Friday, May 20, 2011

ရှေ့ပြေးတပ်အသုံးချခံ လားဟူ ပြည်သူ့စစ် မိသားစုများထွက်ပြေး

  သတင်း - သျှမ်းသံတော်ဆင့်သတင်း
တပ်ရင်းပေါင်း ၂၀ ရင်းဖြင့် သျှမ်းပြည်တပ်မတော်အား ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မြန်မာစစ်တပ်က ဒေသခံ ပြည်သူ့စစ်များအားစစ်ကြောင်းနှင့်လိုက်ခိုင်း ရှေ့ပြေး ထွက်ခိုင်း အသုံးချလာသဖြင့် တန့်ယန်းမြို့ နယ် လားဟူ  ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချို့သျှမ်းပြည်တောင်ပိုင်းသို့မိသားစုနှင့်အတူတိတ် တဆိတ် ထွက်ပြေးတိမ်းရှောင် ခဲ့ကြ ကြောင်း နယ်ခြားကာကွယ်ရေးတပ်ဖွဲ့ သတင်း ရပ်ကွက်က ဆိုပါသည်။
ho_monung
ဟိုမိန်းရှိ နယ်ခြားကာကွယ်ရေးတပ်ဖွဲ့ရုံး Photo: S.H.A.N.

သျှမ်းပြည်မြောက်ပိုင်း မိုင်းကောင်ကျေးရွာအုပ်စုမှ လားဟူပြည်သူ့စစ် ၂၂ ယောက် မိသားစုဝင်နှင့်အတူ သျှမ်းပြည်တောင်ပိုင်း မဟာကြာဦးဆောင်သော ဟိုမိန်းမြို့နယ်ခွဲရှိနယ်ခြားကာကွယ်ရေးတပ်ဖွဲ့ထံထွက် ပြေး တိမ်းရှောင်ခဲ့ကြ ခြင်းဖြစ်ကြောင်း ဟိုမိန်းပြည်သူ့စစ်တပ်ဖွဲ့ဝင်တဦးကသျှမ်းသံတော်ဆင့်သို့ပြောပြ သည်။

“ပြည်သူ့စစ် ၂၂ ယောက်နဲ့သူတို့ သားမယားတွေပါတယ်။ လှုပ်ရှားရဲတယောက်လဲပါတယ်။ဒီလဆန်းပိုင်း မှာ ကျနော် တို့ဖက်က ဖိုးဝှီးကားတွေနဲ့ မိုင်းရှူးအထိ သူတို့ကို သွားကြိုတယ်” ဟု ဆို၏။

အဆိုပါပြည်သူ့စစ်တပ်ပြေးများ နှင့်ပါတ်သက်၍ ၎င်းတို့၏ အကြီးအကဲခေါင်းဆောင်များရေငုံနှုတ်ဆိတ် နေပြီး အထက် အာဏာပိုင်များထံ အသိမပေးဝံ့ကြောင်းလည်း ဆိုပါသည်။

မြန်မာစစ်တပ်က မိုင်းကောင် လားဟူပြည်သူ့စစ်များကို သျှမ်းပြည်တပ်မတော်အားထိုးစစ်ဆင်တိုက်ခိုက် ရာ၌ အထူး အသုံးချပြီး မန့်ပန်ဌာနေ ပြည်သူ့စစ်၊ မိုင်းရယ်မြို့နယ် မိုင်းဟ ဌာနေ ပြည်သူ့စစ်၊ ကွတ်ခိုင်မြို့နယ် - ကောင်းခါး ကချင်ပြည် သူ့စစ်၊ မူစယ်- မိုင်းပေါ်  ၊ တာမိုးညဲ ၊ပန်းဆေးကျော်မြင့် ပြည်သူ့စစ်တပ်ဖွဲ့များကိုမူ သျှမ်းပြည်တပ်မတော် လှုပ်ရှား သွားလာမှုသတင်းများ စောင့်ကြပ်ကြည့်ရှု သတင်းပေးပို့ခိုင်းသည်။

maharjar
မဟာကြာ Photo: S.H.A.N.
သျှမ်းပြည်တပ်မတော် SSPP/SSA အရာရှိများနှင့် နီးစပ်သည့် တန့်ယန်းဒေသခံတဦးကမူ-“ မြန်မာစစ်တပ် က ခွဲခြားဆက်ဆံတာ။ ဖိနိုင်တဲ့လူကိုဖိမယ်။မဖိနိုင်တဲ့လူကို ကျတော့လဲ လွှတ်ထားတယ်။ မုန့်ပြ ဒုတ်ပြ နည်းနဲ့ ကစား တယ်။ ခေါင်းဆောင်ပိုင်းကလွဲလို့ လားဟူပြည်သူ့စစ်တွေ ကို အသေခံခိုင်း တယ်။ခံစားခွင့်ကျတော့မဖြစ်စလောက် ဘဲ ပေးတယ်။ဝမ်းရေးအတွက်လဲရှိသေးတယ်မဟုတ် လား။  လားဟူ ပြည်သူ့စစ်တွေလဲ ဗမာ စစ်တပ် အမိန့်ပေး တဲ့အတိုင်းအကုန်လိုက်မလုပ်နိုင်ဘူး လို့ဆိုတာ ဒီတပ်ပြေး ကိစ္စက ပြတာ ဘဲဖြစ်တယ်။ အခု မဟာကြာကိုစစ်မတိုက် ခိုင်းသေးလို့ သူ့ဆီ ပြေးတယ်ထားပါ။  မဟာကြာကို လက်ကိုင်ဒုတ်အဖြစ် သုံးနိုင်တဲ့ တနေ့ကျရင် ဒီလိုဘဲ ထပ် ပြေးကြဦး မယ်  ” ဟု ပြောသည်။

ယခုလည်း လားဟူပြည်သူ့စစ်တပ်ပြေးများအား မဟာကြာတပ်ဖွဲ့အခြစိုက်လှုပ်ရှားသည့်သျှမ်းပြည် တောင်ပိုင်း နမ့်ဇန် မြို့နယ်၊ မိုးနဲမြို့နယ်၊ လင်းခေးမြို့နယ်နှင့် ဟိုမိန်းမြို့နယ် တို့တွင်နေရာချထားပေး ကြောင်း အဆိုပါ ဟိုမိန်းပြည်သူ့ စစ်ကဆက်လက်ပြောပြသည်။

“နမ့်ဇန်၊ မိုးနဲ၊ လင်းခေး၊ ဟိုမိန်းအပြင် ကျိုင်းတောင်းမှာ ကျနော်တို့ ထိန်းချုပ်နယ်မြေရှိတယ်။ ဦးမဟာကြာ ကတော့ နမ့်ဇန်မှာဘဲအနေများတယ်။ ဟိုမိန်း ပြည်သူ့စစ်တပ်ဖွဲ့တွေကိုတော့သူ့သားကြီး ခွန်နုက ဦးစီးတယ်” ဟုလည်း လင်းခေးမြို့ခံတယောက်ကပြောသည်။

အသက် ၃၀  ကျော် ရှိ မဟာကြာ၏သားကြီး ခွန်နုသည် ဟိုမိန်းအထူး နယ်ခြား စောင့်တပ်ဖွဲ့ကို ကွပ်ကဲလာ သည်မှာ ၄-၅ နှစ်ခန့်ရှိပြီဖြစ်ပြီး  လက်နက်ကိုင်အင်အား ၂၈၀ နှင့် တပ်ဖွဲ့ဝင်အားလုံး စုစု ပေါင်း ၃၅၀ ခန့် ရှိသည်ဟု သိရပါသည်။

မဟာကြာသည် ကွယ်လွန်သူ WNO/WNA ဥက္ကဌ စဝ်မဟာဆန်း၏ ဖအေတူ မအေကွဲညီဖြစ်သည်။ ဟိုမိန်းအထူး နယ်ခြား စောင့်တပ်ဖွဲ့သည် ခွန်ဆာ၏ မုန်းတိုင်းတပ်မတော် MTA လက်နက်ချစဉ် ပါဝင်သည့်အဖွဲ့ တဖွဲ့ဖြစ်ပြီး စစ်အစိုးရက လက်နက်ပြန်ကိုင်ခွင့်ပြုကာ SSS ကုမ္ပဏီဖြင့် ထိုင်းနယ်စပ် မှတဆင့် ဟိုမိန်းဒေသ - နမ့်ဇန် - တောင်ကြီး ကုန်သွယ်ရေးလမ်းကြောင်းကိုထိန်းချုပ်နေသောအဖွဲ့ဖြစ် သည်။
.

0 comments: