Sunday, September 30, 2012

ဘင်္ဂလာဒေခ်ျ့ နိုင်ငံရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများကို မီးရှို့ ဖျက်ဆီးမှူ နောက်ဆုံးရသတင်းများတင်ပြချက်


လေးဝတီရခိုင်သတင်းဌါန
 
 သတင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘင်္ဂလာဒေခ်ျ့ နိုင်ငံ မီဒီယာ ရုပ်သံလိုင်းများကလည်း အဆိုဘာ သတင်း မှန်ကန်ကြောင်း အတည်ပြုပြသနေကြောင်းသိရပါသည်။
ဘုရုဝါ(မာရမာကြီး) လူငယ်တစ်ယောက်နှင့် မွတ်ဆလင်တစ်ယောက် မွတ်ဆ

လင်ဘာသာရေးကို စော်ကားပြီးပြသသော ရုပ်ရှင်အကြောင်း အခြေအတင် စကားများရာမှ မွတ်ဆလင်လူငယ်က ကိုရမ်ကျမ်းစာအုပ်ကို ခြေနင်းပြီး ဓါတ်ပုံဖြန့်နေကြောင်း ဝါဒဖြန့် လှုံဆော်လိုက်ရမှ ထောင်ပေါင်းများစွာသော လူအုပ်ကြီးတုတ်ဓါး မီးတုတ်များနှင့် ဘုရုဝါဘုန်းတော်ကြီးကျောင်းသုံးကျောင်း(သီးခြားအတည်ပြုချက်မရသေး) ရခိုင်လူမျိုးများကိုးကွယ်သော ရွာကြီးကျောင်းကိုဝင်ရောက်ဖျက်ဆီးကြောင်း သမုတ်သိမ်တလုံး နှင့် ဘုရားရုပ်ပွါးတော်များ ဘုရုဝါအိမ်ခြေ (၂၄)ဆောင်ရှို့ ကြောင်း မီးသတ်ကားအချိန်မှီရောက်နိုင်သည့်အတွက် မြို့ လုံးကျွတ်မီးလောင်မှုမှ လွတ်ကြောင်း သိရပါသည်။ဘင်္ဂလာမီဒီယာများမှ ကုလားကိုရမ်ကျမ်းစာ
အုပ်ကို ဘုရုဝါလူငယ်တစ်ယောက် ခြေဖြင့်နင်းထားပုံ ဓါတ်ပုံဖြန့်ချီသည်ဟုစွပ်စွဲဖေါ်ပြထားပါသည်။
ရာမူးခေါ်လေးဝတီတာဝန်ခံ ခိုင်ဥက္ကာပျံမှ ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာဘုရုဝါ(ခေါ်)မာရမာကြီး လူမျိုးတစ်ဦးဖြစ်သူ ဘင်္ဂလာဒေခ်ျ့  စီးပွါးရေးဝန်ကြီး ဒီလီပ် ဘုရုဝါ စာရေးအားဆက်သွယ်ရာ သူကအောက်ပါအတိုင်းပြောပြပါသည်။
''ဆရာကအခု ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဝန်ကြီးချုပ်အမျိုးသမီး ချက်ခ် ဟာဆိမ်းနာနှင် အတူ အဓိကရုဏ်း မကြီးကျယ်အောင် ကာရ်ဖျူး(၁၄၄)ပုဒ်မထုတ်ထားကြောင်း အခြေအနေကို လုံခြုံရေးတပ်ဖွဲ့ဝင်များ အချိန်မှီထိမ်းထားနိုင်ပြီ လိုအပ်လျှင် ဘာသာရေးအဓိကရုဏ်းကြီး အသွင်မဖြစ်အောင် စီစဉ်နေကြောင်း'' ပြောပြပါသည်။
ပန်းဝါမြို့ ရခိုင်ရွာနေ တစ်ယောက်ကလည်း'' မီးရှို့ ကြ ဝိုင်းကြ မွတ်ဆလင်အမျိုးသားတွေ ထွက်ကြလှုံဆော်ကြွေးကြော် သံနှင်အတူ ထောင်ပေါင်များစွာ လူအုပ် ရခိုင်ဘုန်းတော်ကြီးကျောင်းထဲကို ဝင်ရောက်ဖျက်ဆီးကြောင်း အတည်ပြုပြောကြားပါသည်။
ပြဿနာစခဲ့သော ဘုရုဝါလူငယ်အား လုံခြုံရေးတပ်ဖွဲဝင်များကလည်း ဖမ်းဆီးမိထားကြောင်း မျက်မြင် ဘုရုဝါကျောင်းဆရာတစ်ဦးကလည်း ပြောကြားပါသည်။
ပန်းဝါမြို့ ထဲတွင် ရခိုင်လူမျိုးများနှင့် ဘုရုဝါလူမျိုးများ အဓိက ကိုးကွယ်နေသော ကျောင်းကို အဓိကဦးတည်တိုက်ခိုက်ကြောင်းလေး သူကဆိုသည်။
အခုအခါ လောလောဆယ် ပြဿနာအေးချမ်းနေပြီ ပြောကြားသော်လည်း လူနည်းစု ရခိုင်ဘုရုဝါ လူမျိုးတိအထူးစိုးရိမ်နေကြောင်း သိရှိရပါသည်။
.