Saturday, November 20, 2010

သန်လျင်က ဒေါ်စုကို ကြိုဆိုတဲ့အနေနဲ့ အလှူလုပ်ခြင်း





ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သန်လျင်မြိုနယ်စည်းအဖွဲ့က ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ခြင်းကို ကြိုဆိုသောအားဖြင့် ကျိုက်ခေါက်စေတီတော်ကြီးကို ပဒေသာပင် လှူတဲ့အခမ်းအနားတရပ် စည်ကားစွာ ကျင်းပခဲ့ပါတယ်။



မနက် ၉နာရီကစပြီး ဘုရားကုန်းလမ်းဆုံနေ သန်လျင်မြို့နယ်စီး ဦးစိုးဟန်ရဲ့နေအိမ်ကနေ အန်အယ်လ်ဒီလူငယ်များ ဒီမိုကရေစီိအရေးတက်ကြွလှုပ်ရှားသူများ ဦးဆောင်ပြီး ကား၆စီးနဲ့ လှည့်လည်ခဲ့ကြပါတယ်။ ဒီအလှည့်မှာပါတဲ့ ကားတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ပန်းချီကားတွေချိတ်ဆွဲပြီး ကျောက်တန်းမြို့ထိလည့်လည်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ ပဒေသာပင်ကို သန်လျင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးမှာ လှူတန်းခဲ့ပါတယ်။



မနက်ဖြန် တန်ဆောင်မုန်းလပြည့်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သန်လျင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးကို ဖူးမျှော်ဖို့ လာရောက်မယ်လို့ အညာနွေတမာမြေက သတင်းရရှိထားပါတယ်။


သတင်း။။အညာနွေ တမာမြေ
.

0 comments: