Wednesday, October 27, 2010

စစ်အစိုးရအရမ်းတော်ပါ၏..အသေပျောက်နည်းပါတယ်တဲ့

အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီးဂီရိသည် အောက်တိုဘာ ၂၂ ရက်နှင့် ၂၃ ရက်နေ့များက ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ စစ်တွေ၊ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ အမ်း၊ ပုဏ္ဏားကျွန်း မြို့နယ်များနှင့် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့ကို ဖြတ်ကျော် ၀င်ရောက်ခဲ့ပြီး ဘုတလင်မြို့အနီးတွင် အားလျော့ပျက်ပြယ်သွားခဲ့သည်။ အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းကြီး ၀င်ရောက်မှုကြောင့် မြေပုံမြို့နယ်တွင် ၂၂ ဦးသေဆုံး၊ ၁၅ ဦး ပျောက်ဆုံးလျက် ရှိပြီး တံတားနှစ်စင်း၊ အိမ် ၂၀၈၈ လုံး၊ ဘုန်းကြီးကျောင်း ရှစ်ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃၄ လုံး၊ စာသင်ကျောင်း ၁၃ ကျောင်းနှင့် စက်လှေအစင်း ၈၀ နစ်မြုပ်ပျက်စီးခဲ့သည်။ မင်းပြားမြို့နယ်တွင် ငါးဦးသေဆုံးပြီး အိမ် ၅၉၇ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံ သုံးလုံး၊ စာသင်ကျောင်း လေးကျောင်း၊ ကျောက်ဖြူမြို့နယ်တွင် အိမ် ၁၀၃၅ လုံး၊ ဌာနဆိုင်ရာ အဆောက်အအုံ အလုံး ၄၀၊ စာသင်ကျောင်း နှစ်ကျောင်းတို့ အမိုးလန် ပျက်စီးခဲ့ပြီး မုန်တိုင်း  ၀င်ရောက်ရာ လမ်းကြောင်းတစ်လျှောက် အဆောက်အအုံအချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ မုန်တိုင်းသတင်းနှင့် သတိပေး နှိုးဆော်ချက်များကို နိုင်ငံပိုင် မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်အသိပေး နိုင်ခဲ့သည့်အပြင် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီကလည်း မုန်တိုင်းဖြတ်သန်းမည့် ဦးတည်ရာလမ်းကြောင်းမှ ပြည်သူလူထု အိမ်ထောင်စု ၁၀၄၃၅ စု၊ လူဦးရေ ၅၃၁၃၅ ဦးတို့ကို ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ ပေးနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ သေကျေထိခိုက် ဒဏ်ရာရရှိမှု၊ ပျက်စီးဆုံးရှုံးမှု အနည်းငယ်သာ ရှိခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားပါသည်။ .

0 comments: