Monday, April 11, 2011

ငလျင်နှင့် ဆူနာမိ ဒဏ်သင့် ဂျပန် ပြည်သူများအတွက် ဘာသာပေါင်းစုံ အမျှဝေ ဆုတောင်းပွဲ(တိုကျို)

၂၀၁၁၊ဧပြီလ(၁၀)ရက်နေ့ တနင်္ဂနွေနေ့တွင် ငလျင်နှင့် ဆူနားမိ ဒဏ်ခံရသော ဂျပန် ပြည်သူများအတွက် ဘာသာပေါင်းစုံ အမျှဝေ ဆုတောင်းပွဲကို မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan မှကြီးမှူး၍ SHINJUKU KU, Ochiai Dai ichi Chiki Centerတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ငလျင်နှင့်ဆူနာမီဒဏ်ကြောင့် ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ရသူများအား ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ခရစ်ယာန်ဘာသာ သာသနာပြုဆရာမနှင့် အစ္စလာမ်ဘာသာမှ ဘာသာရေးဆရာတို့မှ မိမိတို့၏ သက်ဆိုင်ရာဘာသာအသီးသီး အလိုက် ဆုတောင်းမေတ္တာပို့၊ အမျှဝေခြင်းများကို ပြုလုပ်ခဲ့ပါသည်။
ဆက်လက်၍ ငလျင်စတင်ဖြစ်ပွားခဲ့သည့် အချိန်ဖြစ်သော ဂျပန်စံတော်ချိန် နေ့လည် ၂နာရီ၄၆မိနစ် မှစတင်၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တက်ရောက်လာကြသူအားလုံးမှ မတ်တပ်ရပ်ကာ ငြိမ်သက်စွာ ဦးညွတ်ခြင်းကို (၂)မိနစ်တိတိပြုလုပ်ခဲ့ကြပါသည်။
ဆက်လက်ပြီး ငလျင်နှင့် ဆူနာမိဒဏ်သင့် ဂျပန်ပြည်သူများအတွက် ဂျပန်နိုင်ငံရှိ အဖွဲ့အစည်း အသီးသီးမှ သော်လည်းကောင်း၊ တစ်ဦးခြင်း အလှူရှင်များ အနေဖြင့်သော်လည်းကောင်း အလှူငွေများ ပါဝင် လှူဒါန်းခဲ့ကြပါသည်။ စုစုပေါင်း အလှူငွေ(၁.၄၄၁.၀၀၀)ယန်း လက်ခံရယူခဲ့ပါသည်။ ဧပြီလကုန်ပိုင်းအထိ အလှူငွေများကို လက်ခံရယူသွားမည်ဖြစ်ပြီး ဂျပန် ငလျင်နှင့် ဆူနာမိ ဘဏ္ဍာရေးကော်မတီမှ ကောက်ခံရရှိသည့် ငွေစာရင်းများကို မကြာမှီတွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။
ယခုရရှိခဲ့သော အလှူငွေများကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်၊Network for Democracy in Burma(NDB)မှ ဦးစီး၍ ကောက်ခံရရှိသည့် မြန်မာနိုင်ငံသားများတို့၏ အလှူဖြစ်ပြီး ငလျင်နှင့် ဆူနာမိ ဒဏ်ခံစားနေရသော နေရာများသို့ မြန်မာများ ကိုယ်စား တိုက်ရိုက် သွားရောက် လှူဒါန်းရန်  အစီအစဉ်များ ပြုလုပ် လျက်ရှိကြောင်း သိရပါသည်။
ဂျပန်အရှေ့မြောက် ငလျင်နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှလည်း  ဝမ်းနည်းခြင်း အထိမ်းအမှတ်တခုကို ပြုလုပ်ခဲ့ရာ  ထိုဝမ်းနည်းခြင်း အခမ်းအနားတွင် ငလျင်နှင့် ပတ်သက်သည့် ဆုတောင်း မေတ္တာပို့ခြင်း၊ အားပေးခြင်း စသည်များကို ရေးသား ဖွဲ့သီခဲ့ကြသော ကဗျာများကို စုစည်း၍ စာအုပ်အဖြစ် ထုတ်ဝေကာ ယနေ့ ဂျပန်နိုင်ငံတွင် ပြုလုပ်သော အခမ်းအနား၌ ရောင်းချ ခဲ့ပါသည်။ ကဗျာစာအုပ် ရောင်းချငွေ စုစုပေါင်းယန်း(၅)သောင်းကို ပြည်တွင်းတို့ ပေးပို့လှူဒန်း သွားမည်ဖြစ်ကြောင်း ဖြစ်ကြောင်း သိရပါသည်။
ထို့နောက်တွင် အဆိပါ ကဗျာစာအုပ်မှ ကဗျာများကို တစ်ဦးချင်းစီ ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်း ခဲ့ကြောင်း သိရပါသည်။
 
သတင်းမှတ်တမ်း။ Aye Nandar Aung(BDA)/ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Ko Thar Htet(BCJP).Ko Than Win. Ko Lian Khan Sum
.

0 comments: