မူလတန်းကျောင်းသား/ကျောင်းသူတွေအတွက် စာသင်ကျောင်းတစ်ကျောင်းဟာ အမှန်တကယ်
လိုအပ်လျက် ရှိနေပါတယ်။
သန်လျင်မြို့၊ ဗိုလ်ချုပ်ရွာတောင်ပိုင်းက ၀န၀ါသီ အေးရိပ်စံ
သီလရှင်စာသင်တိုက်ကလေးမှာ.. မူလတန်းအရွယ် ကလေးငယ်တွေကို
အခမဲ့ပညာသင်ကြားပေးလျက်ရှိပါတယ်။
အဲ့ဒီစာသင်တိုက်မှာ သီလရှင် ဆရာလေး (၂) ပါးက စာသင်သား သီလရှင် (၁၄) ပါးနဲ့
ကျောင်းသူ/ကျောင်းသား (၇၄) ဦးကို ဦးစီး ဦးဆောင်ပြုပြီး ကျောင်းစာပေများ
သင်ကြားပေးနေတာပါ။ မူလတန်းလွန် (၅) တန်းမှ (၁၀) အထိကိုတော့ သန်လျင်မြို့
ဆုတောင်းပြည့်ဘုရားက ဘက ကျောင်းမှာ ဆက်လက် ပညာသင်ကြားစေပါတယ်။
အဲ့ဒီကျောင်းက ကျောင်းသား/ကျောင်းသူလေးတွေ အနေနဲ့ကတော့ စာရေးကိရိယာနဲ့
ကျောင်းဆောင် အခက်အခဲဖြစ်နေပါတယ်။ လတ်တလောမှာတော့ သီလရှင်ကျောင်းအပြင်
ပုံမှာပြထားတဲ့အတိုင်း ယာယီစာသင်ကျောင်းလေးမှာပဲ စာပေသင်ကြားပေးလျက် ရှိပါတယ်။
အဲ့ဒီယာယီစာသင်ကျောင်းလေးက ကျောင်းသား/ကျောင်းသူ ၇၀ ကျော်ဦးအတွက်တော့
မိုးရွာရွာ နေပူပူ ရာသီဥတုရဲ့ နှိပ်စက်မှုကို အလူးအလဲခံနေကြရပါတယ်။
မြန်မာနိုင်ငံမှာ မူလတန်းကို အခမဲ့ပညာရေးစနစ်လို့ ပြောနေပေမယ့်လည်း
အဲ့ဒီအနီးအနားက ကျေးရွာက ကလေးတွေ အနေနဲ့ကတော့ ကျောင်းဝင်ကြေးနဲ့ ဘာကြေး ညာကြေး
တွေကို မတတ်နိုင်လို့ သီလရှင်စာသင်တိုက်လေးကိုပဲ အားကိုးနေရပါတယ်။
စာသင်တိုက်ကလေးက ရေ/မီး/အိမ်သာနဲ့ တခြား လိုအပ်ချက်တွေ ရှိနေပေမယ့်လည်း အဓိက
လိုအပ်ချက်ကတော့ စာသင်ဆောင်လေးတစ်ဆောင်ပါပဲ။
ဆင်းရဲမွဲတေနေတဲ့ကြားက အခြေခံပညာရေးကို အခမဲ့သင်ယူနေကြတဲ့
မူလတန်းကျောင်းသား/ကျောင်းသူတွေအတွက် ကျောင်းဆောင်တစ်ဆောင်ဟာ အမှန်တစ်ကယ်
လိုအပ်လျက် ရှိနေပါတယ်။ စာပေကို ကြိုးစားသင်ယူနေကြတဲ့ အနာဂတ်ရဲ့
မျိုးဆက်သစ်ကလေးတွေကို အားပေးတဲ့အနေနဲ့ ကျနော်တို့ အနေနဲ့
ကျောင်းဆောင်လေးတစ်ဆောင်တော့ ထောက်ပံ့ပေးနိုင်ကြမှာပါ။
အခု အဲ့ဒီယာယီစာသင်ကျောင်းဘေးနားက ကျောင်းပိုင်မြေကွက်လပ်ထဲမှာ
စာသင်ကျောင်းဆောင် တစ်ဆောင် ဆောက်လုပ်လှူဒါန်းဖို့အတွက် ရပ်ဝေး/ရပ်နီးများမှ
အလှူရှင်များကို ဖိတ်ခေါ်လျက်ရှိပါတယ်။ လှူဒါန်းလိုသူ များအနေနဲ့ကတော့
မိမိတတ်နိုင်သလောက်လေးကို နည်းနည်းများများ အောက်ဖော်ပြပါ လိပ်စာတွေကို (
10-Oct-2010) ကစပြီး ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း ဆိုရင် ကိုမိုးဆက်ကို >>>
chitmink...@googlemail.com
ကျောက်မြောင်း၊ သင်္ဃန်းကျွန်း၊ ရန်ကင်း နဲ့ တောင်ဥက္ကလာ ဆိုရင် ဝေဖြိုးမောင် >>>
yaungsei...@gmail.com
စမ်းချောင်း၊ အလုံ၊ အင်းစိန်၊ ကမာရွတ် ဆိုရင် အောင်ခန့်ကျော် >>>
kyisha...@gmail.com
လသာ၊ လမ်းမတော် နဲ့ ပန်းဘဲတန်း ဆိုရင် နိုင်လင်းအောင် >>>
challenger...@gmail.com
မြို့ထဲပိုင်းဆိုရင်တော့ ကျော်ဖြိုး >>> kyawphy...@gmail.com
သာကေတ၊ ဒေါပုံ နဲ့ ဒဂုံဆိပ်ကမ်း ဆိုရင် ချစ်သက်ဇော် >>>
maymyatnoe...@gmail.com
တို့နဲ့ အခြားနီးစပ်ရာများကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ... ။
မိမိနှင့်နီးစပ်ရာများသို့လည်း လက်ဆင့်ကမ်း အသိပေးကြပါခင်ဗျာ။
သီလရှင် (၂) ပါးထဲမှ စာသင်တိုက်ကြီးတစ်ခုလုံးကို ဦးဆောင်နေပါသည်။.jpg 139K View Download |
ယာယီစာသင်ဆောင်... .jpg 161K View Download |
အသစ်ဆောက်လုပ်မည့် ကျောင်းဆောင်နေရာ.. .jpg 132K View Download |
သီလရှင်စာသင်ကျောင်း၏ ရည်ရွယ်ချက်.jpg 98K View Download |
ယာယီစာသင်ဆောင်... .jpg 161K View Download |
သီလရှင်စာသင်ကျောင်း၏ ရည်ရွယ်ချက်.jpg 98K View Download |
သီလရှင် (၂) ပါးထဲမှ စာသင်တိုက်ကြီးတစ်ခုလုံးကို ဦးဆောင်နေပါသည်။.jpg 139K View Download |
အသစ်ဆောက်လုပ်မည့် ကျောင်းဆောင်နေရာ.. .jpg 132K View Download |
0 comments:
Post a Comment