Saturday, July 03, 2010

ဘဘဦးဝင်းတင် ဘဘဦးတင်ဦး တို့မှ နိုင်ငံရေးနှင့် အကျဉ်းကျနေတဲ့ မိသားစုဝင်တွေကို လိုက်လံတွေ့ဆုံ အားပေးစကားပြော

ဒီနေ့ ၂.၇.၂၀၁၀ သောကြာနေ့တွင် ဘဘဦးဝင်းတင် ဘဘဦးတင်ဦး တို့မှ နိုင်ငံရေးနဲ့ အကျဉ်းကျနေတဲ့ မိသားစုဝင်တွေကို လိုက်လံတွေ့ဆုံ အားပေးစကားပြောခဲ့ပါတယ်။ပထမ သွားရောက်တွေ့ဆုံ အားပေးစကားပြောတဲ့ အိမ်က တော့ ရန်ကန်း မှ ကိုဇာဂနာ အိမ်ဖြစ်ပါတယ် ။ ကိုဇာဂနာ အိမ်မှာ ပဲ ကိုအံ့ဘွယ်ကျော် အမေကိုလည်းဖိတ်ထားတဲ့အတွက် လာရောက်တာ တွေ့ရပါတယ် ဘဘ ဦးဝင်းတင် က ၉ နာရီမထိုးခင်ကတည်းက ၁ ယောက်ထဲအရင်ရောက်ရှိလာပါတယ် ၉ ခွဲခန့်တွင် ဘဘဦးတင်ဦး တို့ရောက်ရှိလာပြီး ကိုဇာဂနာ မိသားစုနဲ့ ကိုအံ့ဘွယ်ကျော် အမေတို့ကို အားပေးစကားပြောပြီး အကျဉ်းကျနေတဲ့ ကိုဇာဂနာနဲ့ ကိုအံ့ဘွယ်ကျော်တို့အတွက် ပစ္စည်းများပေးအပ်ပါတယ် ထို့နောက် ကိုဇာဂန အဖေ ဦနန်းညွန့်ဆွေအားဘဘဦးတင်ဦး ဘဘဦးဝင်းတင် တို့နှင့် လာေ၇ာက်အားပေးသော NLD လူငယ်များမှ ကန်တော့ ကြပါတယ်။ထိုမှ ဆက်၍ ကိုပြုံးချို အိမ်ရှိရာ တာမွေလေး သို့ ၁၀နာရီ ၂၀ ခန့်တွင် ထွက်ခွာခဲ့ကြပါတယ် ကိုပြုံးချိုအိမ်တွင် ကိုပြုံးချိုမိသားစု မမီးမီး အမျိုးသား ကိုလှမိုး ဗကသမှ ဟန်နီဦးအဖေ ဦးထွန်းဦး တို့နဲ့တွေ့ဆုံ အားပေးစကားပြောကြားပါတယ် ရာဟု(ခ)ကျော်ကိုကို အဖေ ကိုလည်း ဖိတ်ထားပေမယ့်ရောက်မလာပါဘူး(ဘာကြောင့်ဆိုတာမသိပါ စုံစမ်းပေးပါ့မယ်)အားပေးစကားပြောကြားပြီး အကျဉ်းကျ သူများအတွက် ပစ္စည်းများပေးအပ်၍ နေ့လည် ၁၁ ခွဲခန့်တွင် NLD ရုံးသို့ပြန်လည်ထွက်ခွာကြပါသည်။
ပေးပို့ပေးတဲ့ ကိုရွှေနန္ဒအားကျေးဇူးတင်ပါတယ်။။

0 comments: