Thursday, August 09, 2012

၈လေးလုံး အရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ဥတ္တရမင်္ဂလာခန်းမမှာ ကျင်းပခဲ့

အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီ ရရှိရေးအတွက် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူလူထုတရပ်လုံး တိုက်ပွဲဝင်ခဲ့ကြတဲ့ နေ့ဖြစ်တဲ့အတွက် လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး၊ လယ်သမားများ လယ်ယာမြေ ပိုင်ဆိုင်ရေး၊ အလုပ်သမား လူနေမှုဘ၀ တိုးတက် ခိုင်မာရေး၊ လူထုတရပ်လုံးရဲ့ လိုအင်ဆန္ဒနဲ့အညီ ပြုပြင်ပြောင်းလဲရေးတို့အတွက် ရှစ်လေးလုံးစိတ်ဓာတ်ဟာ မရှိမဖြစ် လိုအပ်တယ်ဆိုတဲ့ အကြောင်း သိရှိစေလိုတဲ့အတွက် ၈လေးလုံး အရေးတော်ပုံ ၂၄ နှစ်ပြည့် အခမ်းအနားကို မနက် ၇ နာရီကနေ ၉ နာရီအထိ မြောက်ဥက္ကလာပမြို့နယ် ဥတ္တရမင်္ဂလာခန်းမမှာ ကျင်းပခဲ့

ရုပ်သံ/သတင်း။ ။BURMA VJ MEDIA.