Friday, September 28, 2012

မြန်မာ့ဂျီ အာဆီယံသို့ ချဲ့ထွင်သုံးခွင့် ဆီးဂိမ်း မတိုင်မီ ရမည်


မြန်မာ့ ဂျီဖုန်းများ အာဆီယံနိုင်ငံ များသို့ သယ်ဆောင် အသုံးပြုခွင့်ကို ၂ဝ၁၃ ဆီးဂိမ်း မတိုင်ခင် အပြီးသတ်ဆောင်ရွက်မည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ယင်းသို့ သယ်ဆောင် အသုံးပြုခွင့်တွင် အာဆီယံ ၁ဝ နိုင်ငံအပြင် အာဆီယံ +၃ နိုင်ငံများ ဖြစ်သည့် ကိုရီးယား၊ တရုတ်နှင့် ဂျပန်နိုင်ငံများ၌ပါ ရရှိမည်ဖြစ် ပြီး ထပ်တိုးအာဆီယံ +၆ နိုင်ငံများ ဖြစ်သည့် အိန္ဒိယ၊ နယူးဇီလန်နှင့် သြစတြေးလျ နိုင်ငံများ၌ သုံးစွဲခွင့် ရမရအား ညှိနှိုင်းနေသေးကြောင်း သိရသည်။
''အာဆီယံ +၃ နိုင်ငံတွေက တော့ သုံးစွဲဖို့ ညှိနှိုင်းတာ နိုင်ငံတော်တော် များများ စုံနေပါပြီ။ တချို့နိုင်ငံတွေဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ လာသုံးနေ ကြပါတယ်။ ဆီးဂိမ်း မတိုင်ခင်တော့ မြန်မာ ဂျီဖုန်းတွေသာမက၊ အာဆီယံ ဖုန်းတွေပါ အပြန်အလှန် သယ်ဆောင် အသုံးပြုခွင့် ရရှိမှာပါ'' ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင် နီယာချုပ် တစ်ဦးက ပြောသည်။ လက်ရှိတွင် အဆိုပါဖုန်းများ အပြန်အလှန်သယ်ဆောင် အသုံးပြုခွင့် ရရှိရေး အတွက် နှစ်နိုင်ငံငွေကြေး ဖြတ်တောက်မှုများအား ဆွေးနွေးလျက်ရှိပြီး နိုင်ငံအချို့မှာ ညှိနှိုင်း ဆွေးနွေးရန် ကျန်ရှိနေသည့်အတွက် လတ်တလော သုံးစွဲ ခွင့် မပေးသေးခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။
''မြန်မာ့ဖုန်းတွေ အာဆီယံ သယ်ဆောင်ခွင့် ရရင်တော့ ဖုန်းဘီလ်ကို ဒေါ် လာနဲ့ ပေးချေရမှာပါ။ ဒီဘီလ်ကိုတော့ မြန်မာ့ဆက်သွယ်ရေးကပဲ ပေးချေရမှာပါ။ သုံးစွဲသူတွေ ကတော့ မြန်မာကျပ်ငွေနဲ့ပဲ ဆက်သွယ်ရေးကို ပြန်လည်ပေးချေ ရမှာပါ''ဟု ၄င်းက ပြောသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မြန်မာဂျီဖုန်းများ အာဆီယံ နိုင်ငံများသို့ သယ်ဆောင်အသုံးပြုခွင့်ကို ၂ဝ၁၁ ခုနှစ်မှ စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၂ နှစ်ဆန်းတွင် သုံးစွဲခွင့်ပေးမည်ဟု ထုတ်ပြန်ခဲ့သော်လည်း Inbound Roaming စနစ်သာရှိခဲ့ပြီး Outbound Roaming စနစ် မရရှိခဲ့သေး၍ ယခုအချိန်အထိ သုံးစွဲခွင့် မရရှိသေးပေ။ လက်ရှိ မြန်မာနိုင်ငံ၌ Inbound Roaming စနစ်ဖြင့် လာရောက်သုံးစွဲနိုင် သည့် ဖုန်းများမှာ တရုတ်နှင့် ဗီယက်နမ်နိုင်ငံများမှ ဖြစ်ကြောင်း ဆက် သွယ်ရေးမှ သိရသည်။


အောင်ဇော်

News from :POPULAR NEWS
Post by အေးချမ်းမွန်
( excellencemedia.myanmar@gmail.com)
.