Tuesday, October 19, 2010

အကျဉ်းသားများအား အထူးလျှော့ရက်ဖြင့် စော၍ လွှတ်ပေးရန် အစီအစဉ် ရှိ..နိုင်ငံရေး အကျဉ်းသားများမပါ

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့မတိုင်မီ ပြစ်ဒဏ်ကျခံမှု များ ပြီးဆုံးကာ ပုံမှန်အတိုင်း လွှတ်ပေးရန် ရှိသည့် အကျဉ်းသားများအား အထူးလျှော့ရက်များဖြင့် စော၍ လွှတ်ပေးသွားရန် အစီအစဉ် ရှိကြောင်း သိရသည်။ "ပြစ်ဒဏ်အသီးသီး ကျခံပြီးဆုံး သွားလို့ နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်မီ လွတ်မြောက်မယ့် အကျဉ်း သားတွေ အထဲကမှ စည်းမျဉ်းစည်း ကမ်းနဲ့ညီညွတ်တဲ့ အကျဉ်းသားတွေ ကို အထူးလျှော့ရက်တွေ ပေးပြီးတော့ စောလွှတ်ပေးဖို့တော့ တာဝန်ရှိသူတွေ စီစဉ်နေတဲ့ အပိုင်းတော့ ရှိပါတယ်။ သူတို့အားလုံးဟာ ပြစ်ဒဏ်အသီး သီးကျခံပြီးလို့ လွတ်မြောက်ကြရမယ့် သူတွေ ဖြစ်ပါတယ်။ လွှတ်ရက်ထက် စောပြီးတော့မှ လျှော့ရက်ရသွားမှာ ဖြစ်ပါတယ်"ဟု အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုပါသည်။   ယင်းအပြင် မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးတွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် အမှုရင်ဆိုင်နေရဆဲ အချုပ်သားဦးရေ ၆၀၀၀ ကျော် ခန့်ရှိကြောင်း သိရပြီး ၎င်းတို့သည်လည်း ဆန္ဒမဲပေးခွင့် ရရှိကြမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ .

0 comments: