Friday, November 05, 2010

ကြံ့ဖွံ့ က အမျိုးသားယဉ်ကျေးမှု အမွေအနှစ် “နဂါးနီ”သီချင်းအား ဖျက်ဆီးမှု ပြည်သူများ ကန့် ကွက် မည်

 



Quantcast ကိုဦး ၊     ၊စစ်ကြိုခောတ် တစ်လျှောက် နှင့် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းစဉ် တစ်လျှောက် တွင် ပြည်သူ
တို့ ၏ ဇာတိမာန် တက်ကြွှစေရန် ဆရာ ရွှေ တိုင်ညွှန့် က ရေးသား ပြီး အဆိုတော် သရုပ်ဆောင်
ခင်မောင်ရင် သီဆိုခဲ့သည့် “နဂါးနီ”သီချင်း အားကြံ့ဖွံ့ က ၎င်းတို့ ၏ မဲဆွယ်ပွယ် များ တွင် မူရင်း
သံစဉ်စား သား များ အား ဖျက် ၍ သီဆိုမှု ကို ပြည်သူ တစ်ရပ် လုံး က စတင် ကန့် ကွက်တော့
မည် ကျောက်မြောင်းနေ ပြည်သူများက FNG သို့ ပြောသည်။နဂါးနီး သီချင်း ကို လက်ရှိရောခ် အဆိုတော် ဇော်ဝင်းထွဋ် ၏ အဖိုးဖြစ်သူ ဆရာ ရွှေတိုင်ညွှန့် က သီဆိုထားခြင်း
ဖြစ်ပြီး ကြံ့ဖွံ့ က ထိုသီချင်း ကို သီဆိုရန် ကာယကံရှင် နှင့် သက်ဆိုင်သူများ ကို လည်း ခွင့်မတောင်း ခဲ့ဟု သိရ
သည်။
ကြံ့ဖွံ့ က နဂါးနီ သီချင်း ကို မူရင်းစာသားများ ပြောင်းလဲသီဆိုမှု နှင့် ပတ်သက်၍  မြန်မာ နိုင်ငံတွင်းဉ် အနုပညာဦး
စားပေး မြားနတ်မောင် ရသ မဂ္ဂဇင်း ကို တည်ထောင် ခဲ့သူ စာရေး ဆရာ ဒေါက်တာလွဏ်းဆွေက “ကျွန်တော်
တို့ မြန်မာ ပြည်သူတွေ အနေ နဲ့  နိုင်ငံတော် သီချင်းပြီး ရင် အလေးအမြတ် ထားရတဲ့ သီချင်း ကို နဂါးနီ သီချင်း
ကို အခု လို ပြန်ဖျက်ပြီး ဆိုထား တကယ်မလုပ်သင့်တဲ့ ကိစ္စပဲ တကယ်ကန့် ကွက်ရှုံ့ ချသင့်တဲ့ ကိစ္စ ပဲ ၊ တေးရေး
သူ မရှိတော့ ဘူး လုပ်ချင်ရာ လုပ်မယ် ဆိုတဲ့ သဘောမျိုးတော့ မလုပ်သင့်ဘူး ၊ အခုလို ရွေးကောက်ပွဲ ၀င်ပြီး လွှတ်
တော်ထဲက နေ ဥပဒေ ပြု မယ် ဆိုတဲ့ ကြံ့ဖွံ့ က မူပိုင်ခွင့် ဥပဒေ တို့ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်
တွေ ကို ချိုးဖောက်မယ် ဆိုရင် ဒါက အတော့် ကို လွန်သွား ပြီ ဟု သူ၏ အမြင်ကို ပြောသည်။
၂၀၀၃ ခုနှစ် ဒီပဲယင်း လုပ်ကြံမှု ဉ် အဓိကျသည့် နေရာမှ ပါဝင်ခဲ့သည့်  ကြံ့ဖွံ့ အဖွဲ့ ဝင်များ သည်
၎င်းတို့ ၏ မဲဆွယ်ပွဲ များဉ် ထင်ရှား သော သမိုင်းဝင် သီချင်းဖြစ်သည့် နဂါးနီ ကို ပြန်လည် သီဆိုကြ
ရာတွင် တာမွေ ကြံ့ဖွံ့ အမတ်လောင်း ဒေါ်လဲ့လဲ့ဝင်းဆွေ သီဆိုမှု ဉ် ကြီးမားသော ကန့် ကွက်မှု နှင့်ကြုံရသည်။
ထိုသီချင်း အား ရေးစပ်ခဲ့သည့် အဆိုတော် ရွှေတိုင်ညွှန့် နှစ် ၁၀၀ ပြည့်အား ပြီးခဲ့သည့် မတ်လကရန်ကုန် မြို့ 
ဉ် ကျင်းပခဲ့သည်။နဂါးနီ သီချင်း အား အဆိုတော် ဇော်ဝင်းထွဋ်  ကသားဖြစ်သူ အီတိုး နှင့် ပြန်လည် သီဆိုရန်စီ
စဉ် ထားသည်။ ဆရာ ရွှေတိုင်ညွှန့် သည် ထင်ရှားသည့် လွတ်လပ်ရေး ကြိုပမ်းမှု သီချင်းများ ကိုရေးခဲ့သူ
ဖြစ်သည်။
နဂါးနီ သီချင်း အား မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ၏ တောင်းဆိုမှု အရ ၀န်ကြီးချုပ် ဦးနု
က စာသား များ ရေးသား ကာ ဆရာရွှေတိုင်ညွှန့် က သံစဉ် သီကုံး စပ်ဆိုမှု ပြုခဲ့ခြင်း ဖြစ်သည်။
ကိုဦး ၏ သတင်းပေးပို့ မှု အား တင်ကျော်ကျော်စိုး တည်းဖြတ်သည်။
သတင်း။။FNG
.

0 comments: