Thursday, September 15, 2011

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးချိုးဖောက်ရေးကော်မရှင်ဖွဲ့စည်းလိုက်ပြီးတဲ့

နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရပါက အမျိုးသားလူ့အခွင့်အရေး
ကော်မရှင်ကို လွတ်လပ်စွာ တိုင်ကြားနိုင်မည်

 မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအား လွတ်လပ်စွာ တိုင်ကြားနိုင်ရန် အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားသည်း။ အဆိုပါ ကော်မရှင်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားသည့် နိုင်ငံသားတစ်ဦး ရရှိသင့်သည့် အခွင့်အရေးများ မရရှိပါက တိုင်ကြားနိုင်ရန်အတွက် လည်းကောင်း၊ မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သော ဖြစ်ရပ်များကို ကော်မရှင်ကိုယ်တိုင် သိရှိပါက စုံစမ်းစစ်ဆေးနိုင်ရန် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “အရင်တုန်းက နိုင်ငံတကာ အဖွဲ့အစည်းတွေကို တိုင်ကြားနေရတဲ့အစား အခုကိုယ့်အမျိုးသား အဖွဲ့အစည်းကို တိုင်ကြားနိုင်တော့မှာ ဖြစ်တယ်” ဟု ဦးကိုကိုလှိုင်က ဆိုသည်။ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးရန် ရည်မှန်းချက်၏ ဦးစားပေးမူဝါဒများနှင့်အတူ ကျင့်သုံးသွားမည်ဆိုပါက ပိုမိုအနှစ်သာရ ရရှိလာမည်ဖြစ်ကြောင်း ပြည်တွင်းလူ့အခွင့်အရေး လှုပ်ရှားသူအသိုင်းအဝိုင်းက သုံးသပ်သည်။ “သက်ဆိုင်ရာ တာဝန်ရှိသူတွေက လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အရေးပေးလာတာကို တွေ့ရတော့ အင်မတန် ကောင်းတယ်လို့ ပြောရမှာပါ” ဟု လယ်သမားနှင့် အလုပ်သမား အခွင့်အရေး အမှုများအတွက် အခမဲ့ရှေ့နေလိုက်ပေးနေသူတစ်ဦးက ဆိုသည်။ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေတါင် မြန်မာနိုင်ငံသားများ ရရှိသင့်သည့် အခြေခံလူ့အခွင့်အရေးများကို ပြဋ္ဌာန်းထားသည့်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အများပြည်သူများသည် အခွင့်အရေးနှင့် တာဝန်များကို သိရှိနားလည်အောင် လုပ်ဆောင်သွားရန်မှာ အလွန်အရေးကြီးကြောင်း ယင်းကဆက်လက် ဆိုသည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို စက်တင်ဘာ ၅ ရက်တွင် အဖွဲ့ဝင် ၁၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။.

0 comments: