ပါတီဗဟိုအမှုဆောင်ဟေ...
-
ြ မန်မာနိုင်ငံမြ န်မာလူမျိုး ထာဝရတည်တံ့ခိုင် မြဲစေရေး အရေးကြီးသတင်း (Credit- TI Ger ) --------------- --------- 3 hours ago · ၁။ စတင်ခြ...
-
ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့ ဗုဒ္ဓဘာသာကို ကျောင်းသင်ခန်းစာအဖြစ်ပြဌာန်းသင်ကြားဖို့သင့်တယ်ဆိုပြီး ဆွေးနွေ...
-
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အောက်တိုဘာလ(၁၆)ရက်နေ့က ဘင်္ဂလီ မူဆလင်ဘာသာဝင်များနေထိုင်သော အင်ဘာလာ ရပ်ကွက်တွင် အသုဘ တခုဖြစ်ပွားခဲ့ပြီး ထို...
-
By။ ။ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့ ကိုဇာဂနာနဲ့ပတ်သတ်တဲ့ ပို့စ်လေး မြန်မာမိန်းခလေးများအား လူမျိုးခြား ဘာ...
-
စောက်အလ္လာ နှင့် -ီးမိုဟာမက် တကယ်လို့ မြန်မာတွေ (၁)ရက် လောက် (၇၈၆) ဆိုင်ကဈေးမ၀ယ်ရင် သူတို့အတွက် ၀င်ငွေတစ်ရက်စာလျော့မယ်.. တကယ်လို့ မြန်မာတေ...
Blog Archive
“ရှစ်လေးလုံး အရေးတော်ပုံမှာတမ်း”
♣ ညီလေး....ရှစ်လေးလုံးအကြောင်း
မမေ့ကောင်းသမို့ ပြန်ပြောင်းအမှတ်ရဖို့ရာ
ဒီကဗျာ ရေးလိုက်တယ်။
♣ ချောက် ရေနံတူးစင်အောက်သခင်ဖိုးလှကြီး
လက်ရုံးမြောက်ခဲ့တဲ့၁၃၀၀-ပြည့်ရဲ့အရေးတော်ပုံ
ရွှေရတုကြုံတဲ့ ရှစ်ဆယ့်ရှစ် သမိုင်းတွင်ရစ်မယ့် အုံကြွမှု
လူထုရဲ့အသံခွပ်ဒေါင်းအလံမေ့ကျန်ထားလို့ရပါ့မလား။
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
♣ မြန်မာ့ဆိုရှယ်လစ် (၂၆) နှစ်တာခရီး ဖွဲမီးလို
တငွေ့ငွေ့လောင်ကျွှမ်း သဘာဝ အရင်းမြစ်ခမ်း
ဆင်းရဲနွမ်းပါး မြန်မာပြည် တစ်ပါတီ ကြိုးနီစနစ်
ပုံဖေါ်ခြစ်ရေးဆွဲ ဖွတ်မွဲ ပြာချ... လူလုံးမလှ
ရုန်းမထနိုင်ခဲ့ဘူး။
♣ ဆန် ဆီ ဆား သကြား ငရုတ် ပဲပြုတ် အထည်လိပ်
တရိပ်ရိပ် တက်နေတဲ့ဈေးနှုံး အကြွေးလုံးခံနေရတဲ့ လူထုကြား နိုင်ငံရပ်ခြားက ရုပ်ဝတ္ထု စစ်အုပ်စုသာခံစားကြ
တရားမျှတမှု မဲ့ ကွာဟတဲ့ လူနေမှုစနစ် ချဉ်ပေါင်မျှစ် နဲ့
အသားငါး ဘတ်စ်ကား နဲ့ မာစီးဒီး ဇီးသီး နဲ့ ချောကလက်
တောအရက် နဲ့ ဘရန်ဒီ ရေနံဆီမီးခွက် နဲ့ နီယွန်မီးချောင်း
အဟောင်း နဲ့ အသစ် နှောင်းဖြစ် နဲ့ ခေတ်ပေါ်
ဘယ်က တာရှည်ဖြစ်ပါ့မလဲနော်။
♣ ရှစ်လေးလုံးအရေးတော်ပုံ ကြို့ကုန်းလ္ဘက်ရည်စားပွဲခုံက
မဟုတ်ဘူး လက်တဆုပ်စာ အာဏာရှုး စစ်ဘီလူးတွေရဲ့ စနက်
၈၇- စက်တင်ဘာ(၅)ရက် ငွေစက္ကူတွေ လုယက်မှု
သွေးပျက်နေတဲ့ လူထုကိုယ်စား သမိုင်းမှာ ရှိထား
ကျောင်းသားထု အားမာန် အသစ်တဖန်....ဒေါင်းအလံနဲ့
မောင်းပြန်သေနတ်ကို အံတုခဲ့တာပါ။
♣ မြန်မာပြည်သမိုင်းနဲ့ ကျောင်းသားရဲ့သမိုင်း
ဒင်္ဂါးဝိုင်းရဲ့ “ခေါင်း” နဲ့ “ပန်း” ခွဲခြမ်းဖျောက်ဖျက်
ကွယ်ဝှက်လို့ မရ အတူတကွရှိခဲ့တယ် ညီလေး။
♣ ကျောင်းသားဆိုတာ ကိုလိုနီခေတ်ကျွန်အဖြစ်မှ
လွတ်မြောက်ရေး ဖက်ဆစ်ဆန့်ကျင်ရေး
အမျိုးသားပညာရေးစနစ် ဖေါ်ဆောင်ရေး
ပြည်တွင်းစစ် ရပ်စဲရေး အမျိုးသားအရေးတွေ ရှေးရှု့
လူထုမှ ပေါက်ဖွား အသွေး အသား အသက်
သမိုင်းရဲ့ တောင်းဆိုချက် လိုက်အပ်ချက်နဲ့ ကိုက်ညီစွာ
ပေးဆက်လာ အစဉ်မြဲ ဦးခေါင်းသွေးစိမ်းရဲပေမဲ့
ညွှတ်မလဲသွားတဲ့ ခွပ်ဒေါင်းများဘဲ....ညီလေး။
♣ ကျောင်းပရ၀ုဏ်ထဲ သေနတ်ကြဲတတ်တဲ့ စစ်တပ်ကြောင့်
၈၈-မတ်(၁၃)ရက် စက်မှုက ကိုဖုန်းမော် အသက်ထွက်
စတေးခဲ့ရတာဟာ ဒါဟာ...အရေးတော်ပုံကြီးရဲ့နိဒါန်း
တပါတီ တခန်းရပ်မဲ့အစပေါ့။ အင်းလျားကန်ဘောင်ရိုးဆီက
တံတားနီ အဖြစ်အပျက် ၈၈-မတ်(၁၆) ရက်
တဆက်တည်းဘဲ ဇွန်လထဲ မြေနီကုန်း တဘုန်းဘုန်း ပစ်ခံရ
သွေးမြေကျခဲ့ ခွပ်ဒေါင်းများ ပေးဆက်သွားသူရဲ့ တွန်ကျူးသံ
ထာဝစဉ် လွင့်ပျံနေရစ်တယ်။
♣ ၆၂-ဇူလိုင်(၈)ရက် ဦးနေ၀င်းနူတ်က မြွက်
နံနက်ခင်းအသံလွင့်သွား ပြည်သူကို စော်ကား
“ဒါး ကို ဒါး နဲ့ လှံကို လှံနဲ့ ရင်ဆိုင်ပါမယ်” တဲ့
ဒါနဲ့အားမရနိုင် ၈၈-ဇူလိုင်(၂၃)ရက်မှာ “စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး ပစ်ရင်တည့်တည့် ပစ်တယ် မှန်အောင်ပစ်တယ်” ဂန္ဓ၀င်တွင်ရစ်မဲ့ စကား ပြည်သူများအတွက်
နှုတ်ဆက်တဲ့ ဗျာဒိတ်
ရင်ထိတ်စရာပေါ့။
♣ ကဲ......
စစ်အာဏာရူးတွေက ကောင်းစား
ပြည်သူအများ နွမ်းပါး
အစော်ကားလည်း ခံကြရ
ကျောင်းသားက ဥပက္ခာပြုရမှာလား။
♣ ကျောင်းသားကို ရိုက်နှက်ဖမ်းဆီး
ကျောင်းသူသမီးပျိုကို စော်ကား
လူရမ်းကား စစ်အုပ်စု
ညှစ်စုတ်ပြု အဖုံဖုံ
လူထုခါးသီးစွာ ကြုံလာရာမှ
ဒေါသထွက်.....နိုးကြားလျှက်
ရုန်းထွက်တော်လှန်
အချိန်တန်ပြီ ဆိုတဲ့အသိ
ပြည်သူတွေ ရှိလာတော့
လူထုသိလာတော့.......။
♣ မဆလပါတီ.......
(အလိုမရှိ)(အလိုမရှိ)
တစ်ပါတီကြိုးနီစနစ်....
(ဖျက်သိမ်းပစ်)(ဖျက်သိမ်းပစ်)
ဒီမိုကရေစီရရှိရေး....
(ဒို့အရေး)(ဒို့အရေး)
ရှစ်ရက်-ရှစ်လ-ရှစ်ဆယ့်ရှစ်
သမိုင်းသစ်ဖွင့်ကာ
၂၆-နှစ်တာ ကြိုးနီစနစ်
ဖျက်သိမ်းပြစ်ဖို့ကြွေးကြော်သံ
ဘ၀ဂ္ဂ် လျှံခဲ့တယ်....
ဒေါင်းအလံ လွှင့်ပျံခဲ့တယ်...
သေနတ်သံသောသောညံခဲ့....
ပေတရာလမ်းပေါ်သွေးအိုင်ခဲ့.....
အသက်ပေါင်းများစွာ စတေးခဲ့ရတယ်။
♣ ရဟန်းရှင်လူ...ပြည်သူ၊ကျောင်းသား
လူတန်းစားအသီးသိး
ခါးစီးခံခဲ့ရသမျှ
နိုးထကာ ရုန်းထွက်
သြဂုတ်လ ရက်များဟာ
ပြည်မြန်မာ တ၀ှမ်း
ကြွေးကြော်သံလွှမ်း
သပိတ်စခန်းတွေ ဖွင့်လှစ်
စနစ်သစ်ကို တောင်းဆို
စနစ်ဟောင်းကို ဖြိုဖျက်
လက်ချင်းယှက်တော်လှန်ကြ
မဟုတ်မခံတဲ့
လူထုရဲ့အင်အား
ဒင်းတို့ ခံနိုင်ရိုးလား။
♣ မ.ဆ.လ တပါတီစနစ်
မြေမြုပ်သင်္ဂြိုလ်ပစ်တဲ့
ရှစ်ဆယ့်ရှစ်ရဲ့ ပုံရိပ်
ဘယ်သူဖုံးပိတ်ဝံ့သလဲ။
♣ အများအကျိုးအတွက်
အမျိုးသားရေးအတွက်
အသက်မငဲ့ကွက်ဘဲ
ချီတက်ဆဲထိမှန်တောင်
အလံထောင် လက်ဆင့်ကမ်း
မဆုတ်တမ်း အံတုမှု
အနစ်နာခံမှု.... ရဲရင့်မှု.....
စွန့်လွတ်မှု....
စံပြုထားရအုံးမဲ့
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
♣ အရေးတော်ပုံ
အလွှာစုံ လူထု
အံတုတိုက်ပွဲ ၀င်နေဆဲ
စစ်အုပ်စု အာဏာမြဲရေးအတွက်
၈၈-စက်တင်ဘာ (၁၈) ရက် ညနေခင်း
ရင်နင့်စရာ မြင်ကွင်း
ဘီလူးဇာတ် ခင်းကာထွက်
အဆက်မပြတ် တရပ်စပ်
ပစ်ခတ်ကျည်ဆံကြား
ကျောင်းသားတွေ....ပြည်သူတွေ....
ရဟန်းရှင် သံဃာတော်တွေ
အသက်ချွေခံကြရ
သွေးမြေကျ
တတိယအကြိမ်မြောက်
သေနတ်ဖေါက် အာဏာသိမ်း
အရေးတော်ပုံ ဖျက်သိမ်းလာ
န.၀.တ ဆိုတာ ပေါ်ထွက်။
(ဒီကနေ့ န.အ.ဖ အထိ)
ပက်စက်....ရက်စက်နေတုန်းပေါ့။
♣ ဒီတော့.......
ဒီမိုကရေစီအရေးအတွက်
အသက်စတေးခဲ့ သူတွေ....
ထောင်နံရံ အခန်းကျဉ်းထဲက
ရဲဘော်ရဲဘက်တွေ......
စွန့်သွားကြသူတွေ
သူတို့တွေရဲ့ ရည်မှန်းချက်
သမိုင်းရဲ့တောင်းဆိုချက်
မြန်မာပြည်ရဲ့လိုအပ်ချက်မို့
ယုံကြည်ချက် ခရီးအတွက်
သမိုင်းရေးတဲ့ လက်
မပျက်ပါစေနဲ့ညီလေး။
ရှစ်လေးလုံးစိတ်ဓါတ်
အဆိပ်ခတ်မခံရစေနဲ့ညီလေး။
သမိုင်းပေးတာဝန်
ကျွေပွန်ကြပါညီလေး။ ........ ။
မှိုင်းမျိုးနော် 8-8-1988
0 comments:
Post a Comment