Thursday, May 12, 2011

ထူးကုမ္ပဏီဝက်ဘ်ဆိုက် အပါအဝင် ဝက်ဘ်ဆိုက်အချို့ တိုက်ခိုက်ခံရပြန်

Tအွန်လိုင်းမှတစ်ဆင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများအား ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်နေသော BHG အဖွဲ့သည် ယခုရက်ပိုင်းအတွင်း ထူးကုမ္ပဏီ အပါအဝင် ဝက်ဘ်ဆိုက် လေးခုခန့်အား ဝင်ရောက် ဖောက်ထွင်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုတွင် ထူးကုမ္ပဏီအုပ်စုမှ ပိုင်ဆိုင်သည့် Bagan Princess Hotel ၏ ဝက်ဘ်စာမျက်နှာဖြစ်သော www.baganprincesshotel.com အား ဧပြီလ ၂၉ရက်က ဖောက်ထွင်း ထိန်းချုပ်ခဲ့သည်။ ယင်းဝက်ဘ်ဆိုက်သည် စတင်တိုက်ခိုက်ခံရသည့် နေ့မှစတင်၍ ဝက်ဘ်ဆိုက် ပင်မစာမျက်နှာမှအပ အခြားသော စာမျက်နှာခွဲများ၏ အချက်အလက်များ နေရာတွင် Hack လုပ်သည့် BHG အဖွဲ့၏ Logo နှင့် ၎င်းတို့၏ စာသားများ ထည့်သွင်းသွားခဲ့သည်။ ထို့အပြင် ယင်းရက်ပိုင်းအတွင်း၌ cindrellahotel.com အမည်ရှိ ဝက်ဘ်ဆိုက်နှင့် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု၏ ဝက်ဘ်ဆိုက်တို့ကိုပါ အလားတူ ဖောက်ထွင်းတိုက်ခိုက်မှုမျိုး ပြုလုပ်သွားခဲ့သည်။ အဆိုပါ BHG ဟက်ကာ အဖွဲ့သည် ၎င်းတို့ တိုက်ခိုက်ခဲ့သည့် ဆိုက်အမည်များကို ၎င်းတို့အဖွဲ့၏ စာမျက်နှာများတွင် ကြေညာထားပြီး ထိုအထဲတွင် ကရဝိတ်နန်းတော် ဝက်ဘ်ဆိုက်ကိုပါ Hack ထားခဲ့ကြောင်း ဖော်ပြထားသည်။ ပြည်ပအခြေစိုက် BHG အမည်ရ ဟက်ကာတစ်စုသည် မကြာသေးမီကလည်း အစိုးရပိုင် ဝက်ဘ်ဆိုက်နှင့် ဝန်ကြီးဌာန ဝက်ဘ်ဆိုက် အများအပြားကို ဖောက်ထွင်းခဲ့သော အဖွဲ့ဖြစ်ကြောင်း ၂၀၁၁ခုနှစ် မေလ ၁၂ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ .

0 comments: